ယုံ ကြည် ခြင်း သည် မျှော် လင့် ရာ များ၌ စိတ် ချ ခြင်း၊ မျက် ကွယ် ရာ များ ကို မျက် မှောက် ပြု ခြင်း ဖြစ်၏။
သို့ နှင့် အ ညီ ယုံ ကြည် ခွင့် သည် ကြား နာ ခြင်း ကြောင့်၊ ကြား နာ ခွင့် လည်း ခ ရစ် တော် သ တင်း ကြောင့် သာ ဖြစ် ၏။
ဘု ရား သ ခင့် ထံ ချဉ်း ကပ် လို သူ သည် ကိုယ် တော် ရှိ တော် မူ ကြောင်း ကိုလည်း ကောင်း၊ လိုက် ရှာ သူ တို့ အား အ ကျိုး ပေး တော် မူ ကြောင်း ကိုလည်း ကောင်း ယုံ ကြည် ရ မည်။ ယုံ ကြည် ခြင်း မ ရှိ လျှင် စိတ် တော် နှင့် တွေ့ ရာ မ ရောက် နိုင် ချေ။
သင် တို့ ယုံ ကြည် ခြင်း နည်း ကြ သော ကြောင့် တည်း။ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား ဤ အ ရပ် မှ ထို အ ရပ် သို့ ရွှေ့ လော့ ဟု ဆို သော် ရွေ့ လိမ့် မည်။ သင် တို့ မ တတ် စွမ်း နိုင် သော အ ရာ မည် သည် မျှ ရှိ မည် မ ဟုတ်။ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။
သင် တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် ကျေး ဇူး တော် ကြောင့် ကယ် တင် ရာ ရောက် ခဲ့ ကြ သည် မှာ ကိုယ့် အ စွမ်း ကြောင့် မ ဟုတ်။ ကိုယ့် အ ကျင့် ကြောင့် လည်း မ ဟုတ်။ မည် သူ မျှ ဂုဏ် မ တင် မိ စေ ရန် ဘု ရား သ ခင့် ဆု ကျေး ဇူး တော် ကြောင့် တည်း။
စောင့် နေ လျက်၊ ယုံ ကြည် ခြင်း တ ရား တော်၌ ရပ် တံ့ လျက် ယောက်ျား ဘာ ဝ အား ထုတ် လျက်၊ ရဲ ရင့် လျက် နေ ကြ လော့။
သို့ ဖြစ်၍ ယုံ ကြည် ခြင်း အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ကြောင့် ငါ တို့ သည် ဘု ရား သ ခင် ရှေ့ တော်၌ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငြိမ် သက် ခြင်း ကို ခံ စား ကြ ကုန် အံ့။ရန် ဘက် ဖြစ် ကြ စဉ် သား တော် အ သေ ခံ တော် မူ ခြင်း ကြောင့် ဘု ရား သ ခင် နှင့် မိတ် သ ဟာ ယ ဖွဲ့ ခြင်း ရ ခဲ့ ကြ လျှင် ထို ဖွဲ့ ခြင်း ကို ရ ပြီး ဖြစ် လျက် အ သက် ရှင် တော် မူ ခြင်း အား ဖြင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။ထို မျှ မ က မိတ် သ ဟာ ယ ဖွဲ့ ခြင်း ကို ယ ခု ရ စေ သော၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကြောင့် ဘု ရား သ ခင်၌ ရွှင် လန်း ရ ကြ၏။သို့ ဖြစ်၍ လူ တစ် ယောက် ကြောင့် အ ပြစ် တ ရား သည် ဤ လော က ထဲ သို့ ဝင် လာ လျက် သေ ခြင်း တ ရား လည်း အ ပြစ် တ ရား ကြောင့် ဝင် ရောက် သ ဖြင့် လူ ခပ် သိမ်း တို့ ပြစ် မှား ကြ သည့် အ လျောက် ရှိ သ မျှ အ ပေါ် သို့ သေ ခြင်း တ ရား သင့် ရောက် သည် နှင့် အ ညီ၊ပ ညတ် တ ရား မ ရှိ မီ ဤ လော က၌ အ ပြစ် တည် နှင့် လျက် ပင်၊ ပ ညတ် တ ရား မ ရှိ သည့် ကာ လ အ ပြစ် မ တင် ရ သော် လည်း၊အာ ဒံ့ လက် ထက် မှ မော ရှေ့ လက် ထက် တိုင် အာ ဒံ လွန် ကျူး မှု အ လိုက် မ ပြစ် မှား သူ တို့ အ ပေါ် တွင် ပင် သေ ခြင်း တ ရား မင်း မူ သ တည်း။ ထို အာ ဒံ သည် ကြွ လာ လ တ္တံ့ သော အ ရှင့် ပုံ ဖြစ် ခဲ့ သော် လည်း၊လွန် ကျူး မှု အ လိုက် နှင့် ဆု ကျေး ဇူး တော် တူ သည် မ ဟုတ်။ တစ် ဦး၏ လွန် ကျူး မှု အား ဖြင့် အ များ သေ သည် မှန် က ဘု ရား သ ခင်၏ ကျေး ဇူး တော် နှင့် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ၏ ကျေး ဇူး အား ဖြင့် သက် ရောက် သော ဆု တော် သည် အ များ တို့ အ ဖို့ သာ ၍ ကြွယ် ဝ ၏။၎င်း ပြင် တစ် ဦး၏ ပြစ် မှု အ ကျိုး ဆက် အ လိုက် နှင့် ဆု တော် တူ သည် မ ဟုတ်။ တစ် ဦး ကြောင့် ပြစ် ဒဏ် စီ ရင် ချက် သင့် ရောက် သည် မှန် က လွန် ကျူး မှု အ များ ကြောင့် တ ရား သေ လွှတ် ချက် ဆု ကျေး ဇူး တော် သက် ရောက် သ တည်း။တစ် ဦး၏ လွန် ကျူး မှု အ တွက် သေ ခြင်း တ ရား သည် ထို လူ ကြောင့် မင်း မူ သည် မှန် က ကြွယ် ဝ သော ကျေး ဇူး တော် နှင့် ဖြောင့် မတ် ခြင်း ဆု တော် ကို ခံ ရ သူ တို့ သည် ယေ ရှု ခ ရစ် တည်း ဟူ သော တစ် ပါး သူ ကြောင့် အ သက် ရှင် လျက် မု ချ မင်း မူ ရ ကြ လိမ့် မည်။သို့ ဖြစ်၍ လွန် ကျူး မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ ပြစ် စီ ရင် ခံ ရ သည့် နည်း တူ ပင် ဖြောင့် မတ် မှု တစ် ခု ကြောင့် လူ ခပ် သိမ်း တို့ သည် အ သက် ရှင် ခြင်း နှင့် ဆိုင် သော ဖြောင့် မတ် ရာ ရောက် ရ ကြ၏။တစ် နည်း တစ် ဦး၏ နား မ ထောင် ခြင်း ကြောင့် အ များ သည် အ ပြစ် သား အ ဖြစ် ရောက် သည့် နည်း တူ ပင်၊ တစ် ပါး သူ၏ နား ထောင် ခြင်း ကြောင့် အ များ သည် ဖြောင့် မတ် သူ့ အ ဖြစ် ရောက် ရ ကြ လိမ့် မည်။ထို အ ရှင် အား ဖြင့် လည်း ယ ခု ငါ တို့ တည် နေ ရာ ကျေး ဇူး တော် သို့ ယုံ ကြည် ခြင်း ကြောင့် တိုး ဝင် ခွင့် ရ သည့် ပြင် ဘု ရား သ ခင့် ဘုန်း တော် ကို မျှော် လင့် လျက် ရွှင် လန်း ရ ကြ၏။
