ကျမ်းစာ အပိုဒ်များ

ကြော်ငြာတွေ


အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

ဦးစာအုပ်

ဘုရားသခင်၏ ရုပ်တုဆင်းတုများအပေါ် စီရင်ခြင်းဘုရားသခင်၏တရားတော်နှင့် မှော်ပညာယုံတမ်းစကားနှင့် မှားယွင်းသော အယူအဆများနတ်ကိုးကွယ်မှုအတွက် ပူဇော်သက္ကာများယုံကြည်မှုအစွဲများရုပ်တုကိုးကွယ်မှုနှင့် မှားယွင်းသောနတ်ဘုရားများကို ငြင်းပယ်ခအောက်လမ်းပညာဝိညာဉ်ရေးရာ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းမျဝိညာဉ်ရေးရာ လှည့်ဖြားမှုများဘုရားအတုများကိုဖော်ထုတ်ခြင်းနတ်ကိုးကွယ်မှု အမှားအယွင်းများအဆောင်လက်ဖွဲ့တွေကို အားကိုးတာရဲ့ အန္တရာယ်များအစွဲအလမ်းတွေကို ဖြတ်တောက်နည်းဗေဒင်ဟောခြင်း၏ မှားယွင်းသော ယုံကြည်မှုများယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးစံများမှော်အတတ်နှင့် နတ်ဝိဇ္ဇာ အယူမှားများယုံကြည်ကိုးကွယ်မှု ၊ ဆန်တေးရီးယားဗေဒင်ပညာနှင့် ဟောကိန်းအပရမေတ္တာအယူမှားများကို စွန့်လွှတ်ရန်ဘုရားသခင်၏ ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ခြင်းဘုရားသခင်၏တန်ခိုး နှင့် မှော်အတတ်အောက်လိုက်စရာမဟုတ်တဲ့ မှော်ပညာတွေရဲ့ အန္တရာယ်များဝိညာဉ်နှင့် နတ်ဝင်သည်များ၏ မဟုတ်မမှန်ဇာတ်လမ်းများဝိညာဉ်ခေါ်ခြင်းရုပ်တုကိုးကွယ်မှု ပပျောက်ရေးနှင့် ယဇ်ပလ္လင်များ ဖျက်ဆီးခြင်းအတုအယောင်ပရောဖက်များနှင့် လှည့်စားမှုများမှော်အတတ်၏သွေးဆောင်မှုကို တွန်းလှန်နည်းမှော်အတတ်ပညာ ဆိုးကျိုးများကို ငြင်းဆန်ကြပါစို့ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာများကို စွန့်လွှတ်ခြင်း၏ အရေးမှော်အတတ်နှင့် ဂါထာမန္တန်များ၏ အလွဲသုံးစားမှုများဘုရားသခင်ကိုသာ ယုံကြည်ကိုးကွယ်ပါမှော်အတတ်ပညာ တားမြစ်ချက်ဗေဒင်ဟောစာတမ်းနှင့် နက္ခတ်ဗေဒင်များ၏ လှည့်ဖြားမှုများ

ဦးစာအုပ်

99 ကျမ်းစာထဲက နတ်ဝိဇ္ဇာအယူအဆများကို ပယ်ချတဲ့အခန်းငယ်များ


ထွက်​မြောက် 23:13

``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။

ယေ​ဇ​ကျေ​လ 20:7

ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-

၄ ရာ 17:12

ရုပ်​တု​ကို​ရှိ​မ​ခိုး​ဝတ်​မ​ပြု​ရ​ဟူ​သော ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ။

ဟော​ရှေ 4:12

သူ​တို့​သည်​သစ်​သား​နတ်​ဘု​ရား​ထံ​ဗေ​ဒင် မေး​ကြ​သည်။ တုတ်​ချောင်း​က​လူ​တို့​သိ​လို သ​မျှ​ကို​ပြော​ပြ​သည်။ သူ​တို့​သည်​ငါ့​ကို စွန့်​သွား​ကြ​ပြီ။ ပြည့်​တန်​ဆာ​မ​ဘ​ဝ​သို့ ရောက်​သော​မိန်း​မ​ကဲ့​သို့​သူ​တို့​သည်​အ​ခြား သော​ဘု​ရား​များ​ထံ​၌​ဆည်း​ကပ်​ကြ​၏။-

၃ ရာ 14:9

သင်​သည်​မိ​မိ​အ​လျင်​အုပ်​စိုး​ခဲ့​သော​မင်း​တို့ ၏​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ထက်​ပင် ပို​မို ကြီး​လေး​သော​အ​ပြစ်​များ​ကို​ကူး​လွန်​လေ ပြီ။ ငါ့​အား​ပစ်​ပယ်​ကာ​အ​ခြား​သော​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​၍ ရုပ်​တု​များ​ကို ပြု​လုပ်​ခြင်း​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို လှုံ့​ဆော်​လေ​ပြီ။-

ယေ​ဇ​ကျေ​လ 6:4

ယဇ်​ပလ္လင်​တို့​ကို​ဆွဲ​ချ​ဖျက်​ဆီး​၍​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ခွက်​တို့​ကို​ချိုး​ဖဲ့​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု များ​ရှေ့​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

ယေ​ရ​မိ 11:12

ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-

ယေ​ရ​မိ 7:9

သင်​တို့​သည်​ခိုး​ဝှက်​မှု၊ လူ​သတ်​မှု၊ သူ့​မ​ယား ကို​ပြစ်​မှား​မှု၊ ကျိန်​ဆို​၍​လိမ်​လည်​မှု၊ ဗာလ ဘု​ရား​ကို​ယဇ်​ပူ​ဇော်​မှု​နှင့်​မိ​မိ​တို့​မ​သိ ဘူး​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် မှု​တို့​ကို​ပြု​ကြ​၏။-

ထွက်​မြောက် 34:13

သင်​တို့​သည်​သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို ဖျက်​ရ​မည်။ သူ​တို့​၏​ဘု​ရား​ကျောက်​တိုင်​များ ကို​ဖျက်​ဆီး​ရ​မည်။ သူ​တို့​၏​အာ​ရှ​ရ​ဘု​ရား မ​သစ်​တိုင်​များ​ကို​ခုတ်​လှဲ​ရ​မည်။

ဟေ​ရှာ​ယ 57:6

ထို​အ​ရပ်​မှ​ချော​မွတ်​သည့်​ကျောက်​ခဲ​များ​ကို ယူ​၍ သင်​တို့​၏​ဘု​ရား​များ​အ​ဖြစ်​ကိုး​ကွယ် ကြ​၏။ သင်​တို့​သည်​စ​ပျစ်​ရည်​ကို​သွန်း​လောင်း​၍ ထို​ဘု​ရား​တို့​ကို​ပူ​ဇော်​ကြ​၏။ ဘော​ဇဉ်​သကာ​ကို ဆက်​သ​ကြ​၏။ ဤ​သို့​သင်​တို့​ပြု​သည်​ကို​ငါ နှစ်​သက်​တော်​မူ​သည်​ဟု သင်​တို့​ထင်​မှတ်​ကြ ပါ​သလော။-

