ယေဇကျေလ 37:23 - Common Language Bible23 သူတို့သည်နောက်တစ်ဖန်စက်ဆုပ်ဖွယ်ရာ ရုပ်တုများအားဖြင့်မိမိတို့ကိုမညစ် ညမ်းစေရ။ အပြစ်ကူးလွန်မှုအားဖြင့် စာရိတ္တမပျက်စီးရ။ ငါသည်သူတို့အား အပြစ်ဒုစရိုက်နှင့်ဖောက်ပြန်မှုအမျိုး မျိုးမှကယ်တင်၍စင်ကြယ်စေမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်၍ငါသည် လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible23 ရုပ် ပွား ကိုး ကွယ် မှု၊ စက် ဆုပ် ဖွယ် မှု၊ လွန် ကျူး မှု များ ကြောင့်၊ နောင် ညစ် ညူး ရာ မ ရောက် သော ထို သူ တို့ ကို၊ ပြစ် မှားဖောက် ပြန် မှု အ မျိုး မျိုး မှ ငါ ကယ် တင်၍ စင် ကြယ် စေ သ ဖြင့်၊ ထို သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘုရား သ ခင် ဖြစ် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible23 နောက်တစ်ဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ်မှားလေရာရာ အရပ်တို့မှ ငါကယ်နုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 သူတို့သည် ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်အရာများနှင့် အပြစ်အမျိုးမျိုးကျူးလွန်ခြင်းတို့ဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့အပြစ်ပြုလေရာအရပ်ရပ်တို့မှ သူတို့ကိုကယ်နုတ်၍ သူတို့ကိုစင်ကြယ်စေမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-
ဣသရေလပြည်သားတို့သည်ရုပ်တုများနှင့် အပြီးအပိုင်အဆက်ဖြတ်ကြလိမ့်မည်။ ငါသည်သူတို့၏ဆုတောင်းပတ္ထနာကိုနား ညောင်း၍ သူတို့ကိုစောင့်ရှောက်မည်။ ငါသည်အမြဲစိမ်းလန်းသောအပင်ကဲ့သို့ သူတို့ကိုကာကွယ်ထားမည်။ ငါသည်သူတို့အတွက်ကောင်းချီးမင်္ဂလာ အဖြာဖြာ စီးဆင်းရာဖြစ်တော်မူမည်။
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်ပြည် လုံးတွင်ရှိသမျှသောအိုးတို့ကိုလည်း သန့်ရှင်းမြင့်မြတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ် မှုတွင်အသုံးပြုရန်အတွက် သီးသန့်ထား ရှိကြလိမ့်မည်။ ထိုနေ့ရက်ကာလကျ ရောက်လာသောအခါ အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဗိမာန်တော်တွင် အဘယ် သို့သောရောင်းဝယ်သူတစ်ဦးတစ်ယောက် မျှရှိတော့မည်မဟုတ်။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
သို့ရာတွင်ကိုယ်တော်သည်အလင်းတွင်ရှိတော် မူသကဲ့သို့ ငါတို့သည်အလင်းတွင်ကျင်လည် ကြပါမူ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် မိတ်သဟာယဖွဲ့ခြင်းရှိကြ၏။ ဘုရားသခင် ၏သားတော်သခင်ယေရှု၏သွေးတော်သည် လည်းငါတို့၏အပြစ်ရှိသမျှကိုဆေးကြော စင်ကြယ်စေတော်မူလိမ့်မည်။