ငြိမ် ဝပ် စွာ နေ ကြ စေ။ ငါ သည် ဘု ရား သ ခင် ဖြစ် ကြောင်း သိ မှတ် ကြ စေ။ လူ မျိုး ခြား တို့ တွင် ဘုန်း ပွင့် မည်။ မြေ ကြီး ပေါ် မှာ ဘုန်း ပွင့် မည်။
သို့ ဖြစ် လျှင် ဤ အ ကြောင်း အ ရာ များ ကို ထောက် သော် မည် သို့ ဆို ရ အံ့ နည်း။ ဘု ရား သ ခင် သည် ငါ တို့ ဘက်၌ ရှိ တော် မူ လျှင် တစ် ဘက်၌ ရှိ ဝံ့ သူ ကား မည် သူ နည်း။
ယေ ရှု က ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း ရှိ ကြ လော့။မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ လင်း၊ ငါ့ ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ကြောက် ရ အံ့ နည်း။ ထာ ဝ ရ ဘု ရား သည်၊ ငါ့ အ သက် ၏ ခို လှုံ ရာ ဖြစ် တော် မူ သ ဖြင့်၊ မည် သူ့ ကို ရွံ့ ရ အံ့ နည်း။
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
က တိ ထား သော အ ရှင် သည် သ စ္စာ တည် တော် မူ သော ကြောင့် ငါ တို့ ဝန် ခံ ရာ မျှော် လင့် ခွင့် ကို မ ယိမ်း မ ယိုင် စွဲ မြဲ ခြင်း၊
အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။
သင် တို့ အ နက် တစ် ယောက် ယောက် ၌ ဉာဏ် ပ ညာ ယုတ် လျော့ လျှင် အ ပြစ် မ တင် ဘဲ သူ ခပ် သိမ်း တို့ အား ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင့် ထံ တောင်း လျှောက် စေ။ သ နား တော် မူ လိမ့် မည်။ယုံ မှား သံ သ ယ အ လျှင်း မ ရှိ ဘဲ ယုံ ကြည် လျက် တောင်း လျှောက် စေ။ ယုံ မှား သံ သ ယ ရှိ သူ သည် လေ ပြင်း တိုက် ခတ် သော ပင် လယ် လှိုင်း နှင့် တူ သ ဖြင့် စိတ် ဒွိ ဟ ရှိ လျက်၊
၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊
သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။
ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
စိတ် နှ လုံး တည် ကြည် သော သူ့ ကို၊ ကိုယ် တော် ၌ ကိုး စား သည် နှင့်၊ လုံ ခြုံ စွာ စောင့် ထိန်း တော် မူ၏။ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ နိ ယ မ ကျောက် တောင် ဖြစ် တော် မူ သော ကြောင့်၊ ကိုယ် တော်၌ အ စဉ် အ မြဲ ကိုး စား ကြ လော့။
ယေ ရှု က သင် တို့၌ သံ သ ယ ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် သ ဖန်း ပင် ကို ပြု ခဲ့ သည့် နည်း တူ ပြု နိုင် ရုံ မျှ မ က ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် လိမ့် မည်။ယုံ ကြည် လျက် လျှောက် တောင်း သ မျှ ကို လည်း ရ ကြ လိမ့် မည် ဟု မိန့် တော် မူ၏။
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် အား ရှာ ဖွေ သူ တို့ ကို စွန့် ထား တော် မ မူ သော ကြောင့်၊ နာ မ တော် အ ကျွမ်း ဝင် သူ တို့ သည်၊ ကိုယ် တော် ၌ ကိုး စား ကြ လိမ့် မည်။
အ ချင်း လူ မျိုး တော်၊ ဘု ရား သ ခင်၌ အ ခါ ခပ် သိမ်း ကိုး စား လျက်၊ ရှေ့ တော် ၌ စိတ် နှ လုံး ကို သွန် ပြ ကြ လော့။ ဘု ရား သ ခင် သည် ငါ တို့ အ ဖို့ ခို လှုံ ရာ ဖြစ် တော် မူ ၏။
ထာ ဝ ရ ဘု ရား ၏ ကောင်း မြတ် တော် မူ ခြင်း အ ရ သာ ကို ဝင် စား သိ မြင် ကြ လော့။ ကိုယ် တော်၌ ခို လှုံ သူ သည် မင်္ဂ လာ ရှိ ၏။
ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။
ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။
မြစ် များ ကို ကူး သွား ရ လျှင် လွှမ်း မိုး ခြင်း၊ မီး၌ သွား ရ လျှင် ပူ လောင် ခြင်း၊ မီး လျှံ သင့် ခြင်း များ ကို ခံ ရ မည် မ ဟုတ်။
ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊
က ရု ဏာ တော် ကို ခံ လျက် ထောက် မ သင့် သော အ ချိန်၌ ကျေး ဇူး တော် ကို ရ ခြင်း ငှာ ကျေး ဇူး ရာ ဇ ပ လ္လင် တော် သို့ ရဲ ရင့် စွာ ချဉ်း ကပ် ကြ ကုန် အံ့။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ စွမ်း အား၊ ငါ့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ၏။ ကိုယ် တော်၌ ခို လှုံ ခဲ့ သည့် အ တိုင်း အ ထောက် အ မ ခံ ရ၏။ ငါ့ စိတ် ရွှင် လန်း၍ ကိုယ် တော် ကို သီ ဆို ချီး မွမ်း မည်။
လူ တို့ ခံ ရ သော စုံ စမ်း ခြင်း မျိုး မှ တစ် ပါး သင် တို့ မ ခံ ခဲ့ ရ။ ဘု ရား သ ခင် သည် သ စ္စာ နှင့် ပြည့် စုံ သည့် အ လျောက် သင် တို့ ခံ ရပ် နိုင် သည် ထက် စုံ စမ်း စေ ခွင့် ပြု တော် မ မူ မည့် ပြင် စုံ စမ်း ခံ ရာ တွင် ခံ ရပ် နိုင် ကြ စေ ရန် လွတ် ရာ လွတ် ကြောင်း ကို ပြု ပြင် တော် ဦး မည်။
ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။
ထာ ဝ ရ ဘု ရား ၌ ကိုး စား သူ တို့ သည်၊ မ လှုပ် မ ရှား ရ ဘဲ တည် မြဲ တည် ရာ ဇိ အုန် တောင် ကဲ့ သို့ ဖြစ် ကြ ၏။
မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
ဘု ရား သ ခင့် နိုင် ငံ တော် နှင့် ဖြောင့် မတ် ခြင်း တ ရား တော် ကို ဦး စွာ ရှာ ကြ လော့၊ ထို အ ရာ အ လုံး စုံ ကို ထပ် မံ သ နား တော် မူ လိမ့် မည်။
သေ ခြင်း နှင့် ရှင် ခြင်း သော် လည်း ကောင်း၊ စေ တ မန် တော် နှင့် နတ် မင်း များ သော် လည်း ကောင်း၊ ပ စ္စု ပ္ပန် နှင့် အ နာဂတ် အ ရာ များ သော် လည်း ကောင်း၊ တန် ခိုး ရှင် များ သော် လည်း ကောင်း၊ ဘ ဝဂ် နှင့် အ ဝီ စိ သော် လည်း ကောင်း၊ဖန် ဆင်း ထား သော အ ရာ မည် သည် မ ဆို ငါ တို့ ကို အ ရှင် ခ ရစ် တော် ယေ ရှု၌ ရှိ သော ဘု ရား သ ခင်၏ မေ တ္တာ တော် မှ မ ကွာ စေ နိုင် ဟူ၍ ငါ စိတ် ချ သ တည်း။
ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။
သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။
လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။
စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
သို့ ရာ တွင် အ ရှင် ဘု ရား သည် သ စ္စာ ရှိ တော် မူ သည့် အ လျောက် သင် တို့ ကို တည် ကြည် စေ လျက် အ ဆိုး ကို ကွယ် ကာ တော် မူ လိမ့် မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ကျောက် တောင်၊ ငါ့ ခံ တပ်၊ ငါ့ ကို ကယ် လွှတ် သော အ ရှင်၊ ငါ့ ဘု ရား သ ခင်၊ ငါ ခို လှုံ ရာ ကျောက် စွယ်၊ ငါ့ ဒိုင်း လွှား၊ ငါ့ ကယ် တင် ရာ ဦး ချို၊ ငါ့ ရဲ တိုက် ဖြစ် တော် မူ ၏။
ရေး နှင့် သ မျှ ကျမ်း ချက် သည် ငါ တို့ တည် ကြည် ခြင်း အား ဖြင့် လည်း ကောင်း၊ ကျမ်း ဂန် တော် ကြောင့် ရ သော နှစ် သိမ့် ခြင်း အား ဖြင့် လည်း ကောင်း၊ မျှော် လင့် ခွင့် ရှိ ကြ စေ ရန် သွန် သင် ခြင်း အ ဖို့ ရေး ထား လျက် ရှိ ၏။
ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။
အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။
မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊
ထို အ ရှင် သည် ရွှင် လန်း ရန် အ ကြောင်း ကို မျှော် ထောက်၍ အ ရှက် မ ငဲ့ ဘဲ ကား တင် ခံ ပြီး လျှင် ဘု ရား သ ခင့် ရာ ဇ ပ လ္လင် ယာ ဘက် တော် တွင် စံ တော် မူ၏။
ရွှင် လန်း စွာ မျှော် လင့် လျက်၊ ဒု က္ခ ရောက် ရာ၌ တည် တံ့ လျက်၊ အ မြဲ ပ ဌ နာ ပြု လျက်၊ ဆင်း ရဲ သော တ ပည့် တော် တို့ အား ပေး ကမ်း လျက်၊ ဧည့် ဝတ် ပြု လျက် နေ ကြ လော့။
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
ငါ တို့ အ ပေါ်၌ ဘု ရား သ ခင် သက် တော် မူ သော ချစ် ခြင်း မေ တ္တာ ကို ငါ တို့ သိ မြင် ယုံ ကြည် ခဲ့ ကြ ပြီ။ ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည် နှင့် အ ညီ ချစ် ခြင်း မေ တ္တာ၌ တည် သူ သည် ဘု ရား သ ခင်၌ တည် လျက် ဘု ရား သ ခင် လည်း ထို သူ၌ တည် တော် မူ၏။
အ ချို့ တို့ သည် ရ ထား တပ်၌ လည်း ကောင်း၊ အ ချို့ တို့ သည် မြင်း တပ်၌လည်း ကောင်း၊ အား ကိုး ချီး မွမ်း တတ် ကြ၏။ ငါ တို့ မူ ကား၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် ၌ အား ကိုး ချီး မွမ်း ကြ မည်။
