ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ဟေဗြဲ 11:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။ Common Language Bible သို့ရာတွင်သူတို့သည်ထိုပြည်ထက်သာလွန် ကောင်းမြတ်သည့်ကောင်းကင်ရွှေပြည်ကိုတမ်းတ ကြသည်ဖြစ်၍ ဘုရားသခင်သည်သူတို့၏ ဘုရားဟူ၍ခေါ်ဝေါ်ခြင်းခံရသည်ကိုရှက် တော်မမူ။ ကိုယ်တော်သည်သူတို့နေထိုင်ရန် မြို့ကိုပြင်ဆင်တော်မူပြီးဖြစ်သတည်း။ Garrad Bible မု ချ အား ဖြင့် သာ၍ မြတ် သော ကောင်း ကင် ပြည် တော် ကို ရှာ ကြံ ကြ သ ဖြင့် ဘု ရား သ ခင် သည် သူ တို့ အ ဖို့ မြို့ တော် ပြင် ဆင် ပြီး ဖြစ် လျက် သူ တို့ ဘု ရား ဟု အ ခေါ် ခံ ရန် ရှက် တော် မ မူ။ Judson Bible ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍မြတ်သောပြည်ကို တောင့်တခြင်းရှိကြ၏။ ထိုကြောင့်၊ ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ ခေါ်ဝေါ်ခြင်းကိုရှက်တော်မမူ၊ သူတို့နေစရာဖို့ မြို့ကို တည်ထောင်တော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။ |
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
မီးလောင်နေသောချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို မောရှေက ‘အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား’ ဟု ခေါ်ဆို၏။ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်၍ အချိန်ကြာမြင့်သည့်တိုင် ထိုသို့ ခေါ်ဆိုခြင်းသည် သေလွန်သောသူတို့ပြန်ရှင်ကြကြောင်း ဖော်ပြခြင်းပင်ဖြစ်၏။
ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့၏ဘုရားဖြစ်၏’ ဟူသော ထာဝရဘုရား၏အသံတော် ထွက်ပေါ်လာ၏။ မောရှေသည် ကြောက်ရွံ့တုန်လှုပ်ကာ မော်၍ပင် မကြည့်ဝံ့ပေ။
သို့သော် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများဖြစ်ကြပြီး ထိုကောင်းကင်ဘုံမှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို စောင့်မျှော်နေကြ၏။
သခင်ဘုရားသည် မကောင်းမှုမှန်သမျှမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၍ မိမိကောင်းကင်နိုင်ငံတော်သို့ ဘေးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
သင်တို့သည် အကျဉ်းကျနေသူများအပေါ် စာနာစိတ်ထားကြ၏။ ဥစ္စာပစ္စည်းများကို အဓမ္မလုယူခံရသော်လည်း ဝမ်းမြောက်စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအရာများထက် ပိုမိုကောင်းမြတ်ပြီး ထာဝရတည်မြဲသောအရာများကို ပိုင်ဆိုင်ထားသည်ကို သိကြသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ဘုရားသခင် စီမံဆောက်လုပ်တော်မူသည့် ခိုင်ခံ့သောအုတ်မြစ်များရှိသည့်မြို့ကို မျှော်လင့်နေခဲ့သောကြောင့်ဖြစ်၏။
ထိုသို့ ဝန်ခံပြောဆိုသောသူတို့သည် မိမိတို့၏ကိုယ်ပိုင်နေရပ်မြေကို တောင့်တကြောင်း ဖော်ပြကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ပိုမိုကောင်းမွန်သောအရာကို ပြင်ဆင်ထားသောကြောင့် ဖြစ်၏။ ထိုအရာကို သူတို့သည် ကျွန်ုပ်တို့နှင့်အတူ လက်ခံရရှိလျှင် သူတို့သည် ပြီးပြည့်စုံသူများဖြစ်ကြလိမ့်မည်။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။
သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။