၁ ရာ 15:23

ကိုယ်​တော်​အား​ပုန်​ကန်​ခြင်း​သည်​စုံး​အ​တတ် ကဲ့​သို့​ဆိုး​ရွား​၍ မောက်​မာ​ထောင်​လွှား​ခြင်း သည်​လည်း​ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း​ကဲ့​သို့ ပင်​အ​ပြစ်​ကြီး​၏။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​ပယ်​သော​ကြောင့် ကိုယ်​တော် သည်​သင့်​ကို​ဘု​ရင်​အ​ဖြစ်​မှ​ပယ်​တော်​မူ ပြီ'' ဟု​ဆို​၏။

ယေ​ဇ​ကျေ​လ 14:6

``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့။ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား​နောင်​တ​ရ​ကြ​လော့။ စက် ဆုပ်​ဖွယ်​ကောင်း​သော​သင်​တို့​၏​လုပ်​ရပ်​များ ကို​စွန့်​ပစ်​၍ ရုပ်​တု​တို့​ကို​ထား​ခဲ့​ကြ​လော့။''

၂ ရာ​ချုပ် 33:15

သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊-

ယေ​ရ​မိ 17:5

ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​ကို​လည်း​ကောင်း၊သေ​မျိုး​ဖြစ်​သော​သူ​၏ စွမ်း​ရည်​ကို​လည်း​ကောင်း​ယုံ​ကြည်​ကိုး​စား​၍၊ ငါ့​ကို​ကျော​ခိုင်း​သူ​အား​ငါ​ကျိန်​စာ​သင့်​စေ​မည်။

ထွက်​မြောက် 20:4-5

``မိုး​ကောင်း​ကင်​သတ္တ​ဝါ၊ မြေ​ကြီး​ပေါ်​ရှိ​သတ္တ​ဝါ၊ မြေ​ကြီး​အောက်​ရေ​ထဲ​ရှိ​သတ္တ​ဝါ​တို့​နှင့် ပုံ​သဏ္ဌာန် တူ​သော​ရုပ်​တု​ကို​သင်​တို့​အ​တွက်​မ​ထု​လုပ်​ရ။-

ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​၍ ငါ​နှင့်​ပြိုင်​ဘက်​ဟူ​၍​မ​ရှိ​စေ​ရ။ ထို့​ကြောင့် ရုပ်​တု​ကို​ဦး​မ​ချ၊ ဝတ်​မ​ပြု​ရ။ ငါ့​ကို​မုန်း​သော သူ​ကို သား​သ​မီး၊ မြေး၊ မြစ်​တိုင်​အောင်​ဒဏ်​ခတ် မည်။-

၂ ကော 6:16

ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​သည်​ရုပ်​တု​များ နှင့်​မည်​သို့​သ​ဘော​တူ​ညီ​ချက်​ရှိ​နိုင်​ပါ​အံ့ နည်း။ ငါ​တို့​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​ငါ​၏​လူ​စု​တော်​တွင်​ကျိန်း​ဝပ်​မည်။ သူ​တို့​ထံ​တွင်​စံ​တော်​မူ​မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​၍​သူ​တို့​သည် လည်း ငါ​၏​လူ​စု​တော်​ဖြစ်​လိမ့်​မည်''

ဟေ​ရှာ​ယ 57:3

အ​ချင်း​ဆိုး​ညစ်​၍​အ​ပြစ်​ကူး​သူ​တို့၊ တ​ရား စီ​ရင်​ခြင်း​ကို​ခံ​ရန်​ဤ​အ​ရပ်​သို့​လာ​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား သူ​များ၊ ပြည့်​တန်​ဆာ​များ၊ စုန်း​အ​တတ်​ပ​ညာ သည်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​၏။-

၄ ရာ 9:22

ယော​ရံ​က``သင်​သည်​ငြိမ်း​ချမ်း​စွာ​လာ သ​လော'' ဟု​မေး​တော်​မူ​၏။ ယေ​ဟု​က``သင်​၏​မိ​ခင်​ယေ​ဇ​ဗေ​လ​စ​တင် ကျင့်​သုံး​ခဲ့​သည့် စုန်း​အ​တတ်​နှင့်​ရုပ်​တု​ကိုး ကွယ်​မှု​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး အ​ဘယ် မှာ​ငြိမ်း​ချမ်း​မှု​ရှိ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​၏။

ဝတ်​ပြု 26:1

ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-

တ​ရား​ဟော 32:17

သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။

မဿဲ 4:10

ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အ​ချင်း​မာရ်​နတ်၊ ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လော့။ သင်​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​သာ​လျှင်​ဝတ်​ပြု​ရှိ​ခိုး​ရ​မည်။ ထို​အ​ရှင်​၏​အ​စေ​ကို​သာ​လျှင်​ခံ​ရ​မည်​ဟု ကျမ်း​စာ​လာ​သည်'' ဟု​မိန့်​တော်​မူ​၏။

တော​လည် 23:23

မှော်​အ​တတ်၊စုန်း​အ​တတ်​တို့​၏​အ​ကူ​အ​ညီ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို၊ အ​ဘယ်​သူ​မျှ​မ​တိုက်​ခိုက်​နိုင်။ ဘု​ရား​သ​ခင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ကျေး​ဇူး​ပြု​တော်​မူ​ပုံ​မှာ အံ့​သြ​ဘွယ်​ဟူ​၍​ဆို​စ​မှတ်​ပြု​ကြ​လိမ့်​မည်။

ယေ​ရ​မိ 50:2

``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည် အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။ အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။

ယေ​ဇ​ကျေ​လ 14:3

ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​သူ​တို့ သည်​ရုပ်​တု​များ​ကို​စွဲ​လမ်း​သော​စိတ်​ရှိ ၍ မိ​မိ​ရှေ့​တွင်​ထိ​မိ​၍​လဲ​စ​ရာ​ဖြစ်​စေ ကြ​ကုန်​ပြီ။ သူ​တို့​သည်​အ​ဖြေ​ကို​ငါ့​ထံ မှ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။

ဆာ​လံ 106:28

ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည် ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍ သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။

မိက္ခာ 5:13

ငါ​သည်​သင်​တို့​ဝတ်​ပြု​သော​ရုပ်​တု​များ​နှင့် ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​ကို​ဖျက်​ဆီး မည်။ နောက်​တစ်​ဖန်​သင်​တို့​သည်​သင်​တို့​လက် ဖြင့်​လုပ်​သော​အ​ရာ​များ​ကို​မ​ကိုး​ကွယ်​ရ။-

တ​ရား​ဟော 11:16

သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပယ်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​မ​ပြု​မ ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​လော့။-

