ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
နာမ် ကင်း သော ရုပ် သည် အ သေ ဖြစ် သ ကဲ့ သို့ ပင် ကိုယ် ကျင့် ကင်း သော ယုံ ကြည် ခြင်း သည် အ သေ ဖြစ် ၏။
ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ ဘု ရား သ ခင်၏ ဖြောင့် မတ် တော် မူ ခြင်း သည် အ ဆင့် ဆင့် တိုး တက် သော ယုံ ကြည် ခြင်း ဖြင့် သ တင်း တော် မြတ်၌ ထင် ရှား လျက် ရှိ၏။
ယေ ရှု က ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း ရှိ ကြ လော့။
မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။
ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
ယေရှုကလည်း သင်သည်ငါ့ကိုမြင်ရသောကြောင့်ယုံကြည်လေစွ။ မမြင်ဘဲလျက်ယုံကြည်သူတို့၌ မင်္ဂလာရှိသည်ဟုမိန့်တော်မူ၏။
ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။
ယုံ မှား သံ သ ယ အ လျှင်း မ ရှိ ဘဲ ယုံ ကြည် လျက် တောင်း လျှောက် စေ။ ယုံ မှား သံ သ ယ ရှိ သူ သည် လေ ပြင်း တိုက် ခတ် သော ပင် လယ် လှိုင်း နှင့် တူ သ ဖြင့် စိတ် ဒွိ ဟ ရှိ လျက်၊
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ယေ ရှု သည် ထို စ ကား ကို အ ရေး မ ယူ ဘဲ ဓ မ္မာ ရုံ အုပ် အား မ ကြောက် နှင့်။ ယုံ ကြည် ခြင်း သာ ရှိ လော့ ဟု မိန့် တော် မူ ပြီး လျှင်၊
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ငါ့ သ မီး အား ယူ လော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း ပင် ထို အ ချိန် နာ ရီ က စ၍ ကျန်း မာ လေ၏။
ချစ် ခြင်း မေ တ္တာ၌ ကြောက် ရွံ့ ခြင်း မ ရှိ။ ကြောက် ရွံ့ ခြင်း၌ ပြစ် ဒဏ် ပါ သည့် အ လျောက် စုံ လင် သော ချစ် ခြင်း မေ တ္တာ ဖြင့် ကြောက် ရွံ့ ခြင်း ဖဲ တတ် ၏။ ကြောက် ရွံ့ သူ သည် ချစ် ခြင်း မေ တ္တာ ၌ မ စုံ လင် သေး။
ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊
ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊
အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ ယ နေ့ ရှိ၍ နက် ဖြန် မီး ဖို ထဲ သို့ ရောက် သော တော ပင် ကို ဘု ရား သ ခင် သည် ထို သို့ ဆင် ယင် တော် မူ လျှင် သင် တို့ ကို သာ၍ ဆင် ယင် တော် မူ မည် မ ဟုတ် လော။
ငါ၏ ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း တွန့် ဆုတ် က ငါ သည် သူ၌ နှစ် သက် သော စိတ် ရှိ မည် မ ဟုတ် ဟု ဗျာ ဒိတ် တော် ရှိ ရာ၊
ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။
ယေ ရှု က မ ကြောက် လင့်၊ ယုံ ကြည် ခြင်း သာ ရှိ လော့၊ သူ ငယ် မ ကျန်း မာ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင်၊
မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
နှုတ် က ပတ် တော် သည်၊ အ ကျွန်ုပ် ခြေ ဦး မှာ မီး ခွက် သ ဖွယ်၊ အ ကျွန်ုပ် လမ်း မှာ အ လင်း သ ဖွယ် ဖြစ် ပါ ၏။
