ကျမ်းစာ အပိုဒ်များ

ကြော်ငြာတွေ


အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

ဦးစာအုပ်

ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်းအကြောင်း အခန်းငယ်များ

ဘုရားသခင်က ကျွန်တော်တို့ရဲ့ချီးမွမ်းသံတွေကြားမှာ ရှိနေတယ်။ နေ့စဉ်ဘဝမှာ ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ဖို့ အကြောင်းပြချက်တွေ အများကြီးရှိတယ်။ သင့်ရဲ့နှလုံးသားထဲက စစ်မှန်တဲ့ ကျေးဇူးတင်တဲ့ ချီးမွမ်းကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တယ်။ ကျွန်တော်တို့ ချီးမွမ်းတဲ့အခါ ကျွန်တော်တို့ဘဝမှာ အံ့ဖွယ်အမှုတွေ ဖြစ်ပျက်လာတယ်။ ချီးမွမ်းမှုထဲမှာ ကျန်းမာခြင်းနဲ့ လွတ်မြောက်ခြင်းတွေ ရှိတယ်။ ကောင်းကင်ဘုံရှိ ကျွန်တော်တို့ရဲ့အဖ ဘုရားသခင်ဟာ သင့်ကို ဖန်ဆင်းချိန်ကတည်းက သင့်ဘဝမှာ အံ့ဖွယ်အမှုတွေ လုပ်ဆောင်ပေးခဲ့တယ်။ ဘုရားသခင်က သစ္စာရှိပြီး သင့်ကို စောင့်ရှောက်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်က ကောင်းမြတ်တဲ့အတွက်၊ နေ့စဉ်နံနက်တိုင်း သူ့ရဲ့ကရုဏာတော်က အသစ်အသစ်ဖြစ်တဲ့အတွက် သူ့ကို ချီးမွမ်းပါ။ (ဆာလံ ၇၁း၈) "ကျွန်ုပ်၏နှုတ်ကို ကိုယ်တော်၏ချီးမွမ်းခြင်းနှင့် တနေ့လုံးကိုယ်တော်၏ဂုဏ်တော်နှင့်ပြည့်စေတော်မူပါ။" ဘုရားသခင်က သင့်နှုတ်ကို ချီးမွမ်းသံနဲ့ ပြည့်စေလိမ့်မယ်လို့ သူ့ရဲ့နှုတ်ကပတ်တော်က ပြောထားတယ်။ သူ့ရဲ့ကောင်းမြတ်တဲ့အရာတွေအတွက် ကျေးဇူးတင်တာကနေ စတင်လိုက်ပါ။ သူက သင့်နှလုံးသားထဲက ချီးမွမ်းသံတွေ ထွက်လာအောင် လုပ်ဆောင်ပေးလိမ့်မယ်။ (ဆာလံ ၃၀း၁၂) "ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်အား သီချင်းဆို၍ ချီးမွမ်းပါမည်။ အကျွန်ုပ်သည် တိတ်ဆိတ်မနေပါ။ အိုအကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။"


ယေ​ရ​မိ 33:6

ငါ သည် ဤ မြို့ ကို ခိုင် မာ အောင် ကု သ မည့် ပြင်၊ မြို့ သူ မြို့ သား တို့ ကို လည်း ကု သ လျက်၊ ဘေး လွတ် ခွင့်၊ တည် မြဲ ခွင့်၊ ကြွယ် ဝ စွာ ဖော် ပြ သည့် အ တိုင်း၊

ဆာ​လံ 103:3-4

ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊

သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊

ဆာ​လံ 30:2

အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော့် ထံ အ ကျွန်ုပ် အော် ဟစ် သော်၊ ကျန်း မာ စေ တော် မူ ပါ ပြီ။

၁ ပေ 2:24

အ ပြစ် နှင့် လွတ် ခွင့် ဖြောင့် မတ် ခြင်း အ ဖို့ အ သက် ရှင် ခွင့် ကို ငါ တို့ ရ ကြ စေ ရန် ကား တိုင် ပေါ် ၌ ကိုယ် ခ န္ဓာ တော် တွင် ငါ တို့ အ ပြစ် ဝန် ကို ကိုယ် တော် တိုင် သည် ပိုး တော် မူ ရာ ဒဏ် ချက် တော် များ ကြောင့် သင် တို့ သက် သာ ရ ကြ ၏။