ယေ​ရ​မိ 5:19

ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

၁ ကော 10:14

သို့​ဖြစ်​၍​ချစ်​သူ​တို့၊ ရုပ်​တု​ကိုး​ကွယ်​မှု​ကို ရှောင်​ကြဉ်​ကြ​လော့။-

၁ ရာ 12:21

ဘု​ရား​အ​တု​အ​ယောင်​တို့​နောက်​သို့​မ​လိုက်​ကြ နှင့်။ ထို​ဘု​ရား​များ​သည်​ဘု​ရား​အ​စစ်​မ​ဟုတ် သ​ဖြင့်​သင်​တို့​အား​ကူ​မ​ရန်​သော်​လည်း​ကောင်း၊ ကယ်​တင်​ရန်​သော်​လည်း​ကောင်း​မ​တတ်​နိုင်​ကြ။-

မဿဲ 6:24

``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။

၄ ရာ 17:15

သူ​တို့​သည်​ကိုယ်​တော်​၏​သြ​ဝါ​ဒ​တော်​တို့​ကို မ​နာ​ခံ​ကြ။ ဘိုး​ဘေး​တို့​နှင့်​ကိုယ်​တော်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​မ​စောင့်​ထိန်း​ကြ။ ကိုယ်​တော်​၏​သ​တိ​ပေး​ချက်​များ​ကို​လည်း ဂ​ရု​မ​စိုက်​ကြ။ သူ​တို့​သည်​အ​သုံး​မ​ကျ သည့်​အ​ရာ​များ​ကို​ကိုး​ကွယ်​သ​ဖြင့် အ​သုံး မ​ကျ​သူ​များ​ဖြစ်​လာ​ကြ​၏။ ထို့​ပြင်​ပတ် ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​၏​အ​တု​ကို​မ​ယူ ကြ​ရန် ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကို မ​လိုက်​နာ​ဘဲ ထို​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ များ​ကို​လိုက်​လျှောက်​ကျင့်​သုံး​ကြ​လေ သည်။-

ဟေ​ရှာ​ယ 45:16

ရုပ်​တု​များ​ကို​ပြု​လုပ်​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ ထို​သူ​အား​လုံး​ပင်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။

ဟော​ရှေ 4:17

ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​၌​စွဲ​လန်း​ကြ​၏။ ရှိ​စေ တော့။-

ယေ​ဇ​ကျေ​လ 37:23

သူ​တို့​သည်​နောက်​တစ်​ဖန်​စက်​ဆုပ်​ဖွယ်​ရာ ရုပ်​တု​များ​အား​ဖြင့်​မိ​မိ​တို့​ကို​မ​ညစ် ညမ်း​စေ​ရ။ အ​ပြစ်​ကူး​လွန်​မှု​အား​ဖြင့် စာ​ရိတ္တ​မ​ပျက်​စီး​ရ။ ငါ​သည်​သူ​တို့​အား အ​ပြစ်​ဒု​စ​ရိုက်​နှင့်​ဖောက်​ပြန်​မှု​အ​မျိုး မျိုး​မှ​ကယ်​တင်​၍​စင်​ကြယ်​စေ​မည်။ သူ​တို့ သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​၍​ငါ​သည် လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​လိမ့်​မည်။-

ဟေ​ရှာ​ယ 66:3

လူ​တို့​သည်​မိ​မိ​တို့​စိတ်​အ​လို​ဆန္ဒ​အ​တိုင်း ပြု​ကျင့်​တတ်​ကြ​၏။ သူ​တို့​အ​တွက်​နွား​ကို သတ်​၍​ယဇ်​ပူ​ဇော်​ခြင်း​သည်​လူ​ကို​သတ်​၍ ပူ​ဇော်​ခြင်း​နှင့်​အ​တူ​တူ​ဖြစ်​၏။ သိုး​ကို​ပူ ဇော်​ခြင်း​နှင့်​ခွေး​ကို​ပူ​ဇော်​ခြင်း​အ​တူ​တူ ဖြစ်​၏။ သီး​နှံ​ပူ​ဇော်​သ​ကာ​သည်​ဝက်​သွေး ပူ​ဇော်​သ​ကာ​နှင့်​တူ​၏။ နံ့​သာ​ပေါင်း​ကို​မီး ရှို့​ပူ​ဇော်​ခြင်း​သည်​ရုပ်​တု​ရှေ့​တွင်​ဆု​တောင်း ခြင်း​နှင့်​အ​တူ​တူ​ပင်​ဖြစ်​သည်။ သူ​တို့​သည် စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​ရာ​များ ၌​မွေ့​လျော်​တတ်​ကြ​၏။-

ယေ​ဇ​ကျေ​လ 8:10

ငါ​သည်​အ​ထဲ​သို့​ဝင်​၍​ကြည့်​၏။ တံ​တိုင်း​နံ​ရံ​များ​တွင်​တွား​သွား​သော​သတ္တ​ဝါ​ရုပ်​များ၊ အ​ခြား​မ​သန့်​စင်​သည့်​တိ​ရစ္ဆာန်​ရုပ်​များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သည့်​အ​ခြား​ရုပ်​တု​ပုံ​များ​ကို​ရေး​ဆွဲ​ထား​၏။-

ဟေ​ရှာ​ယ 1:29

သင်​သည်​သစ်​ပင်​များ​ကို​ဝတ်​ပြု​ရှိ​ခိုး​မိ​ခဲ့​သည့်​အ​တွက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​မိ​ခဲ့​သည့်​အ​တွက်​ဝမ်း​နည်း​ရ​လိမ့်​မည်။-

ဟော​ရှေ 13:2

သူ​တို့​သည်​အ​တတ်​ပ​ညာ​ရှင်​တို့​၏​အ​ကူ အ​ညီ​နှင့်​ငွေ​ရုပ်​တု​များ​ကို​သွန်း​လုပ်​ခြင်း အား​ဖြင့်​အ​ပြစ်​ပြု​မြဲ​ပြု​ကြ​လျက်​ရှိ​၏။ ထို​နောက်​သူ​တို့​က``ဤ​ရုပ်​တု​များ​ကို​ယဇ် ပူ​ဇော်​ကြ'' ဟု​ဆို​၏။ လူ​သည်​ထို​နွား​ရုပ် တု​များ​ကို​နမ်း​သင့်​ပါ​သ​လော။-

၃ ရာ 16:31

သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-

ယေ​ဇ​ကျေ​လ 20:8

သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-

ယေ​ဇ​ကျေ​လ 23:49

အ​ချင်း​ညီ​အစ်​မ​နှစ်​ယောက်​တို့၊ ငါ​သည်​သင်​တို့ အား​အ​ကျင့်​ပျက်​မှု၊ ရုပ်​တု​များ​အား​ရှိ​ခိုး​ဝတ် ပြု​မှု​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ ထို​အ​ခါ ငါ​သည်​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ဆာ​လံ 115:4-5

သူ​တို့​ဘု​ရား​များ​ကား​ရွှေ​ငွေ​ဖြင့်​ပြီး​၍ လူ့​လက်​ဖြင့် ပြု​လုပ်​သော​ဘု​ရား​များ​ဖြစ်​ကြ​၏။

ယင်း​တို့​သည်​နှုတ်​များ​ပါ​ရှိ​လျက်​နှင့်​စ​ကား မပြော​နိုင်။ မျက်​စိ​များ​ပါ​ရှိ​လျက်​နှင့်​မ​မြင်​နိုင်။