ဘု ရား သ ခင်၏ နှုတ် က ပတ် တော် ရှိ သ မျှ သည်၊ စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သူ တို့ အ ဖို့၊ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။
အ ရှင် ဘု ရား အား တ မန် တော် တို့ က တ ပည့် တော် တို့ ယုံ ကြည် ခြင်း ကို တိုး ပွား စေ တော် မူ ပါ ဟု လျှောက် ကြ သော်၊
ထို စ ကား ကို ယေ ရှု ကြား သော် အံ့ သြ တော် မူ၍ ဤ မျှ လောက် ယုံ ကြည် ခြင်း ကို ဣ သ ရေ လ လူ မျိုး တွင် မ တွေ့ စ ဘူး ငါ အ မှန် ဆို ၏၊
ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊
စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊
ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
သင် တို့ ဘောင် တွင် လူ ရှိ သ မျှ အား ငါ ခံ စား ရ သော ကျေး ဇူး တော် ကြောင့် ထပ် ဆို သည် ကား၊ ကိုယ် ကို ထင် သင့် သည် ထက် လွန်၍ မ ထင် ဘဲ အ သီး အ သီး တို့ အား ဘု ရား သ ခင် ဝေ မျှ တော် မူ သော ယုံ ကြည် ခြင်း ပ မာ ဏ အ တိုင်း သင့် လျော် စွာ ထင် ကြ လော့။
သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သ စ္စာ တည် တော် မူ သည့် အ လျောက် ထို သို့ ပင် ပြု တော် မူ လိမ့် မည်။
အ သို့ ဆို သော် ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ် အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟူ သော အ ချက် ရှိ သေး ခိုက် ငါ တို့ စိတ် ချ ရာ အ ကြောင်း ရင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ခ ရစ် တော် နှင့် ဆက် ဆံ ခွင့် ရ ကြ ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။
မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
အ ခြား ကို မ ဟုတ်။ ထာ ဝ ရ ဘု ရား ကို သာ၊ အား ထား ကိုး စား သူ ကား၊ မင်္ဂ လာ ရှိ ၏။
ထို သူ သည် မြောင်း အ နီး စိုက်၍၊ ရေ သို့ အ မြစ် ကျ သ ဖြင့်၊ နွေ ဥ တု ကို မ ကြောက်၊ အ ရွက် စိမ်း လန်း လျက်၊ မိုး ခေါင် သော နှစ် တွင် မ စိုး ရိမ် ဘဲ၊ ဆယ့် နှစ် ရာ သီ သီး သော အ ပင် နှင့် တူ လိမ့် မည်။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
ဒွိ ဟ နှင့် စား လျှင် မူ ကား စိတ် မ ချ ဘဲ စား သော ကြောင့် အ ပြစ် စီ ရင် ရာ ရောက်၏။ စိတ် မ ချ ဘဲ ပြု သ မျှ သည် အ ပြစ် ဖြစ်၏။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။
သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
သင် တို့ သည် စိတ် ပြောင်း လဲ လျက် သူ ငယ် များ ကဲ့ သို့ မ ဖြစ် လျှင် ကောင်း ကင် နိုင် ငံ တော် သို့ အ လျှင်း ဝင် ရ မည် မ ဟုတ် ဟု ငါ အ မှန် ဆို ၏။
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။
သို့ ဖြစ်၍ အ ရှင် ခ ရစ် တော် ယေ ရှု ကို လက် ခံ ကြ သည့် နည်း တူ ကိုယ် တော်၌ ကျင့် ကြံ ပြု မူ သ ဖြင့်