ယေ​ရ​မိ 17:14

အ ကျွန်ုပ် ချီး မွမ်း ထိုက် ချီး မွမ်း ရာ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ကျန်း မာ စေ တော် မူ ပါ။ သို့ မှ ကျန်း မာ ပါ လိမ့် မည်။ ကယ် တင် တော် မူ ပါ။ သို့ မှ ကယ် တင် ရာ ရောက် ပါ လိမ့် မည်။

ဆာ​လံ 147:3

နှ လုံး ကြေ ကွဲ သော သူ တို့ ကို နှစ် သိမ့် စေ လျက်၊ သူ တို့ ဒဏ် ရာ များ ကို ပတ် စည်း တော် မူ၏။

ဟေ​ရှာ​ယ 53:4-5

ကပ် ရော ဂါ မှ စ၍ ဘု ရား သ ခင် ဒဏ် ခတ် ခြင်း နှင့် ရှုတ် ချ ခြင်း ကို ခံ ရ သူ ဖြစ် သည် ဟု၊ ငါ တို့ ထင် မှတ် ကြ ရာ၊ ထို သူ သည် ငါ တို့ အ နာ ရော ဂါ၊ ငါ တို့ ဝေ ဒ နာ များ ကို မု ချ ထမ်း ဆောင် သည် ပိုး သည် တ ကား။

ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။

ဆာ​လံ 107:19-21

အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ ဆင်း ရဲ ဒု က္ခ ထဲ က ကယ် ၍၊

ရန် ဘက် ပြု သူ တို့ လက် မှ ထာ ဝ ရ ဘု ရား ရွေး နုတ်၍၊ အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ အ ပြည် ပြည် ထဲ မှ၊

အ မိန့် တော် ထုတ် ဆင့် သ ဖြင့်၊ သူ တို့ အ နာ ကို ငြိမ်း စေ လျက်၊ ပျက် စီး ရာ တွင်း ထဲ မှ ကယ် လွှတ် တော် မူ ၏။

လူ့ သား တို့ ၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ သည့် ပြင်၊

ထွက်​မြောက် 23:25

သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ဝတ် ပြု၍ သင့် စား ဖွယ် သောက် ရာ ကို ကောင်း ကြီး ပေး တော် မူ မည်။ အ နာ ရော ဂါ ကို လည်း သင် တို့ ဘောင် မှ ငါ ဖယ် တော် မူ မည်။

ရော​မ 8:37

ငါ တို့ သည် ထို အ တိုင်း ခံ ရ လျက် ပင် ငါ တို့ ကို ချစ် တော် မူ သော အ ရှင် ကြောင့် အ ထူး အောင် မြင် ရ ကြ၏။

ဟေ​ရှာ​ယ 41:10

မ စွန့် မ ပယ် ဘဲ ငါ ရွေး ချယ် သည့် အ လျောက်၊ သင် နှင့် အ တူ ငါ ရှိ သ ဖြင့်၊ မ ကြောက် လင့်။ ငါ သည် သင်၏ ဘု ရား သ ခင် ဖြစ် သော ကြောင့်၊ မ စိုး ရိမ် နှင့်။ သင့် ကို ခိုင် ခံ့ စွာ ထောက် မ မည့် ပြင်၊ အောင် ပွဲ ရ ညာ လက် ရုံး ဖြင့် ထောက် ပင့် လိမ့် မည်။

ယေ​ရ​မိ 30:17

လိုက် ရှာ သူ မ ရှိ ဘဲ၊ နှင် ထုတ် ခံ ရ သော ဇိ အုန် မြို့ ပေ တည်း ဟု ခေါ် ဝေါ် လေ့ ရှိ ကြ သည် ကို ထောက် လျက်၊ ငါ သည် ကျန်း မာ ခြင်း သို့ ရောက် အောင်၊ အ နာ ကု သ မည် ဟူ ၍ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