ယေ​ရ​မိ 8:19

နား​ထောင်​ကြ​လော့။ အ​လွန်​ဝေး​သော တစ်​တိုင်း​တစ်​ပြည်​တွင်​ငါ​၏​အ​မျိုး​သား များ ဟစ်​အော်​နေ​သံ​ကို​ငါ​ကြား​ရ​၏။ ``ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​တွင် ရှိ​တော်​မ​မူ​တော့​ပြီ​လော။ ဇိ​အုန်​မြို့​၏​ဘု​ရင်​သည်​ထို​မြို့​တွင်​မ​ရှိ​တော့ ပြီ​လော'' သူ​တို့​၏​ဘု​ရင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည် အ​ဘယ်​ကြောင့်​ရုပ်​တု​များ​နှင့်၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ပေး​ကြ​သနည်း'' ဟု​မိန့်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 36:18

သူ​တို့​သည်​လူ​သတ်​မှု​များ​ကူး​လွန်​၍​ရုပ်​တု များ​အား​ဖြင့် ထို​ပြည်​ကို​ညစ်​ညမ်း​စေ​သော ကြောင့်​ငါ​သည်​သူ​တို့​အား​ငါ​၏​အ​မျက် တော်​ဒဏ်​ကို​ခံ​စေ​ခဲ့​၏။-

ဆာ​လံ 31:6

ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။

ယေ​ရ​မိ 16:18

သူ​တို့​အား​မိ​မိ​တို့​အ​ပြစ်​နှင့်​ယုတ်​မာ​မှု များ​အ​တွက် နှစ်​ဆ​မျှ​ကြီး​လေး​သည့်​အ​ပြစ် ဒဏ်​ကို​ငါ​ပေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​တို့​သည်​လူ​သေ​သ​ဖွယ်​အ​သက်​မ​ရှိ​သည့် ရုပ်​တု​များ​အား​ဖြင့် ငါ​၏​ပြည်​တော်​ကို​ညစ် ညမ်း​စေ​လေ​ပြီ။ မိ​မိ​တို့​အား​ငါ​ပေး​အပ် သည့်​ပြည်​ကို​ဘု​ရား​အ​တု​အ​ယောင်​များ နှင့်​ပြည့်​နှက်​စေ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

ယေ​ရ​မိ 10:15

ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။

ယေ​ရ​မိ 10:2

ကိုယ်​တော်​က``သင်​တို့​သည်​လူ​မျိုး​ခြား​တို့​၏ ကျင့်​စဉ်​ကို​မ​လိုက်​မ​လျှောက်​ကြ​နှင့်။ မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သည့်​နိ​မိတ်​လက္ခ​ဏာ များ အ​တွက်​လူ​မျိုး​တ​ကာ​တို့​သည် ထိတ်​လန့်​ကြ​စေ​ကာ​မူ၊သင်​တို့​မ​ထိတ်​မ​လန့် ကြ​နှင့်။

ဝတ်​ပြု 19:31

``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ တို့​ထံ​မှ အ​ကြံ​ဉာဏ်​မ​တောင်း​ခံ​နှင့်။ ထို​သို့​ပြု လျှင်​သင်​တို့​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ ညစ်​ညမ်း​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

တ​ရား​ဟော 13:1-3

``သင်​တို့​တွင်​ပ​ရော​ဖက်​သို့​မ​ဟုတ် အိပ်​မက် ကို​ဖတ်​တတ်​သူ​တစ်​ဦး​ဦး​က၊-

သူ့​ကို​ကျောက်​ခဲ​နှင့်​ပစ်​၍​သတ်​ရ​မည်။ သင်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ပစ်​ပယ်​စေ​ရန်​သူ​သည်​သွေး​ဆောင် ခဲ့​၏။-

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ဤ​သ​တင်း​ကို​ကြား​ရ​သ​ဖြင့် မည်​သူ မျှ​ထို​ကဲ့​သို့​သော​ဒု​စ​ရိုက်​ကို​နောက်​တစ်​ဖန် ကူး​လွန်​ဝံ့​ကြ​မည်​မ​ဟုတ်​ချေ။''

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော မြို့​များ​တွင်​နေ​ထိုင် ကြ​သော​အ​ခါ​သင်​၏​အ​မျိုး​သား​ထဲ​မှ၊-

အ​ခြေ​မ​ရှိ​သူ​အ​ချို့​က​တစ်​မြို့​သား​ချင်း တို့​အား ယ​ခင်​က​သူ​တို့​ဝတ်​မ​ပြု​မ​ကိုး ကွယ်​ဘူး​သော ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး ကွယ်​ရန်​သွေး​ဆောင်​သည့်​သ​တင်း​ကို​ကြား မိ​လျှင်၊-

သင်​တို့​သည်​စေ့​စေ့​စပ်​စပ်​မေး​မြန်း​စုံ​စမ်း လော့။ ထို​ဒု​စ​ရိုက်​ကို​ဧ​ကန်​ပြု​ကြောင်း​စုံ စမ်း​သိ​ရှိ​ရ​သော်၊-

ထို​မြို့​သူ​မြို့​သား​အား​လုံး​နှင့်​သူ​တို့​၏​သိုး နွား​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ် သင်​ပစ်​ရ​မည်။ သူ​တို့​နေ​ထိုင်​ရာ​မြို့​ကို​လည်း လုံး​ဝ​ဖျက်​ဆီး​ပစ်​ရ​မည်။-

ထို​မြို့​သား​တို့​ပိုင်​သော​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့ ကို မြို့​စျေး​ကွက်​တွင်​စု​ပုံ​ရ​မည်။ ထို့​နောက်​မြို့ နှင့်​တ​ကွ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​မီး​ရှို့​ရ​မည်။ ထို​မြို့​ကို​အ​သစ်​တစ်​ဖန် မ​တည်​မ​ဆောက်​ရ။ မြို့​ပျက်​အ​ဖြစ်​အ​စဉ် တည်​ရှိ​စေ​ရ​မည်။-

ဖျက်​ဆီး​ပစ်​ရ​မည့်​အ​ရာ​တစ်​စုံ​တစ်​ခု​ကို မျှ သင်​တို့​အ​တွက်​သိမ်း​ဆည်း​မ​ထား​ရ။ ထို အ​တိုင်း​ဆောင်​ရွက်​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ပြေ​လျက် သင်​တို့​အား​သ​နား ကြင်​နာ​တော်​မူ​လိမ့်​မည်။ ငါ​ယ​နေ့​သင်​တို့ အား​မှာ​ကြား​သည့်​ပညတ်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​လျက် ကိုယ်​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​တို့​၏​ဘိုး​ဘေး တို့​အား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ကိုယ် တော်​သည်​သင်​တို့​ကို​သ​နား​ကြင်​နာ​၍ သင်​တို့​၏​လူ​မျိုး​ကို​တိုး​ပွား​များ​ပြား စေ​တော်​မူ​လိမ့်​မည်။''

