ယေဇကျေလ 20:7 - Common Language Bible7 ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊- အခန်းကိုကြည့်ပါ။Garrad Bible7 အိ ဂျစ် ပြည် ရှိ ရုပ် ပွား များ နှင့် ကိုယ် ကို မ ညစ် ညူး စေ ဘဲ၊ အ သီး အ သီး ဖူး မြင် သော စက် ဆုပ် ဖွယ် ရုပ် တု များ ကို စွန့် ပစ် ကြ လော့။ ငါ သည် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း ဟု မိန့် ဆို သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible7 သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 ငါသည် သူတို့အား ‘သင်တို့ကိုးစားသော စက်ဆုပ်ရွံရှာဖွယ်ရာများကို စွန့်ပစ်လော့။ အီဂျစ်ရုပ်တုများဖြင့် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏’ဟု မိန့်ဆိုခဲ့၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
သူတို့သည်ထိုအရပ်များတွင်ပြည်နှင်ဒဏ် ခံရသူများကဲ့သို့နေရကြလိမ့်မည်။ ထို အခါလွတ်မြောက်လာသူတို့သည်ငါ့ကို သတိရကြလိမ့်မည်။ မိမိတို့၏သစ္စာမဲ့ သောစိတ်နှလုံးဖြင့်ငါ့အားစွန့်ပယ်ကာ ရုပ်တု တို့ကိုငါ့ထက်ပို၍မြတ်နိုးကြသည့်အတွက် ငါသည်အဘယ်မျှဝမ်းနည်းကြောင်းသိရှိ နားလည်လာကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ပြုခဲ့သည့်ဆိုးညစ် ယုတ်မာမှုများအတွက် မိမိတို့ကိုယ်ကို စက်ဆုပ်ရွံရှာလာကြလိမ့်မည်။-
ဤသို့သြဒက်၏သားအာဇရိဆင့်ဆိုသည့် ဗျာဒိတ်တော်ကိုကြားသောအခါ အာသသည် အားတက်လာပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ် မြေများနှင့်တောင်ပေါများသောဧဖရိမ်ပြည် ရှိမြို့များမှရုပ်တုရှိသမျှကိုဖယ်ရှားတော် မူ၏။ မင်းကြီးသည်ဗိမာန်တော်တံတိုင်းအတွင်း ရှိယဇ်ပလ္လင်ကိုလည်းပြန်လည်ပြုပြင်တော်မူ၏။
ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-
``ငါသည်ဣသရေလအမျိုးသားတို့၏ ညည်းညူအပြစ်တင်သံကိုကြားရပြီ။ သူ တို့သည်ညဦးယံ၌အသားကိုစားရကြ မည်။ နံနက်တွင်မုန့်ကိုလိုသမျှရကြမည်။ ထိုအခါငါထာဝရဘုရားသည်သူတို့ ၏ဘုရားသခင်ဖြစ်သည်ကို သူတို့သိရ ကြလိမ့်မည်ဖြစ်ကြောင်းသူတို့အားဆင့် ဆိုလော့'' ဟုမိန့်တော်မူ၏။