၂ ကော 12:9

ကိုယ် တော် က ငါ၏ ကျေး ဇူး သည် သင့် အ ဖို့ လုံ လောက် ပြီ။ ခွန် အား နည်း ရာ ၌ ခွန် အား တန် ခိုး တော် စုံ လင် သည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ငါ့ ကို ခ ရစ် တော်၏ ခွန် အား တန် ခိုး တော် လွှမ်း မိုး စေ ရန် အား နည်း ခြင်း များ ရှိ လျက် ပင် ရွှင် လန်း စွာ ဂုဏ် တင် မည်။

ဆာ​လံ 6:2

အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ပိန် ကြုံ လျက် ရှိ သော ကြောင့် သ နား တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ ရိုး စုံ နာ ကျင် လျက် ရှိ သော ကြောင့် ချမ်း သာ စေ တော် မူ ပါ။

ဟေ​ရှာ​ယ 40:31

ထာ ဝ ရ ဘု ရား ကို စောင့် စား သူ တို့ ကား၊ အား တိုး သ ဖြင့် ရွှေ လင်း တ ကဲ့ သို့ ပျံ တက် ခွင့်၊ မ ပင် မ ပန်း လျင် မြန် ခွင့်၊ မ မော မ ဟိုက် သွား လာ ခွင့် ရ ကြ လိမ့် သ တည်း။

၁ ပေ 5:7

သင် တို့ အ တွက် ကြောင့် ကြ တော် မူ သော ကြောင့် သင် တို့ စိုး ရိမ် ခြင်း ရှိ သ မျှ ကို ကိုယ် တော့် အ ပေါ် သို့ လွှဲ တင် ကြ လော့။

တ​ရား​ဟော 7:15

ထာ ဝ ရ ဘု ရား သည် သင် တို့ မှ ရော ဂါ အ မျိုး မျိုး ကို ပယ် လျက်၊ အိ ဂျစ် ပြည်၌ သိ မြင် ခဲ့ ကြ သော ရော ဂါ ဆိုး တစ် စုံ တစ် ရာ ကို မျှ သင့် စေ မည် မ ဟုတ်။ သင် တို့ အား မုန်း ထား သော သူ တို့ အ ပေါ်၌ သာ သင့် စေ တော် မူ လိမ့် မည်။

ဖိ​လိပ္ပိ 4:6-7

စိုး စဉ်း မျှ မ စိုး ရိမ် ပဲ ကျေး ဇူး တော် ကို ချီး မွမ်း လျက် တောင်း လျောက် ပ ဌာ နာ ပြု ချက် များ ဖြင့် လို လေ ရာ ရာ ကို ဘု ရား သ ခင် ရှေ့ ဖော် ပြ ကြ လော့။

သို့ ပြု လျင် ဉာဏ် ဟူ သ မျှ ထက် လွန် ကဲ သော ဘု ရား သ ခင် ငြိမ် သက် ခြင်း သည် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့၏ စိတ် နှ လုံး နှင့် အ ကြံ အ စည် များ ကို ကွယ် ကာ စောင့် ရှောက် လိမ့် မည်။

ဆာ​လံ 121:1-2

ငါ သည် တောင် တန်း သို့ မျှော် ကြည့် လျက် နေ၏။ မ စ ခြင်း ကို မည် သည့် အ ရပ် မှ ရ ပါ အံ့ နည်း။

မိုး မြေ ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား အ ထံ တော် မှ၊ မ စ ခြင်း ကို ရ ပါ လိမ့် မည်။

ဆာ​လံ 23:4

သေ မင်း အ ရိပ် ကျ ရာ ချိုင့် ကို ပင် ငါ လျှောက် သွား ရ သော် လည်း၊ ဘေး အ န္တ ရာယ် ကို ကြောက် ရွံ့ မည် မ ဟုတ်။ ကိုယ် တော် သည် အကျွန်ုပ် နှင့် အ တူ ရှိ နေ ၏။ လှံ တံ တော်၊ တောင် ဝေး တော် ဖြင့် နှစ် သိမ့် စေ တော် မူ ပါ ၏။

ဆာ​လံ 41:3

သာ လွန် ပေါ် တွင် နုန်း ခွေ သော အ ခါ၊ ထာ ဝ ရ ဘု ရား ထောက် မ၍၊ နာ ဖျား မ ကျန်း အိပ် ရာ ကို ပြု စု တော် မူ လိမ့် မည်။