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
ငါ တို့ အ ထောက် အ မ၊ ငါ တို့ ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ သော ထာ ဝ ရ ဘု ရား ကို၊ စိတ် ပါ လျက် စောင့် မျှော် နေ ကြ ပြီ။သန့် ရှင်း သော နာ မ တော် ၌ ကိုး စား ကြ သော ကြောင့်၊ ကိုယ် တော် ၌ စိတ် ရွှင် လန်း ရကြ မည်။
ထာ ဝ ရ ဘု ရား သည်၊ ငါ့ ဘက်၌ ရှိ နေ တော် မူ သည့် အ လျောက်၊ ငါ မ ကြောက် မ ရွံ့၊ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း။
လူ ကို ကြောက် ရွံ့ ခြင်း သ ဘော သည်၊ ကျော့ မိ ရာ အ ကြောင်း ဖြစ်၏။ ထာ ဝ ရ ဘု ရား အား ကိုး စား သော သူ မူ ကား၊ စိတ် ချ စွာ နေ ရ လိမ့် မည်။
ဘု ရား သ ခင် သည်၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ပေ တည်း။ ယေ ဟော ဝါ ထာ ဝ ရ ဘု ရား သည်၊ ငါ၏ စွမ်း အား၊ ငါ ကျူး ဧ ဖွဲ့ ဆို ရာ၊ ငါ့ ကို ကယ် တင် ရာ အ ကြောင်း ဖြစ် စေ တော် မူ သ ဖြင့်၊ ကြောက် ရွံ့ ခြင်း ကင်း ၍ ကိုး စား ပါ မည် ဟု မြွက် ဆို လျက်၊
သူ ရှင် တို့ နေ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကောင်း မြတ် တော် မူ ခြင်း ကို မြင် ရ ပါ မည် ဟု ယုံ ကြည် ရင်း မ ဟုတ် လျှင်၊ အား လျော့ ပါ လေ ပြီ။ထာ ဝ ရ ဘု ရား ကို စောင့် မျှော် လျက်၊ အား ယူ၍ ရဲ ရင့် သော စိတ် ရှိ လော့။ ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ဦး လော့။
လူ ဆိုး သည်၊ ပူ ပန် ခြင်း များ တွေ့ ကြုံ ရ လိမ့် မည်။ ထာ ဝ ရ ဘု ရား၌ ကိုး စား သူ့ ကို ကား၊ က ရု ဏာ တော် ဝန်း ရံ လျက် ရှိ လိမ့် မည်။
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။
သို့ နှင့် အ ညီ ကြည့် လော့။ ငါ ရွေး ကောက် ရာ ထောင့် ကျောက် မြတ် ကို ဇိ အုန် မြို့၌ ငါ ချ ထား၏။ ကိုယ် တော် ကို ယုံ ကြည် သူ သည် အ ရှက် မ ကွဲ ရ ဟူ သော ကျမ်း တစ် ချက် ရှိ ၏။
ပါ ရ မီ သုံး ပါး တည်း ဟူ သော ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း၊ ချစ် ခြင်း မူ ကား တည် လျက် နေ၏။ ထို သုံး ပါး တွင် ချစ် ခြင်း မေ တ္တာ သည် အ ထူး အ မြတ် ဖြစ် သ တည်း။
ကိုယ့် ဝန် ကို ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ ထောက် မ တော် မူ လိမ့် မည်။ သူ တော် ကောင်း ကို မည် သည့် ကာ လ မျှ၊ ရွှေ့ သွား စေ ခွင့် ပြု တော် မူ မည် မ ဟုတ်။
ထို အ ရှင်၌ ငါ တို့ သည် ယုံ ကြည် ခြင်း အား ဖြင့် စိတ် ချ လျက် ရဲ ရင့် စွာ တိုး ဝင် ခွင့် ရ ကြ၏။
ငါ တို့ အ ရှင် တည်း ဟူ သော သား တော် ယေ ရှု ခ ရစ် နှင့် ပေါင်း သင်း ဆက် ဆံ ခွင့် ရှိ စေ ခြင် ငှာ သင် တို့ ကို ခေါ် ထား တော် မူ ခဲ့ သော ဘု ရား သ ခင် သည် သ စ္စာ စောင့် တော် မူ၏။
အို အ ရှင် ဘု ရား၊ ကိုယ် တော် သည် သ နား သော သ ဘော၊ ကျေး ဇူး ပြု သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ နှင့် သ စ္စာ ကြွယ် ဝ သော သ ဘော ရှိ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
သင် တို့ ယုံ သည့် အ တိုင်း ဖြစ် စေ ဟု ဆို လျက် သူ တို့၏ မျက် စိ များ ကို တို့ တော် မူ သ ဖြင့် ပွင့် လင်း ရ၏။
ဘု ရား သ ခင်၏ နည်း လမ်း တော် သည် စုံ လင်၏။ ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တော် သည် စစ် ဆေး ပြီး ဖြစ်၏။ ကိုး စား သ မျှ သော သူ တို့ အ ဖို့ ကိုယ် တော် သည် ဒိုင်း လွှား သ ဖွယ် ဖြစ် တော် မူ ၏။
ထာ ဝ ရ ဘု ရား သည် ငါ့ အ မှု ထ မြောက် စေ တော် မူ လိမ့် မည်။ အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် သည် ကာ လ အ စဉ် တည် သည့် အ လျောက်၊ လက် တော် ဖြင့် စီ ရင် သော အ မှု အ ရာ များ ကို စွန့် ပစ် တော် မ မူ ပါ နှင့်။
သ ဘော ပေါက်၍ ဆောင် ရွက် ကြ စေ ခြင်း ငှါ သင် တို့ စိတ် ထဲ၌ စေ တ နာ တော် အ လျောက် ပြု ပြင် တော် မူ သော အ ရှင် ကား ဘု ရား သ ခင် ပေ တည်း။
သူခိုးဖြစ်သူသည် ခိုးယူသတ်ဖြတ်ဖျက်ဆီးရန်သာ လာရောက်တတ်၏။ ငါမူကား အသက်ကိုရစေ၍ ကြွယ်ဝစေခြင်းငှါရောက်လာခဲ့ပြီ။
ယေရှုက ငါသည်အသက်စာဖြစ်၏။ ငါ့ထံလာရောက်သူသည် ဆာမွတ်ခြင်း၊ ငါ့ကိုယုံကြည်သူလည်း ရေငတ်ခြင်းမရှိရ။
