ဟေရှာယ 57:6 - Common Language Bible6 ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။- အခန်းကိုကြည့်ပါ။Garrad Bible6 သင် သည် သင်္ချိုင်း ရှိ ကျောက် လုံး များ တွင်၊ ကိုယ့် အ ငန်း အ တာ ကို ရွေး ချယ်၍၊ သင့် ဝေ စု ဖြစ် သည့် အ လျောက်၊ ၎င်း ကို ပင် ပူ ဇော် သ က္ကာ အ ရည် သွန်း လောင်း လျက်၊ ဘော ဇဉ် သ က္ကာ လည်း ဆက် ကပ် လေ ပြီ။ ထို သို့ သော အ မှု ကြောင့် ငါ စိတ် ပြေ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible6 ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏တာရှိ၏။ ထိုသို့သောအရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာပူဇော်သကာနှင့် ဘောဇဉ်ပူဇော်သကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 လျှိုမြောင်ထဲမှချောသောကျောက်များထဲတွင် သင်၏ဝေစုရှိ၏။ ထိုကျောက်တို့သည် သင်၏ပေါက်မဲဖြစ်၏။ အကယ်စင်စစ် သင်သည် ထိုကျောက်တို့အား သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်၏။ ဤသည်ကို ငါလိုက်လျောရမည်လော။ အခန်းကိုကြည့်ပါ။ |
လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-
သင်တို့သည်အမင်္ဂလာရှိကြ၏။ သစ်သား% တုံးအား``နိုးတော်မူပါ'' ဟူ၍လည်းကောင်း၊ % ကျောက်တုံးအား``ထတော်မူပါ'' ဟူ၍လည်း% ကောင်းသင်တို့ဆိုတတ်ကြ၏။ ရုပ်တုတစ်ခု% သည်သင်တို့အားအဘယ်အမှုကိုရှင်းလင်း% ဖော်ပြနိုင်ပါသနည်း။ ရွှေငွေများဖြင့်မွမ်း% မံထားကောင်းထားမည်ဖြစ်သော်လည်း % ထိုရုပ်တုတွင်အသက်ကားမရှိ။ %