ဧ​ဖက် 6:10

အ ဆုံး စ ကား မှာ အ ရှင် ဘု ရား အား ဖြင့်လည်း ကောင်း၊ အ စွမ်း သ တ္တိ တော် အား ဖြင့်လည်း ကောင်း၊ ခွန် အား ကြီး လျက် မာရ် နတ် ပ ရိ ယာယ် များ ကို ရပ် ခံ နိုင် ရန်၊

ရှင်ယောဟန် 16:33

သင်တို့သည် ငါ၌ငြိမ်သက်ခြင်းရှိကြစေရန် ထိုသို့ငါဟောခဲ့ပြီ။ ဤလောက၌ ဆင်းရဲဒုက္ခရောက်သော်လည်းအားယူကြလော့။ ငါသည် ဤလောကကိုအောင်ပြီဟု မိန့်တော်မူ၏။

ဖိ​လိပ္ပိ 4:13

ငါ့ ကို ခွန် အား နှင့် ပြည့် စေ တော် မူ သော အ ရှင်၌ ငါ သည် အ ရာ ခပ် သိမ်း ကို စွမ်း ဆောင် နိုင်၏။

၃ ယော 1:2

အ ချင်း ချစ် သူ၊ သင့် စိတ်၌ ချမ်း သာ ရ သ ကဲ့ သို့ ကြံ တိုင်း မြောက် လျက် ကျန်း မာ စေ ရန် ငါ ပ ဌ နာ ပြု၏။

သုတ္တံကျမ်း။ 3:5-8

ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။

ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။

ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။

သင်၏ ချက် တိုင် အ ဖို့ သန် မာ ခြင်း၊ အ ရိုး များ အ ဖို့ အား ပြည့် ခြင်း ဖြစ် လိမ့် မည်။

ဟေ​ရှာ​ယ 57:18-19

အ ကျင့် ဓ လေ့ များ ကို ငါ သိ မြင်၏။ သို့ ရာ တွင် သက် သာ စေ၍ လမ်း ပြ လျက်၊ သူ့ ဘက် ပါ ညည်း တွား ရ သူ တို့ နှင့် တ ကွ နှစ် သိမ့် ခွင့် ရှိ စေ ဦး မည်။

ထော မ နာ ပြု ခြင်း ကို ငါ ပြု ပြင် ၏။ ဝေး ကွာ သော သူ နှင့် နီး စပ် သော သူ၌ ချမ်း သာ ရှိ သည် ဟု ငါ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း သက် သာ စေ လိမ့် မည်။

နာ​ဟုံ 1:7

ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ လျက် ကိုး စား သူ တို့ ကို သ တိ မူ သည့် အ တိုင်း၊ ဒု က္ခ ရောက် သော ကာ လ ၌ ခံ တပ် သ ဖွယ် ဖြစ် တော် မူ သော် လည်း ထို မြို့ ကို လွှမ်း မိုး သော ရေ ဘေး ဖြင့် ကုန် ဆုံး စေ လျက်

ဆာ​လံ 107:20-21

အ မိန့် တော် ထုတ် ဆင့် သ ဖြင့်၊ သူ တို့ အ နာ ကို ငြိမ်း စေ လျက်၊ ပျက် စီး ရာ တွင်း ထဲ မှ ကယ် လွှတ် တော် မူ ၏။

လူ့ သား တို့ ၌ ပြ သော က ရု ဏာ တော် နှင့် အံ့ ဖွယ် ရာ အ မှု တော် များ အ တွက်၊ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ သည့် ပြင်၊

ယာ​ကုပ် 5:14-16

ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။

ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။

သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။

ဆာ​လံ 146:8

ထာ ဝ ရ ဘု ရား သည် ကန်း သော မျက် စိ များ ကို ပွင့် လင်း စေ ခြင်း၊ ထာ ဝ ရ ဘု ရား သည် ငုံ့ လျှိုး ရ သူ တို့ ကိုထူ ပင့် ခြင်း၊ ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သူ တို့ ကို ချစ် ခင် ခြင်း၊

