ဘုရားသခင်ရဲ့ မေတ္တာတော်ကြောင့် ကိုယ့်မှာ စစ်မှန်တဲ့ ကောင်းမြတ်ခြင်းတွေ ပေါ်ထွက်လာပြီး အဲဒီမေတ္တာတော်ကို ပြန်လည်ဖော်ပြနိုင်ပြီဆိုတာ သိလား။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ မေတ္တာထားခြင်းဆိုတဲ့ ကောင်းမြတ်တဲ့ အရည်အသွေးတွေကို ဘုရားသခင်က သားသမီးတွေကို ပေးသနားတယ်။
ကိုယ်တော်ကို ယုံကြည်ကိုးစားတဲ့စိတ်က ကိုယ့်ကို ဘုရားသခင်ရဲ့ စစ်မှန်တဲ့ သားသမီးဖြစ်စေတယ်။ ဘာလို့လဲဆိုတော့ သားသမီးတွေသာ ခမည်းတော်ကို သိကျွမ်းခွင့်ရတယ်။ အဲဒီအတွက် ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်မှာ အေးချမ်းစွာ နားခိုနိုင်တယ်။ ဘုရားသခင်ကို ယုံကြည်သူတွေရဲ့ ဘဝမှာ ဖော်ပြမရတဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ပြည့်နှက်နေတယ်။
သန့်ရှင်းသောဝိညာဉ်တော်ကို မျှော်လင့်စောင့်စားခြင်းက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ခိုင်မာစေတယ်။ ဒီအရည်အသွေးက ကိုယ့်ကို သူများနဲ့ မတူညီအောင် ခွဲခြားပေးတယ်။ ကိုယ့်ရဲ့ ကမ္ဘာကြီး ပြိုကွဲသွားတော့မယ်လို့ ထင်ရတဲ့အချိန်မှာတောင် ယေရှုကို ယုံကြည်တဲ့ ကိုယ့်ရဲ့ယုံကြည်ခြင်းက မပျက်စီးနိုင်ဘူး။
လောကကြီးရဲ့ အသံတွေကို မလိုက်နာဘဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို စွဲကိုင်ထားသူတွေဟာ ကောင်းမြတ်သူတွေပဲ။ လမ်းခရီးက မဖြစ်နိုင်ဘူးလို့ ထင်ရပြီး ထွက်ပေါက်မမြင်ရတဲ့အချိန်မှာတောင် ဘုရားသခင်ကို မျှော်လင့်ခြင်း မစွန့်လွှတ်ပါနဲ့။ ပန်းတိုင်ကို မျှော်ကြည့်ထားပါ။ တစ်ချိန်ချိန်မှာ ဘုရားသခင် လုပ်ဆောင်ပေးလိမ့်မယ်။
မေတ္တာကို ရင်ထဲမှာ သိမ်းဆည်းထားပါ။ ဘုရားသခင်အပေါ်ထားတဲ့ မေတ္တာကြောင့် မှောင်မိုက်ထဲကနေ အလင်းထဲ ခေါ်ဆောင်ခံရတဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို မစွန့်လွှတ်ဘဲ ጸን့်မြဲနေနိုင်မှာပါ။ ယုံကြည်ခြင်းမှာ ခိုင်မာပါ။ နေ့တိုင်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပါ။ ကိုယ်တော်ပြောတဲ့ ဘာမှ မသံသယဝင်ပါနဲ့။ ဘုရားသခင်က မလိမ်ညာဘူး။ ကိုယ်တော်က ကတိတော်တွေကို ပြည့်စုံစေပြီး ကိုယ်နဲ့ မိဘတွေနဲ့ ပြုလုပ်ခဲ့တဲ့ ပဋိညာဉ်ကို စောင့်ရှောက်တယ်။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
ဖြောင့် မတ် သူ သည် ယုံ ကြည် ခြင်း အား ဖြင့် အ သက် ရှင် လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ ဘု ရား သ ခင်၏ ဖြောင့် မတ် တော် မူ ခြင်း သည် အ ဆင့် ဆင့် တိုး တက် သော ယုံ ကြည် ခြင်း ဖြင့် သ တင်း တော် မြတ်၌ ထင် ရှား လျက် ရှိ၏။
တတ် နိုင် လျှင် ဟူ၍ ဆို ရက် ပေ စွ။ ယုံ ကြည် သော သူ့ အား အ ရာ ခပ် သိမ်း ကို တတ် နိုင် သည် ဟု
