Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 26:1 - Common Language Bible

1 ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​သည်​ရုပ်​တု​များ၊ ကျောက်​တိုင်​များ၊ ကျောက်​ရုပ်​များ​ကို​ထု​လုပ် ၍​မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သော ကြောင့် မိ စ္ဆာ ဘု ရား ရုပ် လုပ် ခြင်း၊ ရုပ် ပွား နှင့် ကျောက် တိုင် တည် စိုက် ခြင်း၊ နေ ပြည် တွင် ရုပ် လုံး ပေါ် ကျောက် ကို ရှိ ခိုး ရန် ထား ခြင်း များ ကို မ ပြု ကြ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သင်​တို့​သည် ကိုယ်​အ​ဖို့​ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​ကို မ​ရှိ​စေ​ရ။ သင်​တို့​ပြည်၌​ကိုး​ကွယ်​စ​ရာ မှတ်​တိုင်​ကို​မ​စိုက်​ရ။ ထု​သော​ကျောက်​ကို ထောင်၍​မ​ထား​ရ။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သင်​တို့​အဖို့ ရုပ်တု​များ​ကို မ​ပြုလုပ်​ရ​။ ဆင်းတု​ကို မ​ထွင်းထု​ရ​။ ကျောက်တိုင်​ကို မ​စိုက်ထူ​ရ​။ သင်​တို့​၏​ပြည်​၌ ကျောက်ဆစ်​ရုပ်တု​ကို​သင်​တို့​ရှိခိုးကိုးကွယ်​ဖို့ မ​ထား​ရ​။ အကြောင်းမူကား ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 26:1
30 ပူးပေါင်းရင်းမြစ်များ  

တောင်​ကုန်း​ရှိ​သ​မျှ​တို့​တွင်​လည်း​ကောင်း၊ အ​ရိပ် ကောင်း​သည့်​သစ်​ပင်​ရှိ​သ​မျှ​တို့​၏​အောက်​တွင် လည်း​ကောင်း၊ ကျောက်​တိုင်​များ​နှင့်​အာ​ရှ​ရ​ဘု​ရား မ​၏​တံ​ခွန်​တိုင်​များ​ကို​ထား​ရှိ​ကြ​၏။-


သူ​တို့​သည်​မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​ချိုး​ဖောက် ကြ​လျက် ကိုး​ကွယ်​ရန်​နွား​လား​ဥ​သ​ဘ​ရုပ် နှစ်​ကောင်​ကို​သွန်း​လုပ်​ကြ​၏။ သူ​တို့​သည် အာ​ရှ​ရ​ဘု​ရား​မ​ရုပ်​တု​ကို​လည်း​ပြု​လုပ် ကြ​၏။ ကြယ်​နက္ခတ်​များ​ကို​ရှိ​ခိုး​၍​ဗာ​လ ဘု​ရား​ကို​ကိုး​ကွယ်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ချီ​တက်​လာ ချိန်​၌ ကိုယ်​တော်​နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​လျှောက်​ကြ ၏။ ဣသ​ရေ​လ​ဘု​ရင်​တို့​တီ​ထွင်​ခဲ့​သည့် ဋ္ဌ​လေ့ ထုံး​စံ​များ​ကို​ခံ​ယူ​ကျင့်​သုံး​ကြ​၏။-


သူ​တို့​သည်​မိစ္ဆာ​နတ်​ဘု​ရား​တို့​ကို​ဝတ်​ပြု ကိုး​ကွယ်​ရာ ဌာ​န​များ​ထား​ရှိ​ခြင်း​အား​ဖြင့်​ကိုယ်​တော်​အား အ​မျက်​ထွက်​စေ​ကြ​၏။ ရုပ်​တု​များ​အား​ဖြင့်​ကိုယ်​တော်​အား ဒေါ​သ​ထွက်​စေ​ကြ​၏။


ရုပ်​တု​များ​ကို​ရှိ​ခိုး​ဝတ်​ပြု​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ရ​ကြ​၏။ ဘု​ရား​ရှိ​သ​မျှ​တို့​သည်​လည်း​ကိုယ်​တော်​၏ ရှေ့​တော်​၌​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​၏။


