လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
၁ ကော 9:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ကို စစ်ဆေးမေးမြန်းသောသူတို့အား ဤသို့ ကျွန်ုပ်ဖြေရှင်း၏။ Common Language Bible ငါ့ကိုပြစ်တင်ဝေဖန်ကြသူတို့အားဤသို့ ငါပြောလို၏။- Garrad Bible စစ် ဆေး သူ တို့ အား ငါ ထု ချေ ချက် မှာ ထို သို့ ပင် တည်း။ Judson Bible ငါ့ကို စစ်ဆေးမေးမြန်းသော သူတို့အား ငါအပြစ်ဖြေရာစကား ဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုစစ်ဆေးစီရင်သောသူတို့အား ဤသို့ ငါဖြေရှင်းပြောဆို၏။ |
လူတို့သည် သင်တို့ကို ဝတ်ပြုဆောင်များသို့လည်းကောင်း၊ အစိုးရမင်းများ၊ အာဏာပိုင်များထံသို့လည်းကောင်း ခေါ်ဆောင်သွားသောအခါ သင်တို့သည် မိမိကိုယ်ကိုယ် မည်သို့ခုခံပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။
ပေါလုက “ညီအစ်ကိုတို့နှင့် ဖခင်တို့… ယခု သင်တို့ရှေ့တွင်ပြောဆိုမည့် ကျွန်ုပ်၏ချေပချက်ကို နားထောင်ကြပါ” ဟု အစချီသော်
ရောမဥပဒေတွင် စွပ်စွဲခံရသောလူတစ်ဦးအနေဖြင့် စွပ်စွဲသူနှင့် မျက်နှာချင်းဆိုင်၍ ထိုစွပ်စွဲချက်ကို ခုခံပြောဆိုခွင့်မရမီ သူ့အားပြစ်ဒဏ်ပေး၍ မရပါဟု အကျွန်ုပ်ဖြေကြားခဲ့ပါ၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးရရှိသူဖြစ်သည်ဟု ယူဆလျှင် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သော အကြောင်းအရာတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း သိမှတ်ရမည်။
ကျွန်ုပ်သည် အခြားသူတို့အတွက် တမန်တော် မဖြစ်လျှင်ပင် သင်တို့အတွက် တမန်တော်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်တို့ကိုယ်တိုင်သည် သခင်ဘုရားနှင့် တပေါင်းတစည်းတည်းရှိခြင်းအားဖြင့် ကျွန်ုပ်တမန်တော်ဖြစ်ကြောင်း သက်သေဖြစ်ကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်အားဖြင့် မိန့်တော်မူသည်ဟူသော သက်သေကို သင်တို့တောင်းဆိုသည့်အတိုင်း ကျွန်ုပ်ပြမည်။ ကိုယ်တော်သည် သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းတော်မမူပါ။ တန်ခိုးတော်သည် သင်တို့အလယ်၌ အားကြီးတော်မူ၏။
သင်တို့သည် ယုံကြည်ခြင်း၌ တည်သောသူများ ဖြစ်သည်၊ မဖြစ်သည်ကို မိမိကိုယ်ကိုယ် ဆန်းစစ်ကြလော့။ မိမိကိုယ်ကိုယ် စစ်ဆေးကြလော့။ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူကြောင်း သင်တို့မသိကြသလော။ စစ်ဆေးရာတွင် ကျရှုံးလျှင်မူ ယေရှုခရစ်တော်သည် သင်တို့အထဲ၌ ကိန်းဝပ်တော်မူသည်မဟုတ်။
မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ဟောပြောသောသူတို့ကမူ ကျွန်ုပ် အကျဉ်းချခံရစဉ် ကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခတိုးပွားစေရန် ရည်ရွယ်လျက် ရိုးသားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်၏အမှုကို ပထမဆုံးအကြိမ် ချေပပြောဆိုရာတွင် မည်သူမျှ ကျွန်ုပ်ဘက်၌ မကူညီဘဲ လူတိုင်းကျွန်ုပ်ကို စွန့်ပစ်ခဲ့ကြ၏။ ဤအရာကြောင့် သခင်ဘုရားသည် ထိုသူတို့ကို အပြစ်တင်တော်မမူပါစေနှင့်။