ယေရှုက သင်ယုံလျှင် ဘုရားသခင့်ဘုန်းတော်ကိုမြင်ရလိမ့်မည် ငါဆိုခဲ့ပြီမဟုတ်လောဟု မိန့်တော်မူ၏။
ယုံ မှား သံ သ ယ အ လျှင်း မ ရှိ ဘဲ ယုံ ကြည် လျက် တောင်း လျှောက် စေ။ ယုံ မှား သံ သ ယ ရှိ သူ သည် လေ ပြင်း တိုက် ခတ် သော ပင် လယ် လှိုင်း နှင့် တူ သ ဖြင့် စိတ် ဒွိ ဟ ရှိ လျက်၊
ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
သ စ္စာ စောင့် ခြင်း အား ဖြင့် အ သက် ရှင် ရ သော် လည်း၊ ထို လူ မျိုး ကား၊ စိတ် သ ဘော မ ဖြောင့် မ မှန် ဘဲ မောက် မာ လျက်၊
ကျမ်း ဂန် က လည်း မည် သူ မ ဆို ကိုယ် တော် ကို ယုံ ကြည် လျှင် အ ရှက် မ ကွဲ ရ ဟု အ ဆို ရှိ၏။
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
ညီ အစ် ကို တို့၊ သင် တို့ ယုံ ကြည် ခြင်း အ လွန် တိုး ပွား သည့် ပြင် အ ချင်း ချင်း တို့ အား အ သီး အ သီး တို့ မေ တ္တာ ကြွယ် ဝ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ထိုက် လျော် သည့် အ တိုင်း ငါ တို့ အ စဉ် ချီး မွမ်း ရ ကြ ၏။
မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။
ယေရှုက ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ ဇီဝအသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သူသည် သေသော်လည်းရှင်လိမ့်မည်။မည်သူမဆိုအသက်ရှင်လျက် ငါ့ကိုယုံကြည်လျှင် အဘယ်ကာလမျှသေတော့မည်မဟုတ်။ ဤစကားကို ယုံသလောဟုမေးတော်မူရာ၊
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
အ ချင်း လူ မိုက်၊ ကိုယ် ကျင့် ကင်း သော ယုံ ကြည် ခြင်း သည် အ ကျိုး မ ရှိ ကြောင်း သိ လို သ လော။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုများကိုလည်းကောင်း၊ ထိုထက်ကြီးမြတ်သောအမှုများကိုလည်းကောင်း၊ ပြုရလိမ့်မည်။
သင် တို့ ဘောင် တွင် လူ ရှိ သ မျှ အား ငါ ခံ စား ရ သော ကျေး ဇူး တော် ကြောင့် ထပ် ဆို သည် ကား၊ ကိုယ် ကို ထင် သင့် သည် ထက် လွန်၍ မ ထင် ဘဲ အ သီး အ သီး တို့ အား ဘု ရား သ ခင် ဝေ မျှ တော် မူ သော ယုံ ကြည် ခြင်း ပ မာ ဏ အ တိုင်း သင့် လျော် စွာ ထင် ကြ လော့။
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
ယေရှုကလည်း သင်သည်ငါ့ကိုမြင်ရသောကြောင့်ယုံကြည်လေစွ။ မမြင်ဘဲလျက်ယုံကြည်သူတို့၌ မင်္ဂလာရှိသည်ဟုမိန့်တော်မူ၏။
သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
ယုံ ကြည်၍ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သူ သည် ကယ် တင် ခြင်း သို့ ရောက် လ တ္တံ့။ မ ယုံ ကြည် သူ မူ ကား အ ပြစ် စီ ရင် ခံ ရ လ တ္တံ့။
အ သို့ ဆို သော် နှ လုံး ဖြင့် ယုံ ကြည်၍ ဖြောင့် မတ် ရာ၊ နှုတ် ဖြင့် ဝန် ခံ၍ ကယ် တင် ရာ ရောက် ခွင့် ရှိ၏။