မဿဲ 9:20-21

ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ သော မိန်း မ တစ် ယောက် သည် နောက် က လာ၍ အ ဝတ် တော် ကို ထိ ရုံ မျှ တို့ ရ လျှင်၊ ကျန်း မာ လိမ့် မည် ဟု အောက် မေ့ လျက် အ ဝတ် တော် ပန်း ပွား ကို တို့ သော် ယေ ရှု လှည့် ကြည့်၍ မြင် တော် မူ လျှင်

၁ တိ 6:12

ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။

ယာ​ကုပ် 5:14-15

ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။

ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။

မဿဲ 11:28-30

ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။

ငါ့ ထမ်း ပိုး ကို ထမ်း၍ ငါ့ ထံ မှ သင် ကြ လော့။ ငါ သည် သိမ် မွေ့ နှိမ့် ချ သော စိတ် ရှိ၏။ အ သက် ဝိ ညာဉ် ချမ်း သာ ရာ ကို လည်း သင် တို့ တွေ့ ကြ လိမ့် မည်။

ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော့ ဟု မေး လျှောက် စေ သည့် အ တိုင်း

ငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။

လုကာ 7:21

ထို အ ချိန် နာ ရီ၌ အ နာ ရော ဂါ အ မျိုး မျိုး စွဲ ကပ် သူ နတ် ဆိုး ပူး သူ အ များ တို့ ကို ကျန်း မာ စေ သည့် ပြင် မျက် မ မြင် အ များ ကို လည်း မြင် ခွင့် သ နား တော် မူ ပြီး လျှင်၊

ရှင်မာကု 5:34

ထို အ ခါ ကိုယ် တော် က ငါ့ သ မီး၊ စိတ် အေး လျက် သွား တော့။ သင်၏ ယုံ ကြည် ခြင်း သည် သင့် ကို ကျန်း မာ စေ ပြီ။ ရော ဂါ ကင်း ပျောက် စေ ဟု မိန့် တော် မူ ၏။

ဟော​ရှေ 6:1

ကု သ ခြင်း၊ ရိုက် ဒဏ် ခတ် ခဲ့ သော် လည်း၊ ပတ် စည်း ခြင်း ကို ပြု စု မည့် ထာ ဝ ရ ဘု ရား ထံ ပြန် သွား ကြ ကုန် အံ့။

ဆာ​လံ 73:26

အ ကျွန်ုပ် အ သွေး အ သား နှင့် နှ လုံး ယို ယွင်း ရ သော် လည်း၊ ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် စိတ် နှ လုံး ၏ ကျောက် တောင်၊ အကျွန်ုပ် ၏ ဝေ ပုံ၊ အ စဉ် ဖြစ် တော် မူ ၏။

ရော​မ 8:18

ငါ တို့၌ ပွင့် မည့် ဘုန်း တော် ကို ထောက် သော် ယ ခု ကာ လ ခံ ရ သော ဒု က္ခ များ ကို အ မှု မ ထား ထိုက် ဟု ငါ မှတ် ယူ၏။

ရော​မ 8:28

၎င်း ပြင် အ ကြံ တော် နှင့် အ ညီ ခေါ် ထား တော် မူ သူ၊ ဘု ရား သ ခင် ကို ချစ် ကြည် မြတ် နိုး သူ တို့ ကောင်း ကျိုး အ လို့ ငှါ အ ရာ ခပ် သိမ်း ဝိုင်း ညီ ပြု စု လျက် ရှိ ကြောင်း၊

ဆာ​လံ 34:18

ထာ ဝ ရ ဘု ရား သည် ကြေ ကွဲ သော နှ လုံး ရှိ သူ တို့ အ နီး ရှိ နေ ၍၊ ကြေ မွ သော စိတ် ရှိ သူ တို့ ကို ကယ် တော် မူ ၏။

၂ ကော 1:3-4

ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။

ဟေ​ရှာ​ယ 53:5

ငါ တို့ လွန် ကျူး မှု များ ကြောင့် ထိ ရှ ခြင်း၊ ငါ တို့ ဒု စ ရိုက် များ ကြောင့် နှိပ် ကွပ် ခြင်း ခံ ရ၍၊ ငါ တို့ ချမ်း သာ ရာ ချမ်း သာ ကြောင်း အ ဆုံး အ မ သင့် ရောက် သည် နှင့် သူ ဒဏ် ချက် များ ကြောင့် ငါ တို့ သက် သာ ရ ကြ ၏။

