တရားဟော 18:14 - Common Language Bible14 ထို့နောက်မောရှေက``သင်တို့သိမ်းယူမည့်ပြည် တွင်နေထိုင်သူတို့သည်မှော်ဆရာ၊ ဗေဒင် ဆရာတို့ထံမှအကြံဉာဏ်တောင်းခံလေ့ ရှိကြ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုသို့တောင်းခံခြင်း ကိုသင်တို့အားခွင့်ပြုတော်မမူ။- အခန်းကိုကြည့်ပါ။Garrad Bible14 သင် တို့ တိုက် ယူ မည့် လူ မျိုး ခြား တို့ သည်၊ ဗေ ဒင် ဆ ရာ၊ ဟူး ရား ဆ ရာ တို့ စ ကား ကို၊ နာ ယူ လေ့ ရှိ ကြ သည် မှန်၏။ သင် တို့ ကို ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ခွင့် ပြု တော် မ မူ ချေ။ အခန်းကိုကြည့်ပါ။Judson Bible14 သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတ္တံ့သောအမှုကို ကိုယ်ဉာဏ်အားဖြင့် ဟောပြောသောသူတို့စကားကို နားထောင်တတ်ကြ၏။ သင်မူကား ထိုသို့ပြုရအောင် သင်၏ဘုရားသခင်ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်တို့နှင်ထုတ်ရမည့်ထိုလူမျိုးတို့သည် ဗေဒင်အတတ်ကိုသုံးသောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၏စကားကို နားထောင်တတ်ကြ၏။ သင့်ကိုကား သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသို့ခွင့်ပြုတော်မမူ။ အခန်းကိုကြည့်ပါ။ |
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ယာကုပ်၏ သားမြေးများဖြစ်သည့်ကိုယ်တော်ရှင်၏လူမျိုး တော်အားစွန့်ပစ်တော်မူပါပြီ။ သူတို့၏ပြည် သည်လည်းအရှေ့နိုင်ငံသားများ၊ ဖိလိတ္တိ အမျိုးသားတို့၏မှော်အတတ်ကိုကျင့်သုံး သူများနှင့်ပြည့်နှက်လျက်ရှိပါ၏။ ပြည်သူ တို့သည်နိုင်ငံခြားဋ္ဌလေ့ထုံးစံများကို လိုက်လျှောက်ကြပါ၏။-