ယုံ ကြည် ခြင်း အား ဖြင့် စာ ရာ့ ကိုယ် တိုင် ပင် က တိ ထား ခဲ့ သော အ ရှင့် သ စ္စာ တည် တော် မူ ကြောင်း မှတ် ယူ လျက် အ ရွယ် လွန် ပြီး နောက် သ န္ဓေ ယူ နိုင် ခွင့် တန် ခိုး ကို ရ သည် ဖြစ် ၍၊
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။
ကိုယ် တော် သည် ဘုန်း တော် ကြွယ် ဝ သည့် အ တိုင်း ဝိ ညာဉ် တော် အား ဖြင့် သင် တို့ အ ဇ္ဈ တ္တ လူ ကို ခွန် အား နှင့် သန် စွမ်း စေ တော် မူ ပါ မည့် အ ကြောင်း၊ယုံ ကြည် ခြင်း အား ဖြင့် သင် တို့ စိတ် နှ လုံး၌ ခ ရစ် တော် စံ နေ တော် မူ ပါ မည့် အ ကြောင်း မေ တ္တာ တ ရား၌ အ မြစ် စွဲ ခြင်း၊ တိုက် မြစ် ချ ခြင်း ခံ ရ သော သင် တို့ သည်၊
ပြေး ပွဲ မြတ်၌ ငါ့ လုံ့ လ ထုတ် ပြီ။ တာ အ ဆုံး တိုင် ရောက် ပြီ။ ယုံ ကြည် ခြင်း တ ရား ကို စောင့် ထိန်း ခဲ့ ပြီ။ယ ခု မှ စ၍ ငါ့ အ ဖို့ ဖြောင့် မတ် ခြင်း ဆိုင် ရာ သ ရ ဖူ ရန် ထား လျက် ရှိ သ ဖြင့် ဖြောင့် မတ် သော တ ရား မင်း တည်း ဟူ သော အ ရှင် ဘု ရား သည် ထို သ ရ ဖူ ကို ငါ့ အား သာ မ ဟုတ်၊ ထင် ရှား တော် မူ ခြင်း ကို နှစ် သက် သူ ရှိ သ မျှ တို့ အား လည်း နေ့ တော် ကြီး၌ သ နား တော် မူ လိမ့် မည်။
ငွေ ကို တပ် မက် ခြင်း သည် အ ဆိုး အ မျိုး မျိုး၏ အ မြစ် မူ လ ဖြစ် သည့် အ လျောက် အ ချို့ သည် လိုက် စား သ ဖြင့် ယုံ ကြည် ခြင်း တ ရား လမ်း မှ လွှဲ သွား၍ များ ပြား စွာ သော က နှင့် ကိုယ် ကို ထုတ် ချင်း ခွင်း ကြ ပြီ။
သွား တော့။ သင့် ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ ဟု မိန့် တော် မူ သ ဖြင့် ချက် ခြင်း စ က္ခု အ လင်း ရ ၍ ခ ရီး တစ် လျှောက် နောက် တော် က လိုက် လေ ၏။
ခ ရစ် တော် ယေ ရှု၌ လှီး ဖြတ် ခြင်း မင်္ဂ လာ ရှိ မ ရှိ အ ကျိုး မ ပေး နိုင်။ ချစ် ခြင်း မေ တ္တာ ကို ပြု ပြင် သော ယုံ ကြည် ခြင်း သာ လျှင် ပေး နိုင် ၏။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
သို့ နှင့် အ ညီ ပ ညတ် တ ရား တော် ဆိုင် ရာ အ မျိုး အ နွယ်၌ သာ က တိ တော် ကို တည် စေ ရန် မ ဟုတ်။ လူ သေ တို့ အား ရှင် ပြန် စေ ခြင်း၊ မ ဖြစ် သေး သူ တို့ အား ဖြစ် ပြီး ကဲ့ သို့ မိန့် ဆို ခြင်း ပြု တော် မူ သော ဘု ရား သ ခင့် မျက် မှောက် တော် တွင် ယုံ ကြည် သူ သင့် ကို လူ မျိုး အ များ တို့၏ အ ဘ ဦး အ ဖြစ် ငါ ခန့် ထား ပြီ ဟု ကျမ်း ချက် အ ရ ငါ တို့ ရှိ သ မျှ၏ အ ဘ ဖြစ် သူ အာ ဗြ ဟံ၏ သ ဒ္ဓါ ဆိုင် ရာ အ မျိုး အ နွယ် အ ပေါင်း တို့၌ လည်း ကျေး ဇူး တော် အား ဖြင့် တည် စေ ရန် ယုံ ကြည် ခြင်း ကြောင့် ဖြစ် သ တည်း။
အ သက် တစ် ရာ ခန့် ရှိ၍ သူ၌ သေ သော ကိုယ် ကို လည်း ကောင်း၊ စာ ရာ၏ သေ သော ဝမ်း ကို လည်း ကောင်း၊ ထောက် ရှု ဆင် ခြင် သော် လည်း ယုံ ကြည် ခြင်း မ လျော့ ဘဲ၊