တိုက် မြစ် ချ လျက်၊ အ တည် အ ဆောက် ခံ လျက် သင် ကြား ခဲ့ သည့် အ တိုင်း ယုံ ကြည် ခြင်း တ ရား၌ ခိုင် ခံ့ လျက် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ ချီး မွမ်း လျက် ရှိ နေ ကြ လော့။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
သို့ ဖြစ်၍ အ ကျိုး များ စွာ ဖြစ် ထွန်း စေ သော သင် တို့ ရဲ ရင့် ခွင့် ကို မ စွန့် မ ပယ် ကြ နှင့်။
အ သို့ ဆို သော် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် ပြီး နောက် က တိ တော် အ တိုင်း ခံ စား ရ အံ့ သော ငှာ သင် တို့ တည် ကြည် ကြ ရ မည်။
အ ချင်း ငါ့ အ သက် ဝိ ညာဉ်၊ ဘု ရား သ ခင်၌ သာ ငြိမ် ဝပ် စွာ နေ လော့။ ငါ စောင့် မျှော် ရာ အ ကြောင်း သည် အ ထံ တော် မှ ရောက် လာ ၏။
ကိုယ် တော် သာ လျှင်၊ ငါ့ အ ဖို့ ကျောက် တောင်၊ ကယ် တင် ရာ အ ကြောင်၊ ရဲ တိုက် သ ဖွယ် ဖြစ် တော် မူ၍၊ ငါ ရွေ့ ရ မည် မ ဟုတ်။
ငါ ကယ် တင် ခွင့် နှင့် ဂုဏ် ရောက် ခွင့် သည် ဘု ရား သ ခင်၌ တည် လျက် ရှိ၏။ ငါ့ ကို အား ပေး သော ကျောက် တောင်၊ ငါ ခို လှုံ ရာ ကား၊ ဘုရား သ ခင်၌ တည် လျက် ရှိ ၏။
အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ခ ရစ် တော် ယေ ရှု၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ အ ကျိုး မ ပေး နိုင်။ ချစ် ခြင်း မေ တ္တာ ကို ပြု ပြင် သော ယုံ ကြည် ခြင်း သာ လျှင် ပေး နိုင် ၏။
သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။
ထို သို့ ဆို သော် ယုံ ကြည် ခြင်း တ ရား ၌ တည် နေ သူ သင် တို့ ယုံ ကြည် ခြင်း ကို စိုး မိုး ၍ မ ဟုတ်။ သင် တို့ ရွှင် လန်း ခြင်း ကို ကူ ညီ ထောက် ပံ့ လို ၍ ငါ တို့ ဆို ကြ ၏။
ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။
ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။
ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်း
ငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။
ယုံ ကြည် ခြင်း အား ဖြင့် စာ ရာ့ ကိုယ် တိုင် ပင် က တိ ထား ခဲ့ သော အ ရှင့် သ စ္စာ တည် တော် မူ ကြောင်း မှတ် ယူ လျက် အ ရွယ် လွန် ပြီး နောက် သ န္ဓေ ယူ နိုင် ခွင့် တန် ခိုး ကို ရ သည် ဖြစ် ၍၊
ချစ် သူ တို့၊ ကိုယ် စိတ် နှ လုံး အ ပြစ် မ တင် လျှင် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ရဲ ရင့် ခွင့် ရ ကြ သည့် ပြင်၊
ပ ညတ် တော် များ ကို စောင့် ရှောက် လျက် နှစ် သက် တော် မူ ဖွယ် ရာ များ ကို ပြု ကျင့် ကြ သော ကြောင့် တောင်း လျှောက် သ မျှ ကို အ ထံ တော် မှ ရ ကြ လိမ့် မည်။
မျှော် လင့် လျက် ပင် ကယ် တင် ခြင်း သို့ ငါ တို့ ရောက် ကြ၏။ မျှော် လင့် ရာ သည် မျက် မှောက် တွင် ရှိ လျှင် မျှော် လင့် ရာ မ မည်။ မျက် မှောက် ရှိ အ ရာ ကို မည် သူ မျှော် လင့် အံ့ နည်း။