သင်​တို့​ယ​ခင်​က​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ဘူး သော​ဘု​ရား​များ​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ရန် အ​လို့​ငှာ​နိ​မိတ်​လက္ခ​ဏာ​ကို​သော်​လည်း​ကောင်း၊ အံ့​ဖွယ်​သော​အ​မှု​ကို​သော်​လည်း​ကောင်း​ပြု​မည် ဟု​ပြော​လိမ့်​မည်။ သူ​ပြော​သည့်​အ​တိုင်း နိ​မိတ် လက္ခ​ဏာ​နှင့်​အံ့​ဖွယ်​သော​အ​မှု​ကို​ပြ​နိုင် သည့်​တိုင်​အောင်၊-

ထို​သူ​၏​စ​ကား​ကို​နား​မ​ထောင်​ရ။ သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​စိတ်​နှ​လုံး ဖြင့်​ချစ်​သည်​မ​ချစ်​သည်​ကို​သိ​နိုင်​ရန် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​သူ​အား​ဖြင့်​သင်​တို့​ကို​စစ်​ဆေး​ခြင်း ဖြစ်​၏။-

ဂ​လာ​တိ 5:19-20

လူ့​ဇာ​တိ​နှင့်​ဆိုင်​သော​အ​ပြု​အ​မူ​များ​မှာ သိ​သာ​ထင်​ရှား​၏။ ထို​အ​ရာ​များ​ကား​ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ ညစ်​ညမ်း​ခြင်း၊ အ​ကျင့် ပျက်​ခြင်း၊-

နား​ထောင်​ကြ​လော့။ ငါ​ပေါ​လု​ဆို​သည်​ကား အ​ကယ်​၍ သင်​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ ကို​ခံ​ကြ​မည်​ဆို​ပါ​က ခ​ရစ်​တော်​အား​ဖြင့် သင်​တို့​အ​ဘယ်​အ​ကျိုး​ကို​မျှ​မ​ရ​နိုင်​ကြ။-

ရုပ်​တု​ကို​ကိုး​ကွယ်​ခြင်း၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား ခြင်း၊ ရန်​ငြိုး​ဖွဲ့​ခြင်း၊ ခိုက်​ရန်​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ကြီး​ပွား​ကျော်​ကြား​လို​စိတ် ရှိ​ခြင်း၊ စိတ်​ဝမ်း​ကွဲ​ခြင်း၊ ဂိုဏ်း​ခွဲ​ခြင်း၊-

၄ ရာ 23:24

ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​တွင် ယဇ်​ပု​ရော​ဟိတ် မင်း​တွေ့​ရှိ​ခဲ့​သည့်​ကျမ်း​စာ​တော်​၌​ဖော်​ပြ​ထား သော​ပ​ညတ်​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန် ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​တစ်​ပြည်​လုံး​၌​တွေ့ ရှိ​သ​မျှ​နတ်​ဝင်​သည်​များ၊ ဗေ​ဒင်​ဆ​ရာ​များ၊ အိမ်​စောင့်​နတ်​အ​ရုပ်​များ၊ ရုပ်​တု​များ​နှင့် အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဝတ္ထု​ပစ္စည်း​များ ကို​ဖယ်​ရှား​တော်​မူ​၏။-

ဝတ်​ပြု 18:21

သင်​၏​သား​သ​မီး​တို့​ကို​မော​လုတ်​ဘု​ရား​အား မီး​ရှို့​ပူ​ဇော်​ရန်​မ​အပ်​နှင့်။ ထို​သို့​ပြု​ခြင်း​ဖြင့် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​မ​ရှုတ်​ချ​ရ။-

ယေ​ရ​မိ 14:14

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က``ပ​ရော​ဖက်​တို့ သည် ငါ​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ လိမ်​လည် ပြော​ဆို​နေ​ကြ​ခြင်း​ဖြစ်​သည်။ ငါ​သည်​သူ​တို့ ကို​မ​စေ​လွှတ်​ခဲ့။ သူ​တို့​အား​အ​ဘယ်​သို့​မျှ လည်း​မ​မှာ​ကြား။ အ​ဘယ်​ဗျာ​ဒိတ်​ကို​မျှ လည်း​ငါ​မ​ပေး​ခဲ့။ သူ​တို့​ဖော်​ပြ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​တို့​သည်​ငါ​ပြ​သည့်​ရူ​ပါ​ရုံ​များ မ​ဟုတ်။ သူ​တို့​ကြို​တင်​ဟော​ပြော​မှု​များ သည်​အ​ချည်း​နှီး​ဟော​ပြော​မှု​များ​သာ လျှင်​ဖြစ်​၏။-

ထွက်​မြောက် 20:3

``ငါ​မှ​လွဲ​၍ အ​ခြား​သော​ဘု​ရား​ကို​မ​ကိုး ကွယ်​ရ။

၂ ရာ​ချုပ် 33:9

မ​နာ​ရှေ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ချီ​တက်​စဉ်​က ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော် မူ​လိုက်​သည့်​လူ​မျိုး​တို့​ထက်​ပို​၍​ပြစ်​မှား စေ​ရန် ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​ရှေ့ ဆောင်​လမ်း​ပြ​၏။

ဗျာ​ဒိတ် 22:15

သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။

ယေ​ရ​မိ 27:10

သူ​တို့​သည်​သင်​တို့​အား​လိမ်​လည်​ဟော​ပြော လျက်​နေ​ကြ​၏။ ထို့​ကြောင့်​သင်​တို့​သည်​မိ​မိ တို့​ပြည်​မှ​ရပ်​ဝေး​သို့​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ လိမ့်​မည်။ ငါ​သည်​လည်း​သင်​တို့​ကို​နှင်​ထုတ် မည်။ သင်​တို့​သည်​သေ​ကြေ​ပျက်​စီး​ကြ​လိမ့် မည်။-

၁ ယော 4:1

ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-

မိက္ခာ 5:12

ငါ​သည်​သင်​တို့​ဆောင်​ထား​သော​အင်း​အိုင် လက်​ဖွဲ့​များ​ကို​ဖျက်​ဆီး​သ​ဖြင့် သင်​တို့​တွင် ဗေ​ဒင်​ဟော​သူ​မ​ရှိ​စေ​ရ။-

ထွက်​မြောက် 22:18

``စုံး​မ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။

တ​ရား​ဟော 18:10-12

သင်​တို့​၏​သား​သ​မီး​များ​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​မ​ပူ​ဇော်​ရ။ သင်​တို့​သည်​မှော်​အ​တတ်၊ ဗေ​ဒင်​အ​တတ်၊ စုန်း​က​ဝေ​အ​တတ်၊-

အင်း​အိုင်​လက်​ဖွဲ့​စီ​ရင်​သည့်​အ​တတ်​နှင့်​သေ သူ​တို့​ထံ မေး​မြန်း​သည့်​အ​တတ်​တို့​ကို​မ​ကျင့် သုံး​ရ။-

