Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 5:19 - Common Language Bible

19 ယေ​ရ​မိ၊ ထို​သူ​တို့​သည်​သင့်​အား`အ​ဘယ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​သ​နည်း' ဟု​မေး​ကြ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့​အား`သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပစ်​ကာ မိ​မိ​တို့​ပြည်​၌​ပင်​လူ​မျိုး​ခြား​ဘု​ရား​များ​၏​အ​စေ​ကို​ခံ​ခဲ့​ကြ​၏။ သို့​ဖြစ်​၍​တိုင်း​တစ်​ပါး​တွင်​လူ​မျိုး​ခြား​တို့​၏​အ​စေ​ကို​သင်​တို့​ခံ​ရ​ကြ​လိမ့်​မည်' ဟု​ပြန်​လည်​ဖြေ​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ဤ အ ရေး အ ရာ ရှိ သ မျှ ကို၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အ ဘယ့် ကြောင့် စီ ရင် တော် မူ သ နည်း ဟု မေး မြန်း ကြ လျှင်၊ နေ ပြည် တွင်၊ ငါ့ ကို စွန့် ပယ် လျက် ခြား နား သော ဘု ရား များ အ မှု ကို ဆောင် ရွက် သည့် နည်း တူ၊ သင် တို့ မ ပိုင် သော ပြည် တွင် လည်း၊ မျိုး ခြား မင်း တို့ အ မှု ကို ထမ်း ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သူ​တို့​က​လည်း၊ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ​တို့၌ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို အ​ဘယ်​ကြောင့် စီ​ရင်​တော်​မူ​သ​နည်း​ဟု မေး​ကြ​သော​အ​ခါ၊ သင်​တို့​သည် ငါ့​ကို​စွန့်​ပစ်၍၊ ကိုယ်​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့၏​အ​မှု​ကို ဆောင်​ရွက်​သ​ကဲ့​သို့၊ ကိုယ်​မ​ပိုင်​သော​ပြည်၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်​ဟု၊ သင်​သည် သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ‘​ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို အဘယ်ကြောင့် ဤ​အမှု​အလုံးစုံ​တို့​နှင့် ကြုံ​စေ​သနည်း​’​ဟု သူ​တို့​မေး​ကြ​လျှင် ‘​သင်​တို့​သည် ငါ့​ကို​စွန့်ပယ်​၍ သင်​တို့​၏​ပြည်​၌ပင် တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို အစေခံ​သည့်​နည်းတူ သင်​တို့​ပြည်​မ​ဟုတ်​သော​ပြည်​၌ သူစိမ်း​တို့​ကို အစေခံ​ရ​လိမ့်မည်​’​ဟု သင်​ပြန်ဖြေ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 5:19
18 ပူးပေါင်းရင်းမြစ်များ  

အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-


ထို့​ကြောင့်​ငါ​သည်​သင်​တို့​အား​သင်​တို့​နှင့်​သင် တို့​ဘိုး​ဘေး​များ​မ​ရောက်​ဘူး​သည့်​ပြည်​သို့ နှင်​ထုတ်​မည်။ ထို​ပြည်​တွင်​သင်​တို့​သည်​အ​ခြား ဘု​ရား​များ​ကို နေ့​ရော​ညဥ့်​ပါ​ဝတ်​ပြု​ကိုး ကွယ်​ကြ​လိမ့်​မည်။ ငါ​၏​ကျေး​ဇူး​က​ရု​ဏာ တော်​ကို​အ​ဘယ်​သို့​မျှ သင်​တို့​ခံစား​ရ​ကြ လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။


သင်​၏​အ​ပြစ်​ကြောင့် သင်​တို့​သည်​ငါ​ပေး​အပ် ခဲ့​သည့်​ပြည်​ကို​စွန့်​လွှတ်​ရ​ကြ​လိမ့်​မည်။ ငါ ၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​နေ​မည်​ဖြစ်​၍ ငါ​သည်​သင် တို့​အား​မိ​မိ​တို့​မ​ရောက်​ဘူး​သည့်​ပြည်​တွင် ရန်​သူ​များ​၏​အ​စေ​ကို​ခံ​စေ​မည်'' ဟု​မိန့် တော်​မူ​၏။


ငါ​၏​လူ​မျိုး​တော်​သည်​အ​သက်​စမ်း​ရေ​တည်း​ဟူ​သော ငါ့​အား​စွန့်​ပစ်​၍​ရေ​မ​လုံ၊ကွဲ​အက်​လျက်​ရှိ​သည့်၊ ရေ​လှောင်​ကန်​များ​ကို​တူး​ကြ​သည်​ဖြစ်​၍ အ​ပြစ်​ဒု​စ​ရိုက်​နှစ်​ပါး​ကို​ကူး​လွန်​ကြ​လေ​ပြီ။


``ဣ​သ​ရေ​လ​သည်​ကျွန်​မ​ဟုတ်။ ကျွန်​သား​ပေါက်​လည်း​မ​ဟုတ်။ သို့​ပါ​လျက်၊ရန်​သူ​များ​သည်​အ​ဘယ် ကြောင့် သူ့​အား​လိုက်​လံ​ဖမ်း​ဆီး​ကြ​သ​နည်း။


`ငါ့​တွင်​အ​ပြစ်​မ​ရှိ၊ ထာ​ဝ​ရ​ဘုရား​သည်​အ​မှန် ပင် ငါ့​အား​အ​မျက်​ထွက်​တော်​မ​မူ​တော့​ပြီ​ဟု' ဆို ချင်​သည်။ သို့​သော်​သင်​က​မိ​မိ​အ​ပြစ်​မ​ကူး လွန်​ပါ​ဟု​ငြင်း​ဆို​သ​ဖြင့် ငါ​သည်​သင့်​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​မည်။-


ထာ​ဝ​ရ​ဘု​ရား​က``ထို​နေ့​ရက်​ကာ​လ​များ​၌​ပင်​လျှင်​ငါ​၏​လူ​မျိုး​တော်​အား လုံး​ဝ​သုတ်​သင်​ဖျက်​ဆီး​လိမ့်​မည်​မ​ဟုတ်။-


ထာ​ဝ​ရ​ဘု​ရား​က``ယာ​ကုပ်​၏​သား​မြေး ယု​ဒ​ပြည်​သူ​တို့​အား​ပြော​ကြား​လော့။-


ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။


ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​ဖြစ်​ပျက် လာ​သည်​မှာ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့ အား​ငါ​ပေး​အပ်​ခဲ့​သည့်​သြ​ဝါ​ဒ​ကို​စွန့်​ပယ် ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​ငါ​၏ စ​ကား​ကို​နား​မ​ထောင်။ ငါ​ပြော​ဆို​သည့် အ​တိုင်း​လည်း​မ​ပြု​မ​လုပ်​ကြ။-


ကျွန်​များ​နှင့်​မ​ခြား​နား​သူ​တို့​၏​အုပ်​စိုး ခြင်း​ကို ကျွန်​တော်​မျိုး​တို့​ခံ​ကြ​ရ​သော်​လည်း အ​ဘယ်​သူ​မျှ​ကျွန်​တော်​မျိုး​တို့​အား​ထို​သူ​တို့​၏ လက်​မှ​မ​ကယ်​နိုင်​ပါ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