မျက် မှောက် မ ရှိ ရာ ကို ငါ တို့ မျှော် လင့် လျှင် မူ ကား တည် ကြည် စွာ စောင့် မျှော် လျက် နေ ရ ကြ ၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
သင်တို့သည်ငါ၌တည်၍ ငါ့ဒေသနာလည်းသင်တို့၌တည်လျှင် လိုသမျှကိုတောင်းလျှောက်ကြလော့။ ရကြလိမ့်မည်။
ဘု ရား သ ခင့် အ ပါး တော် သို့ ချဉ်း ကပ် ကြ လော့။ သို့ မှ သင် တို့ ထံ ချဉ်း ကပ် တော် မူ လိမ့် မည်။ အ ချင်း အ ပြစ် သား တို့၊ သင် တို့ လက် များ ကို စင် ကြယ် စေ ကြ လော့။ စိတ် ဒွိ ဟ ရှိ သူ တို့၊ သင် တို့ စိတ် နှ လုံး ကို သန့် ရှင်း စေ ကြ လော့။
ခ ရစ် တော် ကို အ ရှင် အ ဖြစ် သင် တို့ စိတ် နှ လုံး တွင် သီး သန့် ကြ လော့။ သင် တို့၌ တည် ရှိ သော မျှော် လင့် ခြင်း အ ကြောင်း မေး မြန်း သူ တိုင်း အား ဖြေ ဆို ရန် အ ခါ ခပ် သိမ်း အ သင့် ရှိ နေ ရ သည် မှာ
ကိုယ် ခ န္ဓာ တော် တစ် ပါး၊ ဝိ ညာဉ် တော် တစ် ပါး၊ အ ရှင် ဘု ရား တစ် ပါး၊ ယုံ ကြည် ခြင်း တ ရား တစ် ပါး၊ ဗ တ္တိ ဇံ မင်္ဂ လာ တစ် ပါး၊
မာ န ကြီး သော သူ နှင့် မု သာ သုံး သော သူ တို့ ဘက် သို့ မ လိုက် ဘဲ၊ ထာ ဝ ရ ဘု ရား၌ ကိုး စား သော သူ သည် မင်္ဂ လာ ရှိ၏။
သင် တို့ သည် ယုံ ကြည် ခြင်း တ ရား၌ တည်၊ မ တည် ကိုယ် ကို စုံ စမ်း လျက် စံ ချ ကြ လော့။ စံ တော် မ မှီ သူ များ မ ဟုတ် ခဲ့ လျှင် သင် တို့၌ ယေ ရှု ခ ရစ် တည် တော် မူ ကြောင်း ကိုယ် တိုင် မ သိ ကြ လော။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊
ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
ယေ ရှု သည် ချက် ခြင်း လက် ဆန့်၍ ကိုင် တော် မူ လျက် ယုံ ကြည် ခြင်း နည်း ပါး သူ၊ အ ဘယ့် ကြောင့် ယုံ မှား သ နည်း ဟု မိန့် တော် မူ၏။
သို့ ရာ တွင် ကောင်း ကင့် အောက် ရှိ သ တ္တ ဝါ အ ပေါင်း တို့ အား ဟော ပြော သ ဖြင့် သင် တို့ ကြား နာ ရ သည့် သ တင်း တော် မြတ် ဆိုင် ရာ မျှော် လင့် ခြင်း အ ကြောင်း မှ မ ရွေ့ ဘဲ ငါ ပေါ လု ဆောင် ရွက် သော ယုံ ကြည် ခြင်း တ ရား တော်၌ တည် ကြည် စွာ တိုက် မြစ် ချ လျက် နေ ကြ ရ မည်။
ဘုရားသခင်သည် သားတော်ကိုယုံကြည်သူတိုင်းမပျက်စီးဘဲ ထာဝရအသက်ရစေခြင်းငှာ၊ ဧကပုတ္တသားတော်ကိုအပ်ပေးသည့်တိုင်အောင် ဤလောကသားတို့အား မေတ္တာသက်တော်မူ၏။
ခ ရစ် တော် ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သ မျှ သော သင် တို့ သည် ခ ရစ် တော် ကို ဝတ် ဆင် ပြီး ဖြစ် သည့် အ တိုင်း ယုံ ကြည် ခြင်း အား ဖြင့် ခ ရစ် တော် ယေ ရှု၌ ဘု ရား သ ခင့် သား များ ဖြစ် ကြ ၏။
သင် တို့ သည် ဝင် နေ သူ နိုင် ငံ ခြား သား များ ဖြစ် နေ တော့ သည် မ ဟုတ်။ သီး သန့် ထား တော် မူ သူ တို့ နှင့် ပြည် တော် သား ချင်း များ၊ ဘု ရား သ ခင်၏ ဘုံ တော် သား များ ဖြစ် ကြ ၏။
တ မန် တော် တို့ နှင့် ပ ရော ဖက် တို့ တည်း ဟူ သော တိုက် မြစ် အ ပေါ် တွင် တည် ဆောက် ရ ကြ သည့် အ တိုင်း ထောင့် စွန်း ကျောက် ဖြစ် သော ခ ရစ် တော် ယေ ရှု၌ အ ဆောင် ဆောင် စေ့ စပ် လျက်၊