သင်​တို့​သည်​ငါ့​ကို​သာ​ကိုး​ကွယ်​ရ​မည်။ ငွေ ရုပ်​တု၊ ရွှေ​ရုပ်​တု​ဘု​ရား​များ​ကို​ပြု​လုပ်​၍ မ​ကိုး​ကွယ်​နှင့်။-


သင်​တို့​သည်​သူ​တို့​၏​ဘု​ရား​များ​ကို​ဦး မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​၏​ဘာ​သာ​ဋ္ဌ​လေ့ အ​တိုင်း​မ​ကျင့်​ရ။ သူ​တို့​၏​ဘု​ရား​များ​ကို ဖြို​ဖျက်​၍​သူ​တို့​ကိုး​ကွယ်​သော​ကျောက်​တိုင် များ​ကို​ချိုး​ဖျက်​ရ​မည်။-


``သတ္တု​ဖြင့်​သွန်း​သော​ဘု​ရား​များ​ပြု​လုပ်​၍​ရှိ မ​ခိုး​ရ။


ထို​နေ့​ရက်​ကာ​လ​ရောက်​သော​အ​ခါ​လူ​တို့​သည် မိ​မိ​တို့​သွန်း​လုပ်​ထား​သည့်​ရွှေ၊ ငွေ​ရုပ်​တု​များ ကို​ပွေး​ကောင်​နှင့်​လင်း​နို့​တို့​၏​အ​ကြား​တွင် စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။-


``ငါ့​ကို​ပစ်​ပယ်​၍​ရုပ်​တု​များ​ကို​မ​ကိုး​ကွယ် နှင့်။ သတ္တု​ဖြင့်​သွန်း​လုပ်​သော​ရုပ်​တု​များ​ကို မ​ကိုး​ကွယ်​ရ။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​များ​ဖြစ်​ခြင်း​ကြောင့်​ရာ​သက်​ပန် လူ​၏​ကျွန်​မ​ဖြစ်​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။


ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​ကို​နှင် ထုတ်​ရ​မည်။ သူ​တို့​၏​ကျောက်​ရုပ်​ဘု​ရား၊ သတ္တု ရုပ်​ဘု​ရား​များ​နှင့်​သူ​တို့​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​ရှိ​သ​မျှ​တို့​ကို​ဖျက်​ဆီး​ပစ်​ရ မည်။-


ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​ကြ​သည့်​အား​လျော်​စွာ ဘု​ရား​သ​ခင်​သည် လူ​တို့​၏​စိတ်​ကူး​နှင့်​အ​နု​ပ​ညာ​စွမ်း​ရည်​ဖြင့် ထု​လုပ်​ထား​သော​ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု၊ ကျောက် ရုပ်​တု​တို့​နှင့်​တူ​တော်​မူ​သည်​ဟု​မ​ထင်​မ​မှတ် အပ်။-


`` `ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​သို့​မ​ဟုတ် သတ္တု​ရုပ်​တု​ကို​ထု​လုပ်​၍ တိတ်​တ​ဆိတ်​ဝတ် ပြု​ကိုး​ကွယ်​သူ​သည် ဘု​ရား​သ​ခင်​ကျိန်​ခြင်း ကို​ခံ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ရုပ်​တု ကိုး​ကွယ်​မူ​ကို​ရွံ​ရှာ​တော်​မူ​၏' ဟု​ကျိန်​ဆို လိုက်​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။


``ထာ​ဝ​ရ​ဘု​ရား​က၊`ငါ​သည်​သင်​တို့​ကို ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​၏။'


သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။


ဒန်​အ​မျိုး​သား​တို့​သည်​မိက္ခာ​ပြုလုပ်​သည့်​ရုပ် တု​ကို​တည်​ထား​ပြီး​လျှင် ဝတ်​ပြု​ကိုး​ကွယ် ကြ​လေ​သည်။ မော​ရှေ​၏​မြေး၊ ဂေ​ရ​ရှုံ​၏ သား​ယော​န​သန်​က သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​လေ​သည်။ သူ​၏ သား​စဉ်​မြေး​ဆက်​တို့​သည်​လည်း ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ဖမ်း​ဆီး​သိမ်း​သွား​ခြင်း ခံ​ရ​ချိန်​တိုင်​အောင် သူ​တို့​၏​ယဇ်​ပု​ရော ဟိတ်​များ​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