သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ဂလာတိ 3:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။ Common Language Bible သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။- Garrad Bible ခ ရစ် တော် ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သ မျှ သော သင် တို့ သည် ခ ရစ် တော် ကို ဝတ် ဆင် ပြီး ဖြစ် သည့် အ တိုင်း ယုံ ကြည် ခြင်း အား ဖြင့် ခ ရစ် တော် ယေ ရှု၌ ဘု ရား သ ခင့် သား များ ဖြစ် ကြ ၏။ Judson Bible အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ |
သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
ထိုသို့ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့် ဂရိလူမျိုး၊ ကျွန်နှင့် လွတ်လပ်သူ၊ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်း မရှိတော့ပေ။
ကျွန်ုပ်၏ မကျန်းမာခြင်းသည် သင်တို့အတွက် အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့သည် ကျွန်ုပ်ကို မထီမဲ့မြင်မပြုကြ။ ကျွန်ုပ်ကို မပစ်ပယ်ကြ။ ကျွန်ုပ်သည် ဘုရားသခင်၏ ကောင်းကင်တမန်ဖြစ်သကဲ့သို့လည်းကောင်း၊ ယေရှုခရစ်တော်ဖြစ်သကဲ့သို့လည်းကောင်း ကျွန်ုပ်ကို သင်တို့ကြိုဆိုလက်ခံခဲ့ကြ၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။
သင်တို့သည် ဘုရားသခင်ချစ်တော်မူသောသားသမီးများ ဖြစ်ကြသည့်အလျောက် ဘုရားသခင်ကို အတုယူကြလော့။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ထိုသို့ပြုလျှင် ဖောက်ပြန်ကောက်ကျစ်သည့်သူများ၏ အလယ်တွင် သင်တို့သည် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသားသမီးများ ဖြစ်ကြလိမ့်မည်။ ဤလောက၌ ထိုသူတို့၏ အလယ်တွင် ကြယ်များကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ကြကြောင်းနှင့် ယုံကြည်သူအပေါင်းတို့ကို ချစ်ကြကြောင်း ကျွန်ုပ်တို့ကြားသိရသောကြောင့် ဖြစ်၏။
ထို့ကြောင့် သင်တို့သည် ယေရှုခရစ်တော်ကို သခင်အဖြစ် လက်ခံကြသည့်အားလျော်စွာ ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောသူများအနေဖြင့် ဆက်လက် ပြုမူနေထိုင်ကြလော့။
ယေရှုခရစ်တော်၏ သတင်းကောင်းကို ဟောပြောသဖြင့် အကျဉ်းချခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီအစ်ကို တိမောသေတို့က ကျွန်ုပ်တို့၏ ချစ်ခင်ရသောမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဖိလေမုန်နှင့်
မေတ္တာဖြင့်သာ တောင်းပန်လို၏။ ယေရှုခရစ်တော်ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်ပေါလုသည်
အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။