သို့ ရာ တွင် အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ ကို မ စ တော် မူ သော ကြောင့် အ ရှက် မ ကွဲ ချေ။ အ ကျိုး မ ယုတ် ကြောင်း ငါ သိ ၍၊ မီး ခတ် ကျောက် သ ဖွယ် မျက် နှာ ကို ထား ၏။
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။
ကိုယ် တော် ကို အ ကျွန်ုပ်၏ အ သက် ဝိ ညာဉ် ထက် ကြပ် လိုက် ရှာ ရာ၌၊ ညာ လက် တော် ဖြင့် လှမ်း ကိုင် တော် မူ ပါ ၏။
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
သင် တို့ သည် သူ သေ တို့ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ၍ ဘုန်း ပွင့် စေ တော် မူ သော ဘု ရား သ ခင် အား ယုံ ကြည် ကြ သည့် အ လျောက် သင် တို့ ယုံ ကြည် ခြင်း နှင့် မျှော် လင့် ခြင်း လည်း ဘု ရား သ ခင် နှင့် ဆိုင် သ တည်း။
အ ရှင် ဘု ရား သည် မ ကောင်း ဟူ သ မျှ မှ ငါ့ ကို လွတ် မြောက် စေ ပြီး လျှင် ကိုယ် တော်၏ ကောင်း ကင် နိုင် ငံ တော် အ ဖို့ ကယ် တင် တော် မူ လိမ့် မည်။ ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး ပါ စေ သ တည်း။ အာ မင်။
ကြောက် ရွံ့ လျက် နေ ပြန် စေ ရန် ကျွန့် အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို သင် တို့ ခံ ရ ကြ သည် မ ဟုတ်။ အ ဗ္ဗ၊ အ ဘ ဟု ခေါ် စေ သော သား အ ဖြစ် ဆိုင် ရာ ဝိ ညာဉ် ကို ခံ ရ ကြ ပြီး သည် နှင့် အ ညီ၊ဘု ရား သ ခင့် သား များ ငါ တို့ ဖြစ် ကြောင်း ကို ငါ တို့ ဝိ ညာဉ် နှင့် အ တူ ဝိ ညာဉ် တော် ပင် သက် သေ ခံ တော် မူ၏။
မေ လ ခိ ဇေ ဒက် နည်း တူ ထာ ဝ ရ ပ ရော ဟိတ် မင်း ဖြစ် ပြီး လျှင် ငါ တို့ ရှေ့ ဆောင် ဖြစ် သော ယေ ရှု ဝင် ရောက် တော် မူ နှင့် ရာ ကန့် လန့် ကာ အ တွင်း ငါ တို့ စိတ် ဝိ ညာဉ်၏ ကျောက် ဆူး အ ဖြစ် ငါ တို့ ရ ရှိ သည့် မြဲ မြံ တည် ကြည် သော ထို မျှော် လင့် ရာ လည်း ဝင် ရောက် လျက် ရှိ၏။
ဘုရားသခင့်အမှုတော်မှာ စေလွှတ်တော်မူသူ့ကိုယုံကြည်ခြင်းတည်းဟု ယေရှုပြန်၍မိန့်တော်မူလျှင်၊
အို ထာ ဝ ရ ဘု ရား၊ နည်း တော် များ ကို ညွှန် ပြ၍၊ လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ကိုယ် တော် သည်၊ အ ကျွန်ုပ် ကို ကယ် တင် သော ဘု ရား သ ခင် ဖြစ် တော် မူ သည့် အ လျောက်၊ နေ့ ရှိ သ မျှ အ ကျွန်ုပ် စောင့် မျှော် သော ကြောင့်၊ သ စ္စာ တော် နှင့် ပို့ ဆောင်၍၊ သွန် သင် တော် မူ ပါ။
သို့ ဖြစ်၍ အ ရှင် ခ ရစ် တော် ယေ ရှု ကို လက် ခံ ကြ သည့် နည်း တူ ကိုယ် တော်၌ ကျင့် ကြံ ပြု မူ သ ဖြင့်တိုက် မြစ် ချ လျက်၊ အ တည် အ ဆောက် ခံ လျက် သင် ကြား ခဲ့ သည့် အ တိုင်း ယုံ ကြည် ခြင်း တ ရား၌ ခိုင် ခံ့ လျက် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ ချီး မွမ်း လျက် ရှိ နေ ကြ လော့။
ယုံ ကြည် ခြင်း အား ဖြင့် ထို ပု ဂ္ဂိုလ် တို့ သည် နိုင် ငံ များ ကို အောင် နိုင် ခွင့်၊ ဖြောင့် မှန် စွာ စီ ရင် ခွင့်၊ က တိ တော် များ ကို ခံ စား ခွင့်၊ ခြင်္သေ့ များ ကို နှုတ် ပိတ် ခွင့်၊မီး အ ရှိန် ကို ငြိမ်း ခွင့်၊ ဓား ဘေး လွတ် ခွင့်၊ ခွန် အား နည်း သည့် အ ဖြစ် မှ ခွန် အား ကြီး ခွင့်၊ စစ် ရေး ၌ စွမ်း ရည် သ တ္တိ ရှိ ခွင့်၊ လူ မျိုး ခြား တပ် များ ကို တွန်း လှန် ခွင့် ရ ကြ၏။
စိတ် နှ လုံး စင် ကြယ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဘု ရား သ ခင် ကို ဖူး မြင် ရ ကြ လ တ္တံ့။
လူ့ ခြေ ရာ များ ကို၊ ထာ ဝ ရ ဘု ရား တည် စေ လျက်၊ လျှောက် လိုက် ရာ လမ်း ကို နှစ် သက် ရာ၊သူ့ လက် ကို ထာ ဝ ရ ဘု ရား ကိုင် ဆွဲ တော် မူ သ ဖြင့်၊ ခ လုတ် တိုက် မိ သော် လည်း လဲ ကျ တော့ မည် မ ဟုတ်။
ငါ့ ကို ကွပ် မျက် တော် မူ၍၊ စောင့် မျှော် ရန် အ ကြောင်း မ ရှိ သော် လည်း၊ မျက် မှောက် တော် တွင် ပင်၊ အ မှု နည်း လမ်း များ ကို ချေ ပ ဦး မည်။
တ ပည့် တော် တို့ သည် အ ခါ ခပ် သိမ်း စိတ် အား မ လျော့ ပဲ ပ ဋ္ဌ နာ ပြု သင့် ကြောင်း ဥ ပ မာ ဆောင်၍ မိန့် တော် မူ သည် မှာ၊
သို့ ဖြစ်၍ ငါ့ ဘု ရား သ ခင် သည် ဘုန်း တော် ကြွယ် ဝ တော် မူ သည့် အ တိုင်း သင် တို့ အ လို ရှိ သ မျှ ကို ခ ရစ် တော် ယေ ရှု အား ဖြင့် ပြည့် စုံ စေ တော် မူ လိမ့် မည်။
