ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
ဟေဗြဲ 10:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် မိမိကိုယ်ခန္ဓာဟူသော ကန့်လန့်ကာမှတစ်ဆင့် ကျွန်ုပ်တို့အတွက် အသက်ရှင်သောလမ်းသစ်ကို ဖွင့်ပေးတော်မူ၏။ Common Language Bible ကိုယ်တော်သည်မိမိ၏ကိုယ်ခန္ဓာတော်တည်း ဟူသောဗိမာန်တော်ကန့်လန့်ကာကိုဖြတ်၍ ဘုရားသခင်၏ရှေ့တော်မှောက်သို့ရောက်ရာ အသက်လမ်းသစ်ကိုဖွင့်၍ပေးတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။ |
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။ မြေငလျင် လှုပ်၍ ကျောက်တုံးများလည်း အက်ကွဲကြ၏။
ထိုအခါ ဗိမာန်တော်ကန့်လန့်ကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် နှစ်ခြမ်းကွဲလေ၏။
ထို့ကြောင့် တစ်ဖန် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါသည် သိုးခြံဝင်းတံခါးဖြစ်၏။
ငါသည် တံခါးဝဖြစ်၏။ ဤတံခါးဝမှ ဝင်သောသူသည် ဘေးကင်း၍ ဝင်ထွက်သွားလာလျက် ကျက်စားရာအရပ်ကို တွေ့လိမ့်မည်။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
စည်းမျဉ်းဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့၏ ပညတ်တရားစနစ်တစ်ခုလုံးကို မိမိအသွေးအသားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့ပြုခြင်းမှာ ထိုလူမျိုးနှစ်မျိုးစလုံးကို မိမိနှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် လူမျိုးသစ် ဖန်ဆင်း၍ ငြိမ်းချမ်းစေရန် ဖြစ်၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။
ထို့နောက် ကန့်လန့်ကာ တစ်ခုရှိပြီး ထိုကန့်လန့်ကာနောက်တွင် အသန့်ရှင်းဆုံးဌာနတော် ဟု ခေါ်သော ဒုတိယအခန်းရှိ၏။
ဤစည်းမျဉ်းအရ တဲတော်၏ ပထမအခန်း တည်ရှိနေသရွေ့ အသန့်ရှင်းဆုံးဌာနတော်ဖြစ်သည့် ဒုတိယအခန်းသို့ ဝင်သည့်လမ်း မပွင့်သေးကြောင်းကို သန့်ရှင်းသောဝိညာဉ်တော်က ဖော်ပြတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာကြောင်းကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဖြစ်၏။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့သိနိုင်ကြ၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။