“ဤသူက ‘လူ့လက်ဖြင့် ဆောက်လုပ်သော ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူ့လက်ဖြင့် မဆောက်လုပ်သော ဗိမာန်တော်ကို သုံးရက်အတွင်း ငါတည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။
ကောလောသဲ 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်သောကြောင့် လူ့လက်ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်းကို ခံယူကြ၏။ ခရစ်တော်သည် သင်တို့၏ လူ့ဗီဇစိတ် အပြစ်ကို ဖယ်ရှားပြီး Common Language Bible ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လာကြ သောအခါ သင်တို့ဇာတိသဘောတရားမှ လွတ်မြောက်ခြင်းတည်းဟူသောခရစ်တော်၏ အရေဖျားလှီးမင်္ဂလာကိုခံယူကြပေသည်။ ဤအရေဖျားလှီးမင်္ဂလာကားကာယနှင့် ဆိုင်သောအရေဖျားလှီးခြင်းမဟုတ်။- Garrad Bible ထို အ ရှင် အား ဖြင့် လည်း သင် တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရာ၌ ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ၍ သူ သေ တို့ အ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ တော် မူ သော ဘု ရား သ ခင့် တန် ခိုး တော် အား ယုံ ကြည် ခြင်း ကြောင့် အ တူ ရှင် ပြန် ထ မြောက် ပြီး ဖြစ် ကြ သည် နှင့် အ ညီ လူ့ လက် ဖြင့် မ ဟုတ်၊ ရုပ် တ ရား တစ် ခ န္ဓာ လုံး ကို ချွတ် ပယ် ခြင်း တည်း ဟူ သော ခ ရစ် တော့် ဆိုင် ရာ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ရ ကြ ပြီ။ Judson Bible ခရစ်တော်၏ အရေဖျားလှီးခြင်းအားဖြင့် ဇာတိပကတိအပြစ်၏ ကိုယ်ကိုပယ်ရှင်း၍၊ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံကြသည်ဖြစ်၍၊- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်နှင့်ဆိုင်သောအရေဖျားလှီးခြင်းအားဖြင့် သွေးသားဇာတိနှင့်ဆိုင်သောကိုယ်ခန္ဓာကိုချွတ်ပယ်၍ လူ့လက်ဖြင့်မဟုတ်သောအရေဖျားလှီးခြင်းကို ထိုသခင်၌ခံယူကြ၏။ |
“ဤသူက ‘လူ့လက်ဖြင့် ဆောက်လုပ်သော ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူ့လက်ဖြင့် မဆောက်လုပ်သော ဗိမာန်တော်ကို သုံးရက်အတွင်း ငါတည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။
ရှစ်ရက်ပြည့်သောအခါ သူငယ်ကို အရေပြားလှီးခြင်းမင်္ဂလာပေး၍ ယေရှုဟု အမည်ပေးကြ၏။ ထိုအမည်မှာ ကိုယ်ဝန်မဆောင်မီကပင် ကောင်းကင်တမန်ပေးထားသောအမည် ဖြစ်၏။
ဘုရားသခင်သည် ကမ္ဘာလောကနှင့်တကွ ကမ္ဘာပေါ်တွင် ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကောင်းကင်နှင့်မြေကြီးတို့၏အရှင်သခင်ဖြစ်သောကြောင့် လူ့လက်ဖြင့် ဆောက်လုပ်သော ဘုံဗိမာန်တို့တွင် စံမြန်းတော်မမူ။
သို့သော် အမြင့်မြတ်ဆုံးသောဘုရားသည် လူသားတို့လက်ဖြင့် ဆောက်လုပ်သောအိမ်တော်တွင် မစံမြန်းပေ။ ထိုသို့ ထာဝရဘုရားက ပရောဖက်တစ်ပါးအားဖြင့် ဟောသည်မှာ
ဂျူးလူမျိုးအစစ်အမှန်မှာ ဘုရားသခင်ရှေ့တော်တွင် အတွင်းစိတ်နှလုံးမှန်ကန်သောသူဖြစ်၏။ စစ်မှန်သော အရေပြားလှီးခြင်းမင်္ဂလာသည်လည်း စာဖြင့်ရေးထားသောပညတ်တရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့် စိတ်နှလုံး၌အရေပြားလှီးခြင်းဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံမှလာသော ချီးမွမ်းခြင်းကိုခံရ၏။
ကျွန်ုပ်တို့၏ဘဝတွင် အပြစ်တရား၏ ကြီးစိုးခြင်းကို ဖျက်ဆီးရန်အတွက် အပြစ်ရှိသော ကျွန်ုပ်တို့၏ လူဟောင်းသည် ခရစ်တော်နှင့်အတူ အသေခံခဲ့ကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏ ကျေးကျွန် မဟုတ်တော့ပေ။
ဪ… စိတ်ပျက်ဖွယ်ကောင်းလေစွ။ သေခြင်းတရားကြီးစိုးသော ဤဘဝမှ ကျွန်ုပ်ကို မည်သူကယ်တင်မည်နည်း။
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်သော ယာယီတဲနှင့် တူ၏။ ဤယာယီတဲ ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသည့် ထာဝရအိမ်နှင့် တူသောကိုယ်ခန္ဓာသစ်ရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ယေရှုခရစ်တော်၏ လူတို့သည် လူ့ဗီဇစိတ်ကို ထိုဗီဇစိတ်၏ ပြင်းပြခြင်း၊ တပ်မက်ခြင်းတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ကြလေပြီ။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
ထိုသူတို့သည် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူထားသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ လူများဟု ထင်တတ်ကြ၏။ သို့သော် ကျွန်ုပ်တို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောလူများဖြစ်ကြ၏။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ အကူအညီဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ လူ့အားထုတ်မှုအပေါ် အားမကိုးဘဲ ယေရှုခရစ်တော် ပြုပေးသော အမှုအပေါ် အားကိုးကြ၏။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။