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​ကဲ့​သို့​သော​ဋ္ဌ​လေ့​ကို​ကျင့်​သော​လူ​မျိုး​များ ကို​ရွံ​ရှာ​တော်​မူ​သော​ကြောင့် သင်​တို့​ချီ​တက် ရာ​လမ်း​ကြောင်း​မှ​သူ​တို့​ကို​နှင်​ထုတ်​လျက် ရှိ​တော်​မူ​၏။-

ဝတ်​ပြု 20:6

``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ​တို့​ထံ​မှ အ​ကြံ​ဉာဏ်​တောင်း​ခံ​သူ​ကို​ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-

ဟေ​ရှာ​ယ 8:19

လူ​တို့​သည်​ဖတ်​ရွတ်​သ​ရဇ္စျာယ်​တတ်​သူ​ဗေ​ဒင် ဆ​ရာ​များ​နှင့် နတ်​ဝင်​သည်​တို့​အား​စုံ​စမ်း မေး​မြန်း​ရန်​သင်​တို့​အား​ပြော​ကြ​လိမ့်​မည်။ သူ​တို့​က``လူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကိုယ်​စား​သေ​သူ​တို့​၏​ဝိ​ညာဉ်​များ​ကို​မေး မြန်း​စုံ​စမ်း​အပ်​သည်'' ဟု​ဆို​ကြ​လိမ့်​မည်။

၁ ရာ 28:7

ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က``အင်္ဒေါ​ရ​မြို့​တွင်​နတ်​ဝင်​သည်​မ တစ်​ယောက်​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။

၄ ရာ 21:6

မိ​မိ​၏​သား​တော်​ကို​လည်း မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ယဇ်​ပူ​ဇော်​၏။ နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​လေ့​လာ​၍ ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​တို့​ကို​တိုင်​ပင်​၏။ သူ​သည်​ထာ​ဝရ ဘု​ရား​အား များ​စွာ​ပြစ်​မှား​၍​အ​မျက်​တော် ကို​လှုံ့​ဆော်​လေ​သည်။-

၂ ရာ​ချုပ် 33:6

မိ​မိ​၏​သား​တော်​များ​ကို​ဟိန္နုံ​ချိုင့်​တွင်​မီး​ဖြင့် ပူ​ဇော်​၏။ မင်း​ကြီး​သည်​နတ်​ဝိဇ္ဇာ​အ​တတ်​နှင့်​မှော် အ​တတ်​များ​ကို​ကျင့်​သုံး​၍​ဗေ​ဒင်​ဆရာ​နှင့်​နတ် ဝင်​သည့်​သူ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​များ​ကို​တောင်း ယူ​တတ်​လေ​သည်။ သူ​သည်​ထာ​ဝရ​ဘုရား​အား လွန်​စွာ​ပြစ်​မှား​၍​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​၏။-

ဝတ်​ပြု 20:27

``သေ​လွန်​သူ​တို့​၏​ဝိ​ညာဉ်​များ​နှင့်​တိုင်​ပင်​သော​အ​မျိုး​သား​ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ သူ​သည်​သေ​ထိုက်​သော​အပြစ်​ကို​ကူး​လွန်​၏'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 47:13

သင့်​မှာ​အ​ကြံ​ပေး​အ​ရာ​ရှိ​အ​မြောက်​အ​မြား ရှိ​ပါ​သော်​လည်း၊သင်​သည်​အ​ဘယ်​သို့​မျှ မ​တတ်​နိုင်။ ကြယ်​တာ​ရာ​တို့​ကို​ကြည့်​ရှု​လေ့​လာ​သူ​များ မိုး​ကောင်း​ကင်​တွင်​ဇုံ​နယ်​များ​ဆွဲ​ကာ၊ တစ်​လ​ပြီး​တစ်​လ​ဖြစ်​ပျက်​မည့်​အ​မှု​အ​ရာ များ​ကို သင့်​အား​ကြို​တင်​ဖော်​ပြ​ကြ​သူ၊ သင်​၏​အ​ကြံ​ပေး​အ​ရာ​ရှိ​များ​သည်​လာ​၍ သင့်​ကို​ကယ်​ကြ​ပါ​လေ​စေ။

ယေ​ရ​မိ 27:9

အိပ်​မက်​အ​နက်​ဖွင့်​သူ​များ၊ လူ​သေ​ဝိ​ညာဉ် များ​ကို​ခေါ်​ယူ​၍ မှော်​အ​တတ်​အား​ဖြင့် အ​နာ​ဂတ်​ကို​ဟော​နိုင်​သည်​ဟု​ဆို​သူ​များ၊ သို့​မ​ဟုတ်​သင်​တို့​၏​ပ​ရော​ဖက်​များ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ​တို့ အား​လုံး​ပင်​လျှင်​သင်​တို့​အား​ဗာ​ဗု​လုန် ဘု​ရင်​၏​အ​စေ​ကို​မ​ခံ​ရန်​ပြော​ကြား ကြ​၏။-

တမန်တော်ဝတ္ထု 16:16-18

တစ်​နေ့​သ​၌​ကျွန်ုပ်​တို့​သည်​ဆု​တောင်း​ပတ္ထနာ ပြု​ရာ​အ​ရပ်​သို့​သွား​ကြ​စဉ် ဗေ​ဒင်​ဟော​နိုင် သော​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ၊ ငွေ​ဝယ်​ကျွန်​မိန်း​မ ငယ်​တစ်​ယောက်​နှင့်​တွေ့​ဆုံ​၏။ သူ​သည်​ဤ​သို့ ဗေ​ဒင်​ဟော​ပြော​ခြင်း​ဖြင့် မိ​မိ​၏​သ​ခင်​ဖြစ် သူ​တို့​အား​ကြေး​ငွေ​အ​မြောက်​အ​မြား ရ​ရှိ​စေ​၏။-

ထို​ကျွန်​မ​သည်​ပေါ​လု​နှင့်​ကျွန်ုပ်​တို့​နောက် သို့​လိုက်​လျက် ``ဤ​သူ​တို့​ကား​အ​မြင့်​ဆုံး သော​ဘု​ရား​၏​အ​စေ​ခံ​များ​ဖြစ်​၍ သင်​တို့ အား​ကယ်​တင်​ခြင်း​တ​ရား​ကို​ဟော​ပြော သူ​များ​တည်း'' ဟု​ဟစ်​အော်​လေ​၏။-

ထို​သူ​ငယ်​မ​သည်​ဤ​သို့​ရက်​ပေါင်း​များ​စွာ ဟစ်​အော်​လျက်​နေ​သ​ဖြင့် ပေါ​လု​သည်​လွန်​စွာ စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​ရ​ကား နောက်​သို့​လှည့် ၍ ``သင်​သည်​သူ​ငယ်​မ​အ​ထဲ​မှ​ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ သင့် အား​ငါ​အ​မိန့်​ပေး​၏'' ဟု​နတ်​မိစ္ဆာ​အား​ဆို​၏။ ထို​ခ​ဏ​၌​ပင်​လျှင်​နတ်​မိစ္ဆာ​သည်​ထွက်​သွား ၏။-