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
ခ ရစ် တော် ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သ မျှ သော သင် တို့ သည် ခ ရစ် တော် ကို ဝတ် ဆင် ပြီး ဖြစ် သည့် အ တိုင်း ယုံ ကြည် ခြင်း အား ဖြင့် ခ ရစ် တော် ယေ ရှု၌ ဘု ရား သ ခင့် သား များ ဖြစ် ကြ ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
ဒွိ ဟ နှင့် စား လျှင် မူ ကား စိတ် မ ချ ဘဲ စား သော ကြောင့် အ ပြစ် စီ ရင် ရာ ရောက်၏။ စိတ် မ ချ ဘဲ ပြု သ မျှ သည် အ ပြစ် ဖြစ်၏။
ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
ငါ့ကိုယုံကြည်သောသူသည် ကျမ်းဆိုရှိသည့်အတိုင်း သူ့ကိုယ်မှအသက်မြစ်ရေအဖြာဖြာ ထွက်စီးလိမ့်မည်ဟုကြွေးကြော်တော်မူ၏။
ကျမ်း ဂန် မှာ မူ ယေ ရှု ခ ရစ် ကို ယုံ ကြည် ခြင်း အား ဖြင့် ခံ စား ရ သော က တိ တော် ကို ယုံ ကြည် သူ တို့ အား သ နား တော် မူ စေ ခြင်း ငှာ ရှိ သ မျှ ကို အ ပြစ် တ ရား၌ အ ကျဉ်း ချ ထား လေ ပြီ။
ယေ ရှု က မ ကြောက် လင့်၊ ယုံ ကြည် ခြင်း သာ ရှိ လော့၊ သူ ငယ် မ ကျန်း မာ လိမ့် မည် ဟု မိန့် တော် မူ ပြီး လျှင်၊
အ ရှင် ယေ ရှု ကို ယုံ ကြည် လော့။ သို့ ပြု လျှင် သင် နှင့် အိမ် သူ အိမ် သား တို့ ပါ ကယ် တင် တော် မူ ခြင်း သို့ ရောက် ရ ကြ လိမ့် မည် ဟု ပြန် ဆို ပြီး နောက်၊
ညီ အစ် ကို တို့၊ သင် တို့ အ နက် မည် သူ မျှ ဆိုး သွမ်း၍ မ ယုံ ကြည် သော စိတ် နှ လုံး ရှိ သ ဖြင့် အ သက် ရှင် သော ဘု ရား သ ခင့် အ ထံ တော် မှ မ ဖောက် ပြန် စေ ရန် သ တိ ပြု လျက်၊
ငါ သည် ဝိ ညာဉ် ဆု ကျေး ဇူး တစ် စုံ တစ် ရာ ကို ဝေ မျှ သည့် အ လျောက် တည် ကြည် ရ စေ ခြင်း ငှါ သင် တို့ ကို တွေ့ မြင် လို လှ၏။ထို သို့ ဆို သော် ငါ နှင့် သင် တို့ သည် နှစ် ဘက် လုံး သ ဒ္ဓါ ယုံ ကြည် ခြင်း အား ဖြင့်၊ အ ချင်း ချင်း နှစ် သိမ့် ခွင့် ရ စေ ရန် တည်း။
ယ ခု ခေတ် မှာ မူ ပ ည တ္တိ ကျမ်း နှင့် ပ ရော ဖက် ကျမ်း များ သက် သေ ခံ သည့် အ တိုင်း ပ ညတ် တ ရား နှင့် ကင်း သော ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း၊ ယေ ရှု ခ ရစ် ကို ယုံ ကြည် သော အား ဖြင့်၊ ယုံ ကြည် သူ အ ပေါင်း တို့ အ ပေါ် သို့ သက် ရောက် သည့် ဘု ရား သ ခင်၏ ဖြောင့် မတ် ခြင်း သည် ထင် ရှား လျက် ရှိ၏။
ချစ် သား ဖြစ် သော သင် တို့ မူ ကား သင် တို့ အ ထူး သန့် ရှင်း သော ယုံ ကြည် ခြင်း တ ရား တော့် အ ပေါ်၌ ကိုယ် ကို တည် ဆောက် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ပ ဌ နာ ပြု လျက်၊ထာ ဝ ရ အ သက် ကို ဝင် စား ရ သည့် တိုင် အောင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ က ရု ဏာ တော် ကို စောင့် မျှော် လျက် ဘု ရား သ ခင်၏ မေ တ္တာ တော်၌ ကိုယ် ကို စောင့် ထိန်း ကြ လော့။
