ဗျာဒိတ် 22:15 - Common Language Bible15 သို့ရာတွင်လူမဆန်သူများ၊ ပြုစားတတ်သူ များ၊ ကာမဂုဏ်လိုက်စားသူများ၊ လူသတ်သမား များ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ပြောဆို ၍ကျင့်ကြံသူများသည်မြို့ပြင်တွင်နေရကြ လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible15 ပြင် ပ၌ ကား ခွေး ဖြစ် သူ၊ နတ် ဟော သူ၊ မ တ ရား မေ ထုန် ပြု သူ၊ လူ သတ် ဖြစ် သူ၊ ရုပ် ပွား ကိုး ကွယ် သူ များ နှင့် မု သား ကို နှစ် သက်၍ ကျင့် ကြံ သူ ဟူ သ မျှ ရှိ ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible15 ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊ သစ္စာပျက်ခြင်းကိုနှစ်သက်၍ ပြုသောသူအပေါင်းတို့သည် ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 မြို့ပြင်တွင်မူ ခွေးဖြစ်သောသူများ၊ ပြုစားသောသူများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လူသတ်သမားများ၊ ရုပ်တုကိုးကွယ်သူများ၊ လိမ်လည်ခြင်းကို နှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ ရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
အကျင့်စာရိတ္တပျက်ပြားသူများ၊ လိင်တူ ချင်းကာမဆက်ဆံတတ်သူများ၊ ပြန်ပေး ဆွဲသူများ၊ လိမ်လည်ပြောဆိုတတ်သူများ၊ မမှန်သောသက်သေကိုခံတတ်သူများနှင့် မှန်ကန်သောအယူဝါဒနှင့် ဆန့်ကျင်၍ပြု လုပ်တတ်သူများအတွက်သာလျှင် ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းငါတို့သိမှတ်ရကြ ပေမည်။-