တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
လုကာ 5:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမုန်နှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဇေဗေဒဲ၏သားနှစ်ဦး ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေရှုက “မကြောက်နှင့်။