ယေ ရှု က ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း ရှိ ကြ လော့။မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
အ ရှင် ဘု ရား အား တ မန် တော် တို့ က တ ပည့် တော် တို့ ယုံ ကြည် ခြင်း ကို တိုး ပွား စေ တော် မူ ပါ ဟု လျှောက် ကြ သော်၊အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။
ဤ လော က ကို အောင် မြင် သော သူ သည် မည် သူ နည်း။ ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် သည် ဟု ယုံ ကြည် သူ မ ဟုတ် လော။
သ စ္စာ လမ်း ကို အ ကျွန်ုပ် ရွေး ချယ်၍၊ ဆုံး ဖြတ် တော် မူ ချက် များ ကို မျက် မှောက် ပြု ပါ ပြီ။
ငါ သည် ဒု က္ခ များ ကို ခံ ရ သော် လည်း၊ ရှက် ကြောက် ခြင်း မ ရှိ။ ငါ ယုံ ကြည် ပြီး သော အ ရှင် ကို သိ ကျွမ်း သည့် အ တိုင်း ငါ့ အား လွှဲ အပ် တော် မူ ရာ ကို နေ့ တော် မ တိုင် မ ချင်း စောင့် ထိန်း တော် မူ နိုင် သည် ဟု စိတ် ချ ၏။
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
ထာ ဝ ရ ဘု ရား ကို၊ ငါ ရှာ ဖွေ ရာ၊ ကိုယ် တော် နား ညောင်း ၍၊ ငါ ကြောက် ဖွယ် ရှိ သ မျှ မှ ကယ် လွှတ် တော် မူ ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
သို့ ဖြစ်၍ အ ရှင် ခ ရစ် တော် ယေ ရှု ကို လက် ခံ ကြ သည့် နည်း တူ ကိုယ် တော်၌ ကျင့် ကြံ ပြု မူ သ ဖြင့်တိုက် မြစ် ချ လျက်၊ အ တည် အ ဆောက် ခံ လျက် သင် ကြား ခဲ့ သည့် အ တိုင်း ယုံ ကြည် ခြင်း တ ရား၌ ခိုင် ခံ့ လျက် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ ချီး မွမ်း လျက် ရှိ နေ ကြ လော့။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။
နာ မ တော် အား ယုံ ကြည် ခြင်း ဖြင့် သင် တို့ သိ မြင် သော ဤ သူ့ ကို ထို အ ရှင်၏ နာ မ တော် ပင် ကျန်း မာ စေ ပြီ။ ထို အ ရှင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ ရှေ့ ကြန် အင် စုံ စေ လေ ပြီ။
ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။
သင် တို့ မူ ကား မှောင် မိုက် ထဲ မှ အံ့ ဖွယ် သော အ လင်း တော် ထဲ သို့ ခေါ် ခဲ့ တော် မူ သော အ ရှင်၏ ဘုန်း တော် ကို ဖော် ပြ စေ ခြင်း ငှာ ရွေး ချယ် သော လူ မျိုး တော် ပ ရော ဟိတ် နိုင် ငံ တော် သီး သန့်၍ ပိုင် ဆိုင် တော် မူ ရာ လူ မျိုး တော် ဖြစ် လျက်
ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊
သင် တို့ ယုံ သည့် အ တိုင်း ဖြစ် စေ ဟု ဆို လျက် သူ တို့၏ မျက် စိ များ ကို တို့ တော် မူ သ ဖြင့် ပွင့် လင်း ရ၏။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။