ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ဧဖက် 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုတန်ခိုးတော်သည် ဘုရားသခင်က ခရစ်တော်ကို သေရာမှ ထမြောက်စေတော်မူ၍ ကောင်းကင်အရပ်တွင် လက်ယာတော်ဘက်၌ စံမြန်းစေတော်မူသောအခါ၌ ပြတော်မူသော တန်ခိုးပင် ဖြစ်၏။ Common Language Bible ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။- Garrad Bible ဆို ခဲ့ သည့် ခွန် အား အ စွမ်း သ တ္တိ တန် ခိုး တော် ဖြင့် ခ ရစ် တော်၌ ပြု ပြင် တော် မူ လျက် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ကို လည်း ကောင်း၊ နတ် မင်း၊ အာ ဏာ ရှင်၊ တန် ခိုး ရှင်၊ အုပ် စိုး ရှင် ဟူ သ မျှ မှ စ သော၊ ယ ခု ဘ ဝ၊ နောင် ဘ ဝ၌ သ မုတ် သော ဘွဲ့ နာ မ ရှိ သ မျှ တို့ အ ထက်၊ ကောင်း ကင် ဘုံ တွင် ယာ ဘက် တော်၌ စံ နေ ခြင်း ကို လည်း ကောင်း၊ အ ရာ ခပ် သိမ်း ကို ခြေ တော့် အောက် ချ ထား ခြင်း ကိုလည်း ကောင်း၊ ရှိ သ မျှ၏ ဦး ထိပ် အ ဖြစ် အ သင်း တော် အား သ နား ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ၏။ Judson Bible ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ထိုအစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါတို့ကို ခရစ်တော်ထဲ၌ သက်ဝင်လှုပ်ရှားစေတော်မူ၍ ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေကာ |
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ယေရှုက “မှန်ပါ၏။ လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
မည်သူကမျှ ငါ့အသက်ကို စွန့်စေသည်မဟုတ်။ မိမိသဘောဖြင့်သာ ငါစွန့်၏။ အဘယ်ကြောင့်ဆိုသော် ငါ့အသက်ကို စွန့်ရန်နှင့် ပြန်ယူရန် ငါ့ထံ၌ အခွင့်အာဏာရှိသောကြောင့်ဖြစ်၏။ ထိုအမိန့်ကို ခမည်းတော်ထံမှ ငါရရှိ၏” ဟု မိန့်တော်မူ၏။
သို့သော်လည်း ဘုရားသခင်သည် ယေရှုကို သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်စေ၍ ကိုယ်ထင်ပြရသောအခွင့်ကို ပေးတော်မူ၏။
သေလွန်သောသူတို့အား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသည်ကို ယုံဖွယ်မရှိဟု အရှင်တို့အဘယ်ကြောင့်ထင်မြင်ကြသနည်း။
နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
ထိုသားတော်မှာ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောအခါ ဘုရားသခင်၏သားတော်အဖြစ် သတ်မှတ်ခံရသော ကျွန်ုပ်တို့၏သခင်၊ ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
သို့ဖြစ်၍ မည်သူသည် ကျွန်ုပ်တို့ကို အပြစ်စီရင်မည်နည်း။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူသည်သာမက ရှင်ပြန်ထမြောက်တော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်လျက် ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံတော်မူ၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ကျွန်ုပ်သည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကို ရရှိခံစားခြင်း၊ ကိုယ်တော်ကဲ့သို့ အသေခံ၍ ကိုယ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားခြင်းတို့ကိုသာ အလိုရှိ၏။
အဘယ်ကြောင့်ဆိုသော် သားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ ရှိသော မျက်စိဖြင့် မြင်ရသောအရာ၊ မမြင်ရသောအရာဟူသမျှ ရာဇပလ္လင်ဖြစ်စေ၊ အုပ်စိုးပိုင်ခွင့်ဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ အရာအားလုံးတို့ကို ဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။ အရာအားလုံးသည် ထိုသားတော်အတွက်လည်းကောင်း၊ ထိုသားတော်အားဖြင့်လည်းကောင်း ဖန်ဆင်းခံကြရ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
သို့သော် ခရစ်တော်မှာမူ အပြစ်ဖြေရန် ထာဝရအတွက် တစ်ခုတည်းသောယဇ်ကို ပူဇော်တော်မူ၏။ ထို့နောက် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ထိုသူကို တွေ့သောအခါ ကျွန်ုပ်သည် သေသွားသကဲ့သို့ သူ၏ ခြေရင်း၌ လဲကျသွား၏။ ထိုအခါ သူသည် လက်ယာလက်ကို ကျွန်ုပ်အပေါ်တင်၍ အောက်ပါအတိုင်း ဆို၏။ “မကြောက်နှင့်။ ငါသည် အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။