ဧဖက် 1:20 - Common Language Bible20 ခရစ်တော်ကိုသေခြင်းမှရှင်ပြန်ထမြောက် စေတော်မူ၍ ကောင်းကင်လောကတွင်မိမိ ၏လက်ယာတော်ဘက်၌စံမြန်းစေတော် မူသောအခါက ဘုရားသခင်အသုံးပြု တော်မူခဲ့သည့်တန်ခိုးတော်ပင်ဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible20-22 ဆို ခဲ့ သည့် ခွန် အား အ စွမ်း သ တ္တိ တန် ခိုး တော် ဖြင့် ခ ရစ် တော်၌ ပြု ပြင် တော် မူ လျက် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ခြင်း ကို လည်း ကောင်း၊ နတ် မင်း၊ အာ ဏာ ရှင်၊ တန် ခိုး ရှင်၊ အုပ် စိုး ရှင် ဟူ သ မျှ မှ စ သော၊ ယ ခု ဘ ဝ၊ နောင် ဘ ဝ၌ သ မုတ် သော ဘွဲ့ နာ မ ရှိ သ မျှ တို့ အ ထက်၊ ကောင်း ကင် ဘုံ တွင် ယာ ဘက် တော်၌ စံ နေ ခြင်း ကို လည်း ကောင်း၊ အ ရာ ခပ် သိမ်း ကို ခြေ တော့် အောက် ချ ထား ခြင်း ကိုလည်း ကောင်း၊ ရှိ သ မျှ၏ ဦး ထိပ် အ ဖြစ် အ သင်း တော် အား သ နား ခြင်း ကိုလည်း ကောင်း၊ စီ ရင် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ထိုတန်ခိုးတော်ကား၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင်သော မဟာတန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ဘုရားသခင်သည် ထိုအစွမ်းသတ္တိနှင့်တန်ခိုးအရှိန်အဝါတို့ကို ခရစ်တော်ထဲ၌ သက်ဝင်လှုပ်ရှားစေတော်မူ၍ ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေကာ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ထိုတန်ခိုးတော်သည် ဘုရားသခင်က ခရစ်တော်ကို သေရာမှ ထမြောက်စေတော်မူ၍ ကောင်းကင်အရပ်တွင် လက်ယာတော်ဘက်၌ စံမြန်းစေတော်မူသောအခါ၌ ပြတော်မူသော တန်ခိုးပင် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
နာဇရက်မြို့သားယေရှုခရစ်၏နာမတော် တန်ခိုးအားဖြင့် ထိုသူသည်ခြေစွမ်းသန်လာ ၍ ယခုသင်တို့ရှေ့တွင်ရပ်လျက်နေသည်ကို သင်တို့နှင့်အတူဣသရေလအမျိုးသား အပေါင်းတို့သိမှတ်ကြလော့။ ထိုအရှင် ကားသင်တို့လက်ဝါးကပ်တိုင်ပေါ်မှာတင် ၍သတ်ပြီးနောက် ဘုရားသခင်ရှင်ပြန် ထမြောက်စေတော်မူသောသူဖြစ်သတည်း။
အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။-
သားတော်သည် ဘုရားသခင်၏ ဘုန်းအသရေ နှင့်ထွန်းလင်းတောက်ပလျက်ရှိ၏။ ကိုယ်တော် သည်ဘုရားသခင်၏ဇာတိအဖြစ်တော်တိကျ မှန်ကန်သောပုံသဏ္ဌာန်ဖြစ်လျက် မိမိ၏တန်ခိုး နှင့်ပြည့်စုံသောအမိန့်တော်အားဖြင့် စကြဝဠာ ကိုတည်နေစေတော်မူ၏။ ကိုယ်တော်သည်လူသား တို့အားအပြစ်များမှပြေလွတ်စေရန်ဆောင် ရွက်တော်မူပြီးနောက် ကောင်းကင်ဘုံတွင်အနန္တ တန်ခိုးရှင်ဘုရားသခင်၏လက်ယာတော် ဘက်၌ထိုင်တော်မူ၏။
အသက်တော်ကိုတင်လှူပူဇော်တော်မူခြင်း အားဖြင့် ထာဝရပဋိညာဉ်တော်ကိုတံဆိပ် ခတ်နှိပ်တော်မူသဖြင့် သိုးထိန်းကြီးဖြစ် တော်မူသောငါတို့အရှင်သခင်ယေရှု အားဘုရားသခင်သည် သေခြင်းမှရှင်ပြန် ထမြောက်စေတော်မူပြီ။ သင်တို့သည်ငြိမ် သက်ခြင်းအရှင်ဘုရားသခင်၏အလို တော်ကိုလိုက်လျှောက်နိုင်ကြစေရန် ကိုယ် တော်သည်သင်တို့အားကောင်းမြတ်သော အရာဟူသမျှကိုချပေးတော်မူပါစေ သော။ ကိုယ်တော်သည်မိမိနှစ်သက်တော် မူဖွယ်ရာကို ငါတို့၌ယေရှုခရစ်အား ဖြင့်ပြုတော်မူပါစေသော။ ခရစ်တော် သည်ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်တော်မူပါသတည်း။ အာမင်။
သို့သော်ငါတို့တွေ့မြင်ကြရသူကား ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်း တို့အတွက် အသက်တော်ကိုစွန့်တော်မူနိုင်ရန် ကာလအနည်းငယ်မျှ ကောင်းကင်တမန်များ ထက်နှိမ့်ချမှုကိုခံရသည့်သခင်ယေရှုပင် ဖြစ်တော်မူ၏။ ထိုအရှင်သည် မိမိအသေခံ တော်မူခဲ့သည့်အတွက်ဘုန်းအသရေ၊ ဂုဏ် အသရေနှင့်ပြည့်ဝလျက်ရှိတော်မူသည် ကို ယခုအခါငါတို့တွေ့မြင်ကြရ၏။-
ငါတို့သည်ငါတို့အရှင်သခင်ယေရှုခရစ် ၏ခမည်းတော်ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြကုန်စို့။ ကိုယ်တော်သည်မဟာ ကရုဏာတော်ကြောင့်သခင်ယေရှုခရစ် ကိုသေခြင်းမှရှင်ပြန်ထြေမာက်စေတော်မူ ခြင်းအားဖြင့် ငါတို့အားဘဝသစ်ကိုပေး တော်မူသဖြင့်စိတ်ချရသောမျှော်လင့် ခြင်းကိုရရှိစေတော်မူ၏။-