အ ရှင် ဘု ရား အား ဖြင့် သန့် ရှင်း သော ဗိ မာန် တော် ဖြစ် သည့် တိုင် အောင် တိုး ပွား လေ ၏။
ထို အ ရှင်၌ ငါ တို့ နှင့် အ တူ သင် တို့ လည်း ဝိ ညာဉ် တော် အား ဖြင့် ဘု ရား သ ခင့် စံ ရာ တော် ဖြစ် သည့် တိုင် အောင် တည် ဆောက် ခြင်း ခံ ရ ကြ သ တည်း။
ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
ထို နောက် တ ပည့် တော် တို့ အား ယေ ရှု က မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။
ကိုယ့် အ သက် ကို ကယ် လို သူ တိုင်း အ သက် ရှုံး လိမ့် မည်။ ငါ့ အ တွက် ကြောင့် အ သက် ရှုံး သူ တိုင်း ကား အ သက် တွေ့ လိမ့် မည်။
ယ ခု မှာ ခ ရစ် တော် ယေ ရှု၌ တည် နေ သူ တို့ အ ပေါ် တွင် အ ပြစ် စီ ရင် ချက် သင့် ရောက် သည် မ ဟုတ်။
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
မြွေ၊ ကင်း များ ကို နင်း ခွင့်၊ ရန် သူ၏ တန် ခိုး ရှိ သ မျှ ကို နိုင် ခွင့် အာ ဏာ ငါ ပေး အပ်၍၊
တစ် ဦး ကား ထို ဝိ ညာဉ် တော် အ တိုင်း အ သိ ပ ညာ စ ကား ကို လည်း ကောင်း၊ တစ် ဦး ကား ထို ၀ိ ညာဥ် တော် ကြောင့် ယုံ ကြည် ခွင့် ကို လည်း ကောင်း၊ တစ် ဦး ကား တစ် ဆူ တည်း သော ထို ၀ိ ညာဥ် တော် ကြောင့် ကု သ ခွင့် ဆု ကျေး ဇူး ကို လည်း ကောင်း၊
ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။
သင် တို့ ယုံ သည့် အ တိုင်း ဖြစ် စေ ဟု ဆို လျက် သူ တို့၏ မျက် စိ များ ကို တို့ တော် မူ သ ဖြင့် ပွင့် လင်း ရ၏။
ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
ငါ သည် ဒု က္ခ များ ကို ခံ ရ သော် လည်း၊ ရှက် ကြောက် ခြင်း မ ရှိ။ ငါ ယုံ ကြည် ပြီး သော အ ရှင် ကို သိ ကျွမ်း သည့် အ တိုင်း ငါ့ အား လွှဲ အပ် တော် မူ ရာ ကို နေ့ တော် မ တိုင် မ ချင်း စောင့် ထိန်း တော် မူ နိုင် သည် ဟု စိတ် ချ ၏။
သို့ ရာ တွင် ယုံ ကြည် ခြင်း မ ပျက် ကွက် စေ ရန် သင့် အ ဖို့ ငါ တောင်း လျှောက်၏။ သင် လည်း စိတ် ပြောင်း လဲ သော် ညီ အစ် ကို ချင်း တို့ ကို အား ပေး လော့ ဟု မိန့် တော် မူ၏။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
ထို အ ခါ ယေ ရှု က အ ချင်း မိန်း မ၊ သင်၏ ယုံ ကြည် ခြင်း သည် အား ကြီး စွ တ ကား သင် အ လို ရှိ သည့် အ တိုင်း ဖြစ် စေ ဟု မိန့် တော် မူ သ ဖြင့် ထို အ ချိန် နာ ရီ က စ၍ သ မီး ကျန်း မာ လေ၏။
တတ် နိုင် လျှင် ဟူ၍ ဆို ရက် ပေ စွ။ ယုံ ကြည် သော သူ့ အား အ ရာ ခပ် သိမ်း ကို တတ် နိုင် သည် ဟု
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
ဘု ရား သ ခင့် သား တော်၏ နာ မ တော် ကို ယုံ ကြည် သော သင် တို့ သည် ထာ ဝ ရ အ သက် ရ ရှိ ကြောင်း သိ ကြ စေ ရန် ဤ အ ကြောင်း အ ရာ များ ကို ငါ ရေး လိုက်၏။
ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း၊ ချစ် ခြင်း နှင့် တ ကွ ငါ တို့ အ ရှင့် ကျေး ဇူး တော် သည် အ လွန် ကြွယ် ဝ၏။