ငါ၌သင်တို့တည်ခြင်း၊ သင်တို့၌ငါတည်ခြင်းဖြစ်စေကြလော့။ စပျစ်ခက်သည် ပင်မ၌မတည်လျှင်၊ အလျောက်ဘာသာ အသီးမသီးနိုင်သည့်နည်းတူ သင်တို့လည်းငါ၌မတည်လျှင် သီးနိုင်ကြသည်မဟုတ်။ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။
ထာ ဝ ရ ဘု ရား သည်၊ တ ရား သ ဖြင့် စောင့် ခြင်း ကို၊ နှစ် သက်၍၊ ကြည် ညို သူ တို့ ကို စွန့် ထား တော် မ မူ။ ကာ လ အ စဉ် ထိန်း သိမ်း တော် မူ၏။ လူ ဆိုး၏ သား မြေး တို့ မူ ကား၊ ပယ် ရှား ခံ ရ ကြ လိမ့် မည်။
ဘု ရား မဲ့ နေ သူ တို့ ကို ဖြောင့် မတ် ရာ ရောက် စေ သော အ ရှင် အား ကိုယ် ကျင့် ကင်း လျက် ယုံ ကြည် သူ၌ မူ ကား ယုံ ကြည် ခြင်း ကို ဖြောင့် မတ် ခြင်း ဟု မှတ် တော် မူ ၏။
အ သို့ ဆို သော် ယ နေ့ ဗျာ ဒိတ် တော် သံ ကို ကြား ရ စဉ် အ မျက် တော် တိုက် ကြ သော အ ခါ ကဲ့ သို့ သင် တို့ စိတ် မ ခဲ ယဉ်း စေ ကြ နှင့် ဟူ သော အ ချက် ရှိ သေး ခိုက် ငါ တို့ စိတ် ချ ရာ အ ကြောင်း ရင်း ကို ဆုံး ခန်း တိုင် စွဲ မြဲ လျှင် ခ ရစ် တော် နှင့် ဆက် ဆံ ခွင့် ရ ကြ ၏။
သို့ ဖြစ်၍ လည်း မည် သူ မ ဆို ခ ရစ် တော်၌ ရှိ တည် လျှင် လူ သစ် ဖြစ် လျက် ဟောင်း သော အ ရာ များ ပျောက် လွင့်၍ အ သစ် ဖြစ် လေ ပြီ။
သင် တို့ သည် မှောင် မိုက် ဖြစ် ဖူး သော် လည်း ယ ခု မှာ အ ရှင် ဘု ရား အား ဖြင့် အ လင်း ရောက် သော ကြောင့် အ လင်း ရ သူ များ အ ဖြစ် ကျင့် ကြံ ပြု မူ ကြ လော့။အ လင်း၏ အ ကျိုး ကား ကျေး ဇူး ပြု ခြင်း၊ ဖြောင့် မတ် ခြင်း၊ မှန် ကန် ခြင်း အ မျိုး မျိုး တည်း။
ထို နည်း တူ ပင် သင် တို့ သည် အ ပြစ် တ ရား အ ရာ၌ အ သေ ဖြစ် လျက် ဘု ရား သ ခင့် အ ဖို့ မူ ကား ခ ရစ် တော် ယေ ရှု၌ ရှင် နေ သည် ဟု မှတ် ယူ ကြ လော့။
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
ယာ ကုပ်၏ ဘု ရား သ ခင် မ စ တော် မူ ခြင်း ခံ ရ သော သူ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အား ကိုး ရ သော သူ သည် မင်္ဂ လာ ရှိ ၏။ထာ ဝ ရ ဘု ရား သည် မိုး၊ မြေ၊ သ မု ဒ္ဒ ရာ နှင့် ရှိ လေ သ မျှ ကို ဖန် ဆင်း၍၊ ကာ လ အ စဉ် သ စ္စာ စောင့် တော် မူ ၏။
ထာ ဝ ရ ဘု ရား၏ နာ မ တော် သည်၊ ခိုင် ခံ့ သော ရဲ တိုက် သ ဖွယ် ဖြစ်၍၊ ဖြောင့် မတ် သော သူ ပြေး ဝင် လျက် လုံ ခြုံ စွာ နေ ရ ၏။
သူ သည် စွန့် ကြဲ ပြီ၊ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ၊ သူ့ ဖြောင့် မတ် ခြင်း သည် ကာ လ အ စဉ် တည်၏ ဟူ သော ကျမ်း ချက် အ ရ သင် တို့ သည် အ ခါ ခပ် သိမ်း စည်း စိမ် ချမ်း သာ လုံ လောက် သ ဖြင့် ကောင်း မှု အ မျိုး မျိုး ကို ပြု ရ စေ ခြင်း ငှာ ဆု ကျေး ဇူး အ မျိုး မျိုး နှင့် ဘု ရား သ ခင် ကြွယ် ဝ စေ တော် မူ နိုင် ၏။
သင် တို့ သည် ယုံ ကြည် ခြင်း တ ရား၌ တည်၊ မ တည် ကိုယ် ကို စုံ စမ်း လျက် စံ ချ ကြ လော့။ စံ တော် မ မှီ သူ များ မ ဟုတ် ခဲ့ လျှင် သင် တို့၌ ယေ ရှု ခ ရစ် တည် တော် မူ ကြောင်း ကိုယ် တိုင် မ သိ ကြ လော။
ထာ ဝ ရ ဘု ရား သည် နှောင့် နှေး တော် မူ သည် ဟု အ ချို့ တို့ မှတ် ယူ ကြ သည့် အ တိုင်း က တိ တော် ကို ဖြည့် ရန် နှောင့် နှေး တော် မူ သည် မ ဟုတ်။ မည် သူ မျှ မ ပျက် စီး ဘဲ ရှိ သ မျှ တို့ နောင် တ ရ ခွင့် ရှိ စေ ရန် သင် တို့ အ ပေါ် တွင် စိတ် ရှည် တော် မူ ၏။
ရေ ငတ် သူ တို့ အ ပေါ် တွင် ရေ ကိုလည်း ကောင်း၊ သွေ့ ခြောက် သော အ ရပ် တွင် မြောင်း ရေ ကိုလည်း ကောင်း၊ သွန်း လောင်း၍။ သင့် အ မျိုး ပေါ် တွင် ဝိ ညာဉ် တော် ကိုလည်း ကောင်း၊ အ နွယ့် အ ပေါ် တွင် ကောင်း ကြီး မင်္ဂ လာ တော် ကိုလည်း ကောင်း၊ ငါ သွန်း လောင်း သ ဖြင့်၊
ထာ ဝ ရ ဘု ရား သည်၊ ကိုယ် တော် အား ခန့် ညား ၍၊ က ရု ဏာ တော် ကို စောင့် မျှော် သူ တို့ ကို မျက် မှောက် ပြု လျက်၊ သေ ဘေး မှ ကယ် လွှတ် ခြင်း၊
ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သ ခင် ဘုန်း တော် ကို တစ် စိတ် တည်း၊ တစ် သံ တည်း ချီး မွမ်း ခွင့် ရှိ စေ ခြင်း ငှါ တည် ကြည် ခြင်း နှင့် နှစ် သိမ့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သင် တို့ အား ခ ရစ် တော် ယေ ရှု၏ ပုံ စံ တော် အ လိုက် တစ် သ ဘော တည်း အ ဖြစ် ကို သ နား တော် မူ ပါ စေ သော။