ဆာ​လံ 103:2-4

အို ငါ့ အ သက် ဝိ ညာဉ်၊ ကျေး ဇူး တော် အ ပေါင်း ကို မ မေ့ ဘဲ၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။

မိန့် တော် မူ သံ ကို နာ ခံ၍၊ အ မိန့် တော် မြတ် အ တိုင်း ဆောင် ရွက် သော သူ ရဲ ကောင်း စေ တ မန် တော် တို့၊ ထာ ဝ ရ ဘု ရား ကို ဩဘာ ဆက် ကြ လော့။

အ လို တော် ကို ဆောင် ရွက် သော အ မှု တော် ထမ်း ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။

နိုင် ငံ တော် အ ရပ် ရပ် ၌ ဖန် ဆင်း ထား တော် မူ လေ သ မျှ တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အို ငါ့ အ သက် ဝိ ညာဉ်၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် လော့။

ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊

သင့် အ သက် ကို ပျက် စီး ရာ မှ ရွေး နုတ်၍၊ မေ တ္တာ ကျေး ဇူး တော်၊ က ရု ဏာ တော် နှင့် ဆင် ယင် ခြင်း၊ ကောင်း သော အ ရာ များ နှင့် ရောင့် ရဲ စေ ၍၊

ဆာ​လံ 94:19

အ တွင်း သ ဘော များ စွာ ရှုတ် ထွေး လျက် ပင်၊ ချမ်း သာ တော် အား ဖြင့် စိတ် ဧ ရ ပါ၏။

ဆာ​လံ 119:50

ဒု က္ခ ရောက် သည့် ကာ လ၊ ချမ်း သာ ရ ရန် အ ကြောင်း မှာ၊ ဗျာ ဒိတ် တော် ကြောင့် အ သက် ရှင် ခွင့် ရ ခြင်း တည်း။

ရော​မ 15:13

မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။

၂ တိ 1:7

ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။

ဆာ​လံ 46:1

ဘု ရား သ ခင် သည်၊ ငါ တို့ ခို လှုံ ရာ၊ ငါ တို့ စွမ်း အား ဖြစ် လျက်၊ ဒု က္ခ ရောက် သည့် ကာ လ၊ တွေ့ လွယ် သော အ ထောက် အ မ ဖြစ် တော် မူ ပါ ၏။

သုတ္တံကျမ်း။ 4:20-22

ငါ့ သား၊ ငါ မြွက် ဆို သော စ ကား ကို နား ထောင် နာ ယူ လော့။

ထို စ ကား သည် တွေ့ ခွင့် ရ ရှိ သူ တို့ အ သက် ရှင် ခြင်း၊ ကိုယ် ခ န္ဓာ သန် မာ ခြင်း ဖြစ်၍၊

သင့် မျက် မှောက် နှင့် မ ကွာ စေ ဘဲ၊ စိတ် နှ လုံး အ တွင်း သွင်း စောင့် လော။

ဆာ​လံ 56:3-4

အ ကျွန်ုပ် သည်၊ ကြောက် ရွံ့ နေ ရ သော ကာ လ တွင်၊ ကိုယ် တော်၌ ကိုး စား ပါ မည်။

ဘု ရား သ ခင် ကို အ မှီ ပြု၍၊ က တိ တော် ကို ချီး မွမ်း မည်။ ကြောက် ရွံ့ ခြင်း ကင်း လျက်၊ ဘု ရား သ ခင်၌ ကိုး စား ပြီး ဖြစ် သူ ငါ့ ကို၊ လူ တို့ မည် သို့ ပြု နိုင် သ နည်း။

ဟေ​ဗြဲ 13:5-6

လော ဘ ကင်း၍ ကိုယ် ပိုင် ပ စ္စည်း နှင့် ရောင့် ရဲ ကြ လော့။ အ သို့ ဆို သော် ငါ သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား မည် မ ဟုတ် ဟု မိန့် တော် မူ ချက် ရှိ သ ဖြင့်၊

ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။

ရှင်ယောဟန် 14:27

ငြိမ်သက်ခြင်းကို သင်တို့နှင့်ငါထားခဲ့၏။ လောကသားတို့ပေးကြသည့်နည်းတူမဟုတ်။ ကိုယ့်ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ နှလုံးမသာခြင်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။

မဿဲ 9:35

ယေ ရှု သည် ဓ မ္မာ ရုံ များ၌ ဒေ သ နာ ပေး လျက် နိုင် ငံ တော် ဆိုင် ရာ သ တင်း တော် မြတ် ကို ကြား ပြော လျက် အ နာ ရော ဂါ အ မျိုး မျိုး ကင်း ပျောက် စေ လျက် မြို့ ရွာ အ ရပ် ရပ် ကို လှည့် လည် တော် မူ စဉ်၊

ဘုရားသခင်ထံဆုတောင်းပါ။

အို အစအဆုံးဖြစ်တော်မူသော ဘုရားရှင်၊ မိုးကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော အဖ၊ အဦးဆုံးနှင့် နောက်ဆုံး၊ အစနှင့် အဆုံး ဖြစ်တော်မူပါ၏။ အရှင်၏ အံ့ဖွယ်ရာ ကြီးမြတ်သော အမှုတော်များ မရေမတွက်နိုင်ပါ။ ကျွန်ုပ်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် အရှင်ကို ချီးမွမ်းပါ၏။ အရှင်သည် ကျွန်ုပ်၏ ဘုန်းအသရေ၊ ကျွန်ုပ်၏ ဦးခေါင်းကို မြှောက်တင်ပေးသူ ဖြစ်တော်မူပါ၏။ အို ထာဝရဘုရား၊ မြေကြီးပေါ်ရှိ ရှင်ဘုရင်အပေါင်းတို့သည် အရှင်၏ မြင့်မြတ်ခြင်းနှင့် ပြည့်စုံသော လမ်းစဉ်တော်များကို သီချင်းဆိုကြပါလိမ့်မည်။ အရှင်၏ နှုတ်ကပတ်တော်က “သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို သီချင်းဆိုကြလော့။ သူ၏ သန့်ရှင်းတော်မူခြင်းကို အောက်မေ့ကြလော့” ဟု မိန့်တော်မူ၏။ အို ကျွန်ုပ်၏ ခွန်အား၊ ကျွန်ုပ်၏ ကျောက်၊ ကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်ုပ်သည် အရှင်ကို ချစ်ပါ၏။ အို ကျွန်ုပ်၏ ဝိညာဉ်၊ ထာဝရဘုရားကို ချီးမွမ်းလော့။ ကျွန်ုပ်၏ တစ်ကိုယ်လုံးက သူ၏ သန့်ရှင်းသော နာမတော်ကို ကောင်းချီးပေးပါစေ။ ထာဝရဘုရားသည် ကျွန်ုပ်၏ ခွန်အား၊ ကျွန်ုပ်၏ သီချင်း၊ ကျွန်ုပ်၏ ကယ်တင်ရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်၏ ဘုရား၊ ကျွန်ုပ်၏ အဘ၏ ဘုရား ဖြစ်တော်မူ၏။ ကျွန်ုပ်သည် ကိုယ်တော်ကို ချီးမွမ်း၍ မြှောက်စားပါမည်။ အရှင်သည် ကျွန်ုပ်၏ အပြစ်အားလုံးကို ခွင့်လွှတ်သူ၊ ကျွန်ုပ်၏ ရောဂါအားလုံးကို ကုစားသူ၊ ကျွန်ုပ်၏ အသက်ကို သေမင်း၏ ချောက်ကမ်းပါးမှ ကယ်တင်သူ၊ ကျွန်ုပ်အပေါ် မေတ္တာနှင့် ကရုဏာတော်ကို သွန်းလောင်းသူ ဖြစ်တော်မူ၏။ ရှင်ဘုရင်များ၏ ရှင်ဘုရင်၊ အရှင်သခင်များ၏ အရှင်သခင်၊ ဘုန်းအသရေနှင့် ဂုဏ်အသရေအားလုံးသည် အရှင်၌ ရှိပါစေ။ ယေရှု၏နာမ၌ အာမင်။