Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ထို့ပြင် ကျွန်ုပ်တို့​တွင် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုး​သည့် ယဇ်ပုရောဟိတ်မင်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ငါ​တို့​တွင်​ဘု​ရား​သ​ခင်​၏​အိမ်​ထောင်​ကို အုပ်​စိုး​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ဘု ရား သ ခင့် ဗိ မာန် တော် ပေါ် တွင် မ ဟာ ပ​ ရော ဟိတ် တစ် ပါး ကို ရ ရှိ ကြ သော ကြောင့် လည်း ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ငါ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့၊ အ​သွေး​တော်​ကို အ​မှီ​ပြု၍ အ​ဆီး​အ​တား​မ​ရှိ၊ ဝင်​ရ​သော​အ​ခွင့် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို အုပ်​စိုး​သော ယဇ်​ပု​ရော​ဟိတ်​မင်း ရှိ​သ​ဖြင့်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထိုမျှမက ငါ​တို့​၌ ဘုရားသခင်​၏​အိမ်​တော်​ကို​အုပ်စိုး​သည့် ကြီးမြတ်​သော​ယဇ်ပုရောဟိတ်​ရှိ​သည်​ဖြစ်၍

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:21
12 ပူးပေါင်းရင်းမြစ်များ  

သင့်​အား ငါ​ပြောဆိုသည်​မှာ သင်​သည် ကျောက်​ဟု အဓိပ္ပာယ်ရသော​ပေတရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်တွင် ငါ​၏ အသင်းတော်​ကို တည်ဆောက်မည်။ မရဏ​နိုင်ငံ​၏​တံခါးများ​ပင် ထို​အသင်းတော်​ကို အောင်နိုင်​လိမ့်မည်​မဟုတ်။


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


ထို့ကြောင့် ကိုယ်တော်​သည် အရာရာတိုင်း​၌ မိမိ​ညီအစ်ကို​မောင်နှမတို့​နှင့် တူရ၏။ ဤ​နည်း​ဖြင့် ကိုယ်တော်သည် လူတို့​၏​အပြစ်များ​ကို ဖြေလွှတ်ပေး​ရန် ဘုရားသခင်​၏​အမှုတော်​တွင် ကရုဏာ​နှင့် သစ္စာ​ရှိသော ယဇ်ပုရောဟိတ်မင်း​ဖြစ်လာရ၏။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ယေရှု​ခရစ်တော်​သည် မေလခိဇေဒက်​နည်းတူ ထာဝရ​ယဇ်ပုရောဟိတ်မင်း​ဖြစ်လာ၏။ ကိုယ်တော်​သည် ရှေ့ပြေး​ဖြစ်တော်မူပြီး ကျွန်ုပ်တို့​ကိုယ်စား အသန့်ရှင်းဆုံး​ဌာနတော်​ထဲသို့ ဝင်ရောက်တော်မူ၏။


ထို​ယဇ်ပုရောဟိတ်မင်း​သည် သန့်ရှင်းသူ၊ အပြစ်​ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့​နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ​၌ အကြီးမြတ်ဆုံးသော နေရာ​သို့ ချီးမြှောက်​ခံရသူ​ဖြစ်​သောကြောင့် ကျွန်ုပ်တို့​လိုအပ်နေသော​ယဇ်ပုရောဟိတ်မင်း​မျိုး ဖြစ်၏။


ကျွန်ုပ်တို့ ပြောဆိုနေသော အဓိက​အချက်​မှာ ထိုသို့သော​ယဇ်ပုရောဟိတ်မင်း​တစ်ဦး​သည် ကျွန်ုပ်တို့​၌​ရှိ၏။ ထို​ယဇ်ပုရောဟိတ်​သည် ကောင်းကင်ဘုံ​၌ ဘုန်းကြီးသော​တန်ခိုးရှင်​၏ ရာဇပလ္လင်​လက်ယာတော်​ဘက်​၌ ထိုင်တော်မူပြီး


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