ငါ သည် ဒု က္ခ များ ကို ခံ ရ သော် လည်း၊ ရှက် ကြောက် ခြင်း မ ရှိ။ ငါ ယုံ ကြည် ပြီး သော အ ရှင် ကို သိ ကျွမ်း သည့် အ တိုင်း ငါ့ အား လွှဲ အပ် တော် မူ ရာ ကို နေ့ တော် မ တိုင် မ ချင်း စောင့် ထိန်း တော် မူ နိုင် သည် ဟု စိတ် ချ ၏။
စီ ရင် မည် မှန် သော် လည်း၊ သူ မှ က ရု ဏာ တော် ကို နုတ် ပယ် ခြင်း၊ သ စ္စာ တော် ကို ပယ် ဖျက် ခြင်း၊ ပ ဋိ ညာဉ် တော် ကို ရှုတ် ချ ခြင်း၊နှုတ် မြွက် ပြီး က တိ တော် ကို ပြောင်း လဲ ခြင်း ပြု မည် မ ဟုတ်။
သု ခ ချမ်း သာ နှင့် က ရု ဏာ တော် သည်၊ တစ် သက် ပတ် လုံး ငါ နှင့် မု ချ ထက် ကြပ် ပါ လာ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် တွင် အ စဉ် နေ ထိုင် ခွင့် ကို ငါ ရ ပါ လိမ့် သ တည်း။
သူ ငယ် တို့၊ ဘု ရား သ ခင့် ဘက် တော် သား ဖြစ် သော သင် တို့၌ တည် တော် မူ သော အ ရှင် သည် ဤ လော က၌ တည် သော အ ရှင် ကြီး ထက် ကြီး မြတ် တော် မူ သော ကြောင့် ထို သူ တို့ ကို သင် တို့ အောင် ကြ လေ ပြီ။
ဝိ ညာဉ် တော့် ဆိုင် ရာ အ သီး မူ ကား ချစ် ခြင်း၊ ရွှင် လန်း ခြင်း၊ ငြိမ် သက် ခြင်း၊ စိတ် ရှည် ခြင်း၊ က ရု ဏာ ပြ ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သစ္စာ တည် ခြင်း၊ သိမ် မွေ့ ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း များ တည်း။ထို သို့ သော ပါ ရ မီ နှင့် ဆန့် ကျင် သော တ ရား မ ရှိ။
သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။အ နိ စ္စ တည် လျက် မျက် မှောက် ရှိ ရာ များ ကို မ ဟုတ်။ နိ စ္စ တည် လျက် မျက် မှောက် မ ရှိ ရာ များ ကို သာ ထောက် ရှု ကြ သော ငါ တို့၌ ပေါ့ ဆ သော ဇင်္ဂ မ ဒု က္ခ သည် ကဲ လွန် ထူး မြတ် ကြီး လေး သော ထာ ဝ ရ ဘု ရား ဘုန်း အ သ ရေ အ ကျိုး ကို ဖြစ် ထွန်း စေ သ တည်း။
မေ တ္တာ နှင့် သ မ္မာ တ ရား ကို စွဲ မြဲ လျက် ဦး ထိပ် တည်း ဟူ သော ခ ရစ် တော်၌ အ နည်း နည်း အား ဖြင့် ကြီး ပွား ရ ကြ ၏။တစ် ခ န္ဓာ လုံး သည် အင်္ဂါ အ သီး အ သီး ပြု ပြင် သည် နှင့် အ မျှ အင် အား အ ရင်း နှင့် ဆက် သွယ် ခြင်း အ မျိုး မျိုး ဖြင့် စေ့ စပ် ဖွဲ့ စည်း လျက် မေ တ္တာ၌ ကိုယ် ကို ဆောက် တည် ရ ခြင်း အ လို့ ငှါ ဦး ထိပ် တော် မှ ကြီး ပွား မှု ပြု ရ ၏။
သို့ ဖြစ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ ရှင် ပြန် ထ မြောက် ကြ သည် မှန် လျှင် ဘု ရား သ ခင့် ယာ ဘက် တော်၌ ခ ရစ် တော် စံ နေ တော် မူ သော အ ထက် ဘုံ ရှိ အ ရာ များ ကို ရှာ ကြံ ကြ လော့။ဖန် ဆင်း တော် မူ သော အ ရှင့် ပုံ သ ဏ္ဌာန် တော် နှင့် အ ညီ အ သိ ပ ညာ ထိုး ထွင်း ခြင်း ငှာ အ သစ် ပြု ပြင် လျက် ရှိ သော လူ သစ် ကို ဝတ် ဆင် ကြ လေ ပြီ။ထို သို့ ပြု ပြင် ရာ၌ လူ မျိုး ခြား နှင့် ယု ဒ လူ မျိုး အ ဖြစ် အ နေ၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ၊ မ ခံ အ ဖြစ် အ နေ၊ သ ကု သိ လူ မျိုး မှ စ၍ လူ ရိုင်း အ ဖြစ် အ နေ၊ ကျွန် နှင့် လူ လွတ် အ ဖြစ် အ နေ မ ရှိ ရာ။ ခ ရစ် တော် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ခြာ ဖြစ် တော် မူ၏။ထို့ ကြောင့် ဘု ရား သ ခင် ရွေး ကောက် မြတ် နိုး၍ သီး သန့် ထား တော် မူ သူ များ အ ဖြစ် ဖြင့် အ သည်း စွဲ သ နား ခြင်း၊ က ရု ဏာ ပြ ခြင်း၊ နှိမ့် ချ ခြင်း၊ သိမ် မွေ့ ခြင်း၊ စိတ် ရှည် ခြင်း များ ကို ဝတ် ဆင် ကြ လော့။မည် သူ့ အ ပေါ် တွင် မ ဆို အ ပြစ် တင် ရန် ရှိ လျှင် သင် တို့ ကို အ ရှင် ဘု ရား ချမ်း သာ ပေး တော် မူ သည့် နည်း တူ တစ် ဦး ကို တစ် ဦး သည်း ခံ လျက် အ ချင်း ချင်း တို့ အား ချမ်း သာ ပေး ကြ လော့။အ ထူး ဆို သော် စုံ လင် ခြင်း အ ဖွဲ့ အ နှောင် တည်း ဟူ သော မေ တ္တာ တ ရား ကို ဝတ် ဆင် ကြ လော့။တစ် ကိုယ် တည်း အ ဖြစ် ခ ရစ် တော်၏ ငြိမ် သက် ခြင်း ထဲ သို့ အ ခေါ် ခံ ရ သည့် အ လျောက် ထို ငြိမ် သက် ခြင်း ကို သင် တို့ စိတ် နှ လုံး တွင် ခုံ သ မတ် ဖြစ် စေ လျက် ကျေး ဇူး တော် ကို