တ​ရား​ဟော 4:19

မိုး​ကောင်း​ကင်​တွင်​မြင်​ရ​သော​နေ၊ လ​နှင့် ကြယ်​နက္ခတ်​စ​သည်​များ​ကို​လည်း​ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည်​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​အား ထို အ​ရာ​များ​ကို​ကိုး​ကွယ်​ခွင့်​ပေး​တော်​မူ​၏။-

၁ တိ 4:1

နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-

၂ ကော 11:14

သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-

ဗျာ​ဒိတ် 21:8

သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 8:20

ထို​အ​ခါ​သင်​တို့​က``ထာ​ဝ​ရ​ဘု​ရား​၏ သွန်​သင်​တော်​မူ​ချက်​ကို​နား​ထောင်​ကြ။ သူ တို့​ပြော​ဆို​သော​စ​ကား​များ​သည်​သင်​တို့ အ​တွက်​အ​ကျိုး​မ​ရှိ'' ဟု​ပြန်​ပြော​ကြ လော့။

မိက္ခာ 3:7

အ​နာ​ဂတ်​ကို​ဟော​သူ​တို့​သည်​ဟော​ကိန်း မ​မှန်​သ​ဖြင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဗျာ​ဒိတ်​မ​ခံ ရ​သ​ဖြင့်​အ​သ​ရေ​ပျက်​ကြ​လိမ့်​မည်။

ဝတ်​ပြု 19:4

``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။

ယေ​ဇ​ကျေ​လ 13:23

သို့​ဖြစ်​၍ သင်​တို့​သည်​သင်​တို့​၏​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​ရ​တော့​မည် မ​ဟုတ်။ မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ သည့်​ဗျာ​ဒိတ်​စ​ကား​များ​ကို​ဟော​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​စေ​ရန်​ငါ ၏​လူ​မျိုး​တော်​အား​သင်​တို့​လက်​မှ ငါ​ကယ်​ဆယ်​မည်'' ဟူ​၍​တည်း။

မဿဲ 7:15

``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-

ဟေ​ရှာ​ယ 29:4

ယေ​ရု​ရှ​လင်​မြို့​သည်​မြေ​သင်္ချိုင်း​တွင်း​၌ စ​ကား​ပြော​ရန် ရုန်း​ကန်​အား​ထုတ်​လျက်​နေ သည့်​တစ္ဆေ​နှင့်​တူ​လိမ့်​မည်။ ထို​မြို့​၏​အ​သံ သည်​လည်း​ဖုတ်​တော​ထဲ​မှ မ​ပီ​မ​သ​ထွက် ပေါ်​လာ​သော​တိုး​ညှင်း​သော​အ​သံ​ဖြစ် လိမ့်​မည်။

တမန်တော်ဝတ္ထု 19:19

မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။-

တ​ရား​ဟော 18:14

ထို့​နောက်​မော​ရှေ​က``သင်​တို့​သိမ်း​ယူ​မည့်​ပြည် တွင်​နေ​ထိုင်​သူ​တို့​သည်​မှော်​ဆ​ရာ၊ ဗေ​ဒင် ဆ​ရာ​တို့​ထံ​မှ​အ​ကြံ​ဉာဏ်​တောင်း​ခံ​လေ့ ရှိ​ကြ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​တောင်း​ခံ​ခြင်း ကို​သင်​တို့​အား​ခွင့်​ပြု​တော်​မ​မူ။-

ယေ​ရ​မိ 23:32

ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့်​စ​ကား ကို​နား​ထောင်​ကြ​လော့။ မု​သား​အ​ပြည့်​ပါ​သည့် မိ​မိ​တို့​၏​အိပ်​မက်​များ​အ​ကြောင်း​ကို​ဟော ပြော​ကြ​သော​ပ​ရော​ဖက်​တို့​ကို​ငါ​ဆန့်​ကျင် ဘက်​ပြု​မည်။ သူ​တို့​သည်​ထို​အိပ်​မက်​များ​ကို လိမ်​လည်​ကြွား​ဝါ​ဟော​ပြော​ခြင်း​အား​ဖြင့် ငါ ၏​လူ​မျိုး​တော်​အား​လမ်း​လွဲ​စေ​ကြ​၏။ ငါ သည်​သူ​တို့​အား​မ​စေ​လွှတ်​ခဲ့။ သွား​ရန်​လည်း အ​မိန့်​မ​ပေး​ခဲ့။ သို့​ဖြစ်​၍​သူ​တို့​သည်​လူ​တို့ အ​တွက်​အ​ဘယ်​သို့​မျှ​အ​ကျိုး​မ​ပြု​ကြ။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ဟေ​ရှာ​ယ 44:25

ငါ​သည်​ဗေ​ဒင်​ဆ​ရာ​တို့​ကို​အ​ရူး​ဖြစ်​စေ​၍ နက္ခတ်​ဆ​ရာ​တို့​၏​ဟော​ကြား​ချက်​များ​ကို ပျက်​ပြား​စေ​၏။ ပ​ညာ​ရှိ​တို့​၏​စ​ကား​များ​ကို​ချေ​ပ​၍​သူ​တို့ ပ​ညာ​ရှိ​မှု​သည်​မိုက်​မဲ​မှု​ဖြစ်​နေ​ပုံ​ကို​ပြ​သ ပေး​၏။

၂ ပေ 2:1

ဣ​သ​ရေ​လ​လူ​မျိုး​တွင်​မိစ္ဆာ​ပ​ရော​ဖက်​များ ပေါ်​ပေါက်​ခဲ့​သည်​နည်း​တူ သင်​တို့​တွင်​လည်း မိစ္ဆာ​ဆရာ​များ​ပေါ်​ပေါက်​လာ​ကြ​လိမ့်​မည်။ သူ တို့​သည်​အ​ကျိုး​ယုတ်​စေ​သော​မှား​ယွင်း​သည့် အ​ယူ​ဝါ​ဒ​များ​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင် လာ​ပြီး​လျှင် မိ​မိ​တို့​အား​ရွေး​နှုတ်​ကယ်​တင် တော်​မူ​သော​အ​ရှင်​ကို​ပင်​လျှင်​ပစ်​ပယ်​ကြ လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ တို့​အ​ပေါ်​တွင် ပျက်​စီး​ခြင်း​ဘေး​လျင်​မြန် စွာ​ရောက်​စေ​ကြ​လိမ့်​မည်။-

ယေ​ဇ​ကျေ​လ 13:6

သူ​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သူ​တို့​ကြို​တင်​ဟော​ကြား​ချက် များ​သည်​လည်း​မု​သား​စ​ကား​များ​ဖြစ်​၏။ ထာ​ဝရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ​သော်​လည်း ထို​ဗျာ​ဒိတ်​ကို​ငါ​မ​ပေး ခဲ့။ သို့​ပါ​လျက်​သူ​တို့​သည်​ဟော​ကြား​သည့် အ​တိုင်း​ဖြစ်​ပျက်​လိမ့်​မည်​ဟု​စောင့်​စား​ကြ ပါ​သည်​တ​ကား။-