လာ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း ပေ တ ရု သည် လှေ ပေါ် က ဆင်း ပြီး လျှင် ယေ ရှု ထံ ရောက် ရန် ရေ ပေါ် တွင် လျှောက် သွား၏။
ယော ဟန် က ထို မိန်း မ ကို မ သိမ်း မ ယူ အပ် ဟု ကန့် ကွက် သည် ကို ထောက်၍ ဟေ ရုဒ် မင်း သည် နောင် တော် ဖိ လိ ပ္ပု ကြင် ရာ ဟေ ရော ဒိ အ တွက် ကြောင့် ယော ဟန် ကို ဖမ်း ဆီး ချည် နှောင်၍ ထောင် ချ ခဲ့ ပြီ။
သို့ ရာ တွင် လေ ပြင်း ထန် သည် ကို မြင် သော် ကြောက် ရွံ့၍ နစ် မြုပ် ဆဲ ရှိ သ ဖြင့် ကယ် တော် မူ ပါ အ ရှင် ဘု ရား ဟု အော် ဟစ် သော ကြောင့်၊
ယေ ရှု သည် ချက် ခြင်း လက် ဆန့်၍ ကိုင် တော် မူ လျက် ယုံ ကြည် ခြင်း နည်း ပါး သူ၊ အ ဘယ့် ကြောင့် ယုံ မှား သ နည်း ဟု မိန့် တော် မူ၏။
ကိုယ် တော် သည် ဘုန်း တော် ကြွယ် ဝ သည့် အ တိုင်း ဝိ ညာဉ် တော် အား ဖြင့် သင် တို့ အ ဇ္ဈ တ္တ လူ ကို ခွန် အား နှင့် သန် စွမ်း စေ တော် မူ ပါ မည့် အ ကြောင်း၊
ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊
အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
နာမတော်ကိုယုံကြည်သူတို့တည်းဟူသော လက်ခံသူဟူသမျှတို့အား၊ ဘုရားသခင်၏ သားဖြစ်ထိုက်သောအခွင့်ကိုသနားတော်မူ၏။
ထိုသားတို့သည်အသွေးချင်းအားဖြင့်မဟုတ်။ အသားရမ္မက်အားဖြင့်မဟုတ်။ လူ့ဆန္ဒအားဖြင့်လည်းမဟုတ်။ ဘုရားသခင့်အားဖြင့်ဖွားရကြ၏။
ယုံ ကြည် ခြင်း အား ဖြင့် သူ သည် မျက် မြင် မ ရ သော အ ရှင် ကို ဖူး မျှော် ရ သ ကဲ့ သို့ တည် ကြည် စွာ နေ လျက် ဘု ရင် မင်း အ မျက် ကို မ ကြောက် ဘဲ အိ ဂျစ် ပြည် ကို စွန့်၏။
ယေ ရှု သည် အ သေ ခံ ပြီး နောက် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း ငါ တို့ ယုံ လျှင် ယေ ရှု အား ဖြင့် အိပ် ပျော် သူ တို့ ကို လည်း ကိုယ် တော် နှင့် တ ကွ ထို နည်း တူ ဘု ရား သ ခင် ပို့ ဆောင် တော် မူ လိမ့် မည်။
ဘု ရား မဲ့ နေ သူ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ သော အ ရှင် အား ကိုယ် ကျင့် ကင်း လျက် ယုံ ကြည် သူ၌ မူ ကား ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ၏။
ထိုကြောင့်သင်တို့သည် ကိုယ့်အပြစ်၌သေကြလိမ့်မည် ငါဆိုခဲ့၏။ ငါဖြစ်သည်ကိုသင်တို့မယုံလျှင် ကိုယ့်အပြစ်၌သေရကြလတ္တံ့ဟု မိန့်တော်မူ၏။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။
ထို သို့ သော ပါ ရ မီ နှင့် ဆန့် ကျင် သော တ ရား မ ရှိ။
အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။
ထပ် မံ၍ မည် သို့ ပြော ဆို ရ ဦး မည် နည်း။ ဂိ ဒေါင်၊ ဗာ ရက်၊ ရှံ ဆုံ၊ ယေ ဖ သ၊ ဒါ ဝိဒ်၊ ရှ မွေ လ မှ စ၍ ပ ရော ဖက် တို့ အ ကြောင်း ပြန် ကြား လျှင် အ ချိန် လောက် မည် မ ဟုတ်။
