ဂလာတိ 3:26 - မြန်မာ့စံမီသမ္မာကျမ်း26 အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 သင်တို့အပေါင်းသည်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ဘုရားသခင်၏သားများဖြစ် ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible26-27 ခ ရစ် တော် ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သ မျှ သော သင် တို့ သည် ခ ရစ် တော် ကို ဝတ် ဆင် ပြီး ဖြစ် သည့် အ တိုင်း ယုံ ကြည် ခြင်း အား ဖြင့် ခ ရစ် တော် ယေ ရှု၌ ဘု ရား သ ခင့် သား များ ဖြစ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible26 အဘယ်သို့နည်း ဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သား ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း26 သင်တို့အားလုံးသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသောကြောင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဤသည်ကား ကောက်ကျစ်၍ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၏အလယ်တွင် သင်တို့သည် ရိုးသားဖြူစင်လျက် အပြစ်တင်စရာမရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အသက်နှင့်ဆိုင်သောနှုတ်ကပတ်တော်ကိုစွဲကိုင်ထားလျက် ဤလောက၌ရှိသောအလင်းရောင်များကဲ့သို့ သူတို့အထဲတွင် ထွန်းလင်းကြမည့်အကြောင်းတည်း။