၁ ကော 10:20-21

ဤ​သို့​ငါ​မ​ဆို​လို။ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ် သူ​တို့​ပူ​ဇော်​သော​ယဇ်​သည် နတ်​မိစ္ဆာ​များ​အား​ပူ ဇော်​သော​ယဇ်​သာ​လျှင်​ဖြစ်​၍ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သော​ယဇ်​မ​ဟုတ်​ကြောင်း​ကို​သာ​လျှင်​ငါ ဆို​လို​၏။ ငါ​သည်​သင်​တို့​အား​နတ်​မိစ္ဆာ​များ​နှင့် မ​ဆက်​ဆံ​စေ​လို။-

သင်​တို့​သည်​သ​ခင်​ဘု​ရား​၏​ခွက်​ဖ​လား​မှ စ​ပျစ်​ရည်​ကို​သောက်​၍ နတ်​မိစ္ဆာ​၏​ခွက်​ဖ​လား မှ​စ​ပျစ်​ရည်​ကို​လည်း​မ​သောက်​နိုင်။ သ​ခင် ဘု​ရား​၏​စား​ပွဲ​တော်​၌​စား​၍​နတ်​မိစ္ဆာ​များ ၏​စား​ပွဲ​၌​လည်း​မ​စား​နိုင်။-

မဿဲ 24:24

မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။-

ဟေ​ရှာ​ယ 2:6

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ယာ​ကုပ်​၏ သား​မြေး​များ​ဖြစ်​သည့်​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​အား​စွန့်​ပစ်​တော်​မူ​ပါ​ပြီ။ သူ​တို့​၏​ပြည် သည်​လည်း​အ​ရှေ့​နိုင်​ငံ​သား​များ၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​၏​မှော်​အ​တတ်​ကို​ကျင့်​သုံး သူ​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ပြည်​သူ တို့​သည်​နိုင်​ငံ​ခြား​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​လျှောက်​ကြ​ပါ​၏။-

ဆာ​လံ 106:36-37

ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။

သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။

ယေ​ရ​မိ 29:8

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သခင် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သ​တိ ပေး​တော်​မူ​၏။ သင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ ပ​ရော​ဖက်​များ၊ အ​ခြား​အ​နာ​ဂတ်​ဟော​သည့် ဆ​ရာ​များ​၏​လိမ်​လည်​လှည့်​စား​မှု​ကို​မ​ခံ ကြ​နှင့်။ သူ​တို့​၏​အိပ်​မက်​များ​ကို​လည်း​မည် သို့​မျှ​ပ​မာ​ဏ​မ​ပြု​ကြ​နှင့်။-

၁ ရာ​ချုပ် 10:13

ရှော​လု​မင်း​ကွယ်​လွန်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​ပေါ်​သစ္စာ​ဖောက် သော​ကြောင့်​ဖြစ်​၏။ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​တို့​ကို​လွန်​ဆန်​ခဲ့​၏။-

ဧ​ဖက် 6:12

ငါ​တို့​သည်​လူ​သတ္တ​ဝါ​တို့​နှင့်​ဆိုင်​ပြိုင်​တိုက်​ခိုက် ကြ​ရ​သည်​မ​ဟုတ်။ ကောင်း​ကင်​လောက​မှ​ဆိုး ယုတ်​သော​ဝိ​ညာဉ်​တန်​ခိုး​ရှင်​နှင့်​လည်း​ကောင်း၊ ဤ​အ​မှောင်​လော​က​ကို​အ​စိုး​ရ​သူ​များ၊ တန်​ခိုး ရှင်​များ၊ အာ​ဏာ​ပိုင်​များ​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​ခိုက်​ကြ​ရ​၏။-

၁ ရာ 28:8

ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။

၄ ရာ 21:2

မ​နာ​ရှေ​သည်​ခါ​နာန်​ပြည်​သို့​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ချီ​တက်​လာ​ချိန်​၌ ထာ​ဝ​ရ​ဘု​ရား​နှင် ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ရွံ​ရှာ​ဖွယ်​ဋ္ဌ​လေ့ များ​ကို​ကျင့်​သုံး​၍​ကိုယ်​တော်​အား​ပြစ်​မှား ၏။-

ဦးစာအုပ်

ဘုရားသခင်၏ ရုပ်တုဆင်းတုများအပေါ် စီရင်ခြင်းဘုရားသခင်၏တရားတော်နှင့် မှော်ပညာယုံတမ်းစကားနှင့် မှားယွင်းသော အယူအဆများနတ်ကိုးကွယ်မှုအတွက် ပူဇော်သက္ကာများယုံကြည်မှုအစွဲများရုပ်တုကိုးကွယ်မှုနှင့် မှားယွင်းသောနတ်ဘုရားများကို ငြင်းပယ်ခအောက်လမ်းပညာဝိညာဉ်ရေးရာ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းမျဝိညာဉ်ရေးရာ လှည့်ဖြားမှုများဘုရားအတုများကိုဖော်ထုတ်ခြင်းနတ်ကိုးကွယ်မှု အမှားအယွင်းများအဆောင်လက်ဖွဲ့တွေကို အားကိုးတာရဲ့ အန္တရာယ်များအစွဲအလမ်းတွေကို ဖြတ်တောက်နည်းဗေဒင်ဟောခြင်း၏ မှားယွင်းသော ယုံကြည်မှုများယုံကြည်ကိုးကွယ်မှု ဓလေ့ထုံးစံများမှော်အတတ်နှင့် နတ်ဝိဇ္ဇာ အယူမှားများယုံကြည်ကိုးကွယ်မှု ၊ ဆန်တေးရီးယားဗေဒင်ပညာနှင့် ဟောကိန်းအပရမေတ္တာအယူမှားများကို စွန့်လွှတ်ရန်ဘုရားသခင်၏ ရုပ်တုကိုးကွယ်မှုကို ငြင်းပယ်ခြင်းဘုရားသခင်၏တန်ခိုး နှင့် မှော်အတတ်အောက်လိုက်စရာမဟုတ်တဲ့ မှော်ပညာတွေရဲ့ အန္တရာယ်များဝိညာဉ်နှင့် နတ်ဝင်သည်များ၏ မဟုတ်မမှန်ဇာတ်လမ်းများဝိညာဉ်ခေါ်ခြင်းရုပ်တုကိုးကွယ်မှု ပပျောက်ရေးနှင့် ယဇ်ပလ္လင်များ ဖျက်ဆီးခြင်းအတုအယောင်ပရောဖက်များနှင့် လှည့်စားမှုများမှော်အတတ်၏သွေးဆောင်မှုကို တွန်းလှန်နည်းမှော်အတတ်ပညာ ဆိုးကျိုးများကို ငြင်းဆန်ကြပါစို့ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာများကို စွန့်လွှတ်ခြင်း၏ အရေးမှော်အတတ်နှင့် ဂါထာမန္တန်များ၏ အလွဲသုံးစားမှုများဘုရားသခင်ကိုသာ ယုံကြည်ကိုးကွယ်ပါမှော်အတတ်ပညာ တားမြစ်ချက်ဗေဒင်ဟောစာတမ်းနှင့် နက္ခတ်ဗေဒင်များ၏ လှည့်ဖြားမှုများ