ယုံ ကြည် ခြင်း အား ဖြင့် ထို ပု ဂ္ဂိုလ် တို့ သည် နိုင် ငံ များ ကို အောင် နိုင် ခွင့်၊ ဖြောင့် မှန် စွာ စီ ရင် ခွင့်၊ က တိ တော် များ ကို ခံ စား ခွင့်၊ ခြင်္သေ့ များ ကို နှုတ် ပိတ် ခွင့်၊
မီး အ ရှိန် ကို ငြိမ်း ခွင့်၊ ဓား ဘေး လွတ် ခွင့်၊ ခွန် အား နည်း သည့် အ ဖြစ် မှ ခွန် အား ကြီး ခွင့်၊ စစ် ရေး ၌ စွမ်း ရည် သ တ္တိ ရှိ ခွင့်၊ လူ မျိုး ခြား တပ် များ ကို တွန်း လှန် ခွင့် ရ ကြ၏။
ထာ ဝ ရ ဘု ရား သ ခင် သည်၊ နေ နှင့် ဒိုင်း လွှား ဖြစ် တော် မူ ၏။ ထာ ဝ ရ ဘု ရား သည်၊ ကျေး ဇူး တော် နှင့် ဘုန်း အ သ ရေ ကို သ နား၍၊ စုံ လင် စွာ ကျင့် ကြံ သူ တို့ အား၊ ကောင်း သော အ ရာ ကို ငြင်း တော် မူ မည် မ ဟုတ်။
ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော်၌ ကိုး စား သော သူ သည် မင်္ဂ လာ ရှိ ပါ၏။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
ဟော ပြော ခွင့် ရ၍ နက် နဲ ရာ ရှိ သ မျှ၊ အ သိ ပ ညာ ရှိ သ မျှ ကို ထိုး ထွင်း လျက် တောင် များ ကို ရွှေ့ နိုင် သည့် တိုင် အောင် ယုံ ကြည် ခြင်း အ စုံ အ လင် ရ သော် လည်း မေ တ္တာ မ ရှိ လျှင် အ ချည်း နှီး ဖြစ်၏။
သို့ ဖြစ်၍ အ ရှင် ဘု ရား၌ အ ကျဉ်း သား ဖြစ် သူ ငါ က သင် တို့ သည် မေ တ္တာ နှင့် အ ချင်း ချင်း သည်း ခံ လျက် ဝိ ညာဉ် တော် ပေး သော တ ဝ တည်း အ ဖြစ် ကို ရန် ကင်း ခြင်း အ ဖွဲ့ အ နှောင် အား ဖြင့် စောင့် ထိန်း ရန် စေ တ နာ ထက် သန် လျက် ခပ် သိမ်း သော နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း နှင့် တ ကွ ခေါ် ထား တော် မူ ရာ အ ဖြစ် အ နေ နှင့် ထိုက် လျော် စွာ ကျင့် ကြံ ကြ စေ ရန် နှိုး ဆော် ပါ ၏။
ထို သို့ ဆင်း သက် တော် မူ သော အ ရှင် သည် အ ရာ ရာ ကို ပြည့် စုံ စေ ခြင်း ငှါ ကောင်း ကင် အ ထပ် ထပ် အ ထက် တက် ကြွ တော် မူ သော အ ရှင် ဖြစ် သည့် အ တိုင်း၊
ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် သိ ကျွမ်း ခြင်း ကြောင့် တစ် ဝ တည်း အ ဖြစ်၊ အ ရွယ် ရောက် သူ အ ဖြစ်၊ ခ ရစ် တော်၏ ပြည် စုံ ခြင်း လုံး ရပ် အ ဖြစ် သို့ ငါ တို့ ရှိ သ မျှ ရောက် သည့် တိုင် အောင် သီး သန့် ထား တော် မူ သူ တို့ ကို စုံ လင် ကြ စေ ရန် အ မှု တော် ဆောင် ရွက် ခြင်း၊ ခ ရစ် တော်၏ ကိုယ် ခ န္ဓာ တော် တည် ဆောက် ခြင်း အ လို့ ငှါ တ မန် တော် များ၊ ပ ရော ဖက် များ၊ ဓ မ္မ က ထိ က များ၊ အုပ် ထိန်း သူ ဆ ရာ များ ကို ချ ပေး တော် မူ၏။
သို့ မှ ငါ တို့ သည် လူ တို့ လှည့် စား ခြင်း၊ မိ စ္ဆာ ဒိ ဌိ ကြံ စည် ရာ စဉ်း လဲ ခြင်း ဖြင့် ရှိ သ မျှ သော သြ ဝါ ဒ လေ ဝှေ့ တိုက် ရာ ပါ သွား သော သူ ငယ် များ မ ဖြစ် ဘဲ၊
မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။
တစ် ခ န္ဓာ လုံး သည် အင်္ဂါ အ သီး အ သီး ပြု ပြင် သည် နှင့် အ မျှ အင် အား အ ရင်း နှင့် ဆက် သွယ် ခြင်း အ မျိုး မျိုး ဖြင့် စေ့ စပ် ဖွဲ့ စည်း လျက် မေ တ္တာ၌ ကိုယ် ကို ဆောက် တည် ရ ခြင်း အ လို့ ငှါ ဦး ထိပ် တော် မှ ကြီး ပွား မှု ပြု ရ ၏။