သိ မှတ် ကြ လော့။ခ ရစ် တော်၏ တ ရား တော် ကို သင် တို့ တွင် ကြွယ် ဝ စွာ တည် နေ စေ ပြီး လျှင် ခပ် သိမ်း သော ဉာဏ် ပ ညာ နှင့် ကျူး ဧ ချက်၊ ထော မ နာ ပြု ချက်၊ ဓ မ္မ ဂီ တ အ မျိုး မျိုး အား ဖြင့် တစ် ဦး ကို တစ် ဦး သင် ကြား ပဲ့ ပြင် လျက် ကျေး ဇူး တော် ကို ချီး မွမ်း၍ ဘု ရား သ ခင် အား စိတ် မ နော တွင် သီ ဆို ကြ လော့။၎င်း ပြင် နှုတ် ဖြင့် ဖြစ် စေ၊ ကိုယ် ဖြင့် ဖြစ် စေ၊ မည် သည့် အ မှု မ ဆို သင် တို့ ပြု ကြ ရာ၌ အ ရှင် ယေ ရှု၏ နာ မ တော် နှင့် ပြု၍ ကိုယ် တော် အား ဖြင့် ခ မည်း တော် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။မ ယား ဖြစ် သူ တို့၊ အ ရှင် ဘု ရား၌ သင့် လျော် သည့် အ တိုင်း လင့် အောက် အ နွံ အ တာ ခံ ကြ လော့။လင် ဖြစ် သူ တို့၊ စိတ် မ ခက် ထန် ဘဲ မ ယား ကို ချစ် ကြ လော့။မြေ ကြီး ဆိုင် ရာ များ ကို မ ဟုတ်။ အ ထက် အ ရာ များ ကို ဂ ရု ပြု ကြ လော့။
တောင် များ ရွှေ့ ၍၊ ကုန်း များ လှုပ် ရှား ရ သော် လည်း၊ ငါ၏ မေ တ္တာ ကျေး ဇူး သည်၊ သင် မှ မ ရွှေ့။ မ ဟာ မိတ် ပ ဋိ ညာဉ် တော် လည်း၊ မ လှုပ် မ ရှား ရ ဟု သင့် အား က ရု ဏာ သက် တော် မူ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အ လျင် အ မြန် စီ ရင် တော် မူ လိမ့် မည် ငါ ဆို၏။ သို့ ရာ တွင် လူ့ သား ကြွ ရောက် သည့် ကာ လ ဤ မြေ ကြီး ပေါ် တွင် ယုံ ကြည် ခြင်း ကို တွေ့ မြင် ရ မည် လော ဟု မိန့် တော် မူ၏။
ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ ယ နေ့ ရှိ၍ နက် ဖြန် မီး ဖို ထဲ သို့ ရောက် သော တော ပင် ကို ဘု ရား သ ခင် သည် ထို သို့ ဆင် ယင် တော် မူ လျှင် သင် တို့ ကို သာ၍ ဆင် ယင် တော် မူ မည် မ ဟုတ် လော။
အ သို့ ဆို သော် နှ လုံး ဖြင့် ယုံ ကြည်၍ ဖြောင့် မတ် ရာ၊ နှုတ် ဖြင့် ဝန် ခံ၍ ကယ် တင် ရာ ရောက် ခွင့် ရှိ၏။
ငါ သည် ထာ ဝ ရ ဘု ရား ကို၊ အ စဉ် မျက် မှောက် ပြု ပါ ပြီ။ ငါ့ လက်ျာ ဘက်၌ ရှိ နေ တော် မူ သော ကြောင့်၊ ငါ ရွေ့ ရ မည် မ ဟုတ် ပါ။
သားတော်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရ၏။ သားတော်အားမလိုက်မနာသူမူကား ထာဝရအသက်ကိုတွေ့မြင်ခွင့်မရဘဲ ဘုရားသခင့်အမျက်တော်ဒဏ်တည်သူဖြစ်သတည်း။
ထို သို့ ဆို သော် ယုံ ကြည် ခြင်း တ ရား ၌ တည် နေ သူ သင် တို့ ယုံ ကြည် ခြင်း ကို စိုး မိုး ၍ မ ဟုတ်။ သင် တို့ ရွှင် လန်း ခြင်း ကို ကူ ညီ ထောက် ပံ့ လို ၍ ငါ တို့ ဆို ကြ ၏။
ထို စ ကား ကို ယေ ရှု ကြား သော် အံ့ သြ တော် မူ၍ ဤ မျှ လောက် ယုံ ကြည် ခြင်း ကို ဣ သ ရေ လ လူ မျိုး တွင် မ တွေ့ စ ဘူး ငါ အ မှန် ဆို ၏၊
ကျမ်း ဂန် က လည်း မည် သူ မ ဆို ကိုယ် တော် ကို ယုံ ကြည် လျှင် အ ရှက် မ ကွဲ ရ ဟု အ ဆို ရှိ၏။
ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။
ငါဧကန်အမှန်ဆိုသည်ကား၊ ငါ့စကားကိုကြားနာ၍ စေလွှတ်တော်မူလိုက်သောအရှင်ကိုယုံကြည်သူသည် ထာဝရအသက်ကိုရသဖြင့် စီရင်ဆုံးဖြတ်မခံရ။ သေခြင်းအနေမှ ရှင်ခြင်းအနေသို့ကူးပြောင်းပြီးသူဖြစ်၏။
သင့် အ မူ အ ရာ ကို၊ ထာ ဝ ရ ဘု ရား အား လွှဲ အပ် လော့။ အ ကြံ အ စည် များ သည်၊ အ ထ မြောက် လိမ့် မည်။
တစ်ဖန်တုံ၊ လူပရိသတ်အားယေရှုက ငါသည်ဤလောက၏အလင်းဖြစ်၏၊ ငါ့နောက်လိုက်သောသူသည် မှောင်မိုက်၌သွားလာရမည်မဟုတ်။ အသက်အလင်းကို ရလိမ့်မည်ဟုမိန့်တော်မူ၏။
ထာ ဝ ရ ဘု ရား သည် ကန်း သော မျက် စိ များ ကို ပွင့် လင်း စေ ခြင်း၊ ထာ ဝ ရ ဘု ရား သည် ငုံ့ လျှိုး ရ သူ တို့ ကိုထူ ပင့် ခြင်း၊ ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို ချစ် ခင် ခြင်း၊ထာ ဝ ရ ဘု ရား သည်၊ ဝင် နေ သူ တို့ ကို စောင် မ ခြင်း၊ ဖ သက် ဆိုး နှင့် မု ဆိုး မ တို့ ကို ထောက် မ ခြင်း ပြု လျက်၊ လူ ဆိုး တို့၏ လမ်း ကို ကွေ့ ကောက် စေ တော် မူ ၏။
သို့ ဖြစ်၍ အ ကျိုး များ စွာ ဖြစ် ထွန်း စေ သော သင် တို့ ရဲ ရင့် ခွင့် ကို မ စွန့် မ ပယ် ကြ နှင့်။အ သို့ ဆို သော် ဘု ရား သ ခင့် အ လို တော် ကို ဆောင် ရွက် ပြီး နောက် က တိ တော် အ တိုင်း ခံ စား ရ အံ့ သော ငှာ သင် တို့ တည် ကြည် ကြ ရ မည်။