သို့ ဖြစ်၍ အ ချည်း နှီး ကြံ စည် လျက် ပြု ကျင့် လေ့ ရှိ သော လူ မျိုး ခြား တို့ ကဲ့ သို့ သင် တို့ မ ပြု ကျင့် ကြ စေ ရန် အ ရှင် ဘု ရား အား ဖြင့် ငါ ဆုံး မ သ တိ ပေး ၏။
ထို သူ တို့ သည် ဉာဏ် မိုက် မဲ လျက် စိတ် ခဲ ယဉ်း ခြင်း ကြောင့် ဖြစ် သော အ ဝိ ဇ္ဇာ အား ဖြင့် ဘု ရား သ ခင်၏ အ သက် တော် နှင့် စိမ်း ကား လျက်၊
ပြောင် တိုက် ဝံ့ သည့် အ လျောက် ကာ မ ဂုဏ် လိုက် စား ရန် ကိုယ် ကို လွှဲ အပ် သ ဖြင့် ညစ် ညူး မှု အ မျိုး မျိုး ကို ရ မ္မက် နှင့် ပြု တတ် ကြ၏။
သင် တို့ မူ ကား ယေ ရှု၌ သ မ္မာ တ ရား တည် သည် နှင့် အ ညီ ကိုယ် တော့် အ ကြောင်း ကြား နာ ခြင်း၊ ကိုယ် တော့် အား ဖြင့် သင် ကြား ခြင်း ခံ ခဲ့ သည် မှန် လျှင်၊
ထို သို့ မ သင် ကြား ဘဲ အ ထက် အ ပြု အ ကျင့် ဖြစ် သော လှည့် စား ခြင်း လော ဘ အ လိုက် ပျက် ယွင်း တတ် သော လူ ဟောင်း ကို ချွတ် ပယ် စေ ရန် လည်း ကောင်း၊
စိတ် အ ကြံ အ စည် အ သစ် ရ စေ ရန် လည်း ကောင်း၊
သ မ္မာ တ ရား ဆိုင် ရာ ဖြောင့် မတ် သန့် ရှင်း ခြင်း အား ဖြင့် ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ ဖန် ဆင်း သော လူ သစ် ကို ဝတ် ဆင် စေ ရန်လည်း ကောင်း သင် ကြား ကြ လေ ပြီ။
သို့ ဖြစ်၍ ငါ တို့ သည် ကိုယ် အင်္ဂါ ချင်း ဖြစ် ကြ သော ကြောင့် မု သာ ကို စွန့် ပယ် လျက်၊ သ စ္စာ စ ကား ကို အ ချင်း ချင်း ပြော ဆို ကြ လော့။
စိတ် ဆိုး သည် တွင် အ ပြစ် မ သင့် စေ နှင့်။ မာရ် နတ် ကို အ ခွင့် မ ပေး ဘဲ၊ နေ မ ဝင် မီ စိတ် ပြေ ကြ လော့။
ခိုး ဖူး သူ သည် ထပ် မံ မ ခိုး ဘဲ ဆင်း ရဲ သူ့ အား ပေး ကမ်း နိုင် ရန် ကောင်း သော အ လုပ် ကို ကိုယ့် လက် ဖြင့် ကြိုး စား လုပ် ကိုင် စေ။
သင် တို့ နှုတ် မှ အ လ ဇ္ဇီ စ ကား မ ထွက် စေ ဘဲ၊ ကြား နာ သူ တို့၌ အ ကျိုး ကျေး ဇူး ဖြစ် စေ ရန်၊ ဆောက် တည် ဖွယ် ကောင်း သော စ ကား ကို သာ ထွက် စေ ကြ လော့။
ငါ မိန့် ဆို ချက် များ ကို မ လိုက် နာ ဘဲ ငါ့ ကို အ ရှင် ဘု ရား၊ အ ရှင် ဘု ရား ဟု အ ဘယ် ကြောင့် လျှောက် ကြ သ နည်း။
ပျင်း ရိ ခြင်း မ ရှိ ဘဲ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း ကြောင့် က တိ တော် အ တိုင်း အ မွေ ခံ ရ သူ တို့ ပုံ စံ ကို လိုက် သူ များ ဖြစ် စေ လို၏။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
အ သို့ ဆို သော် ခ ရစ် တော် ကို ယုံ ကြည် ခွင့် သာ မ ဟုတ်။ ငါ၌ မြင် ရ ဖူး သည့်၊ ယ ခု လည်း ကြား ရ သည့် တိုက် လှန် ခြင်း မျိုး ကို တွေ ကြုံ လျက် ခ ရစ် တော် အ တွက် ကြောင့် ဒု က္ခ ခံ ခွင့် ကို သင် တို့ အား ပေး သ နား တော် မူ လေ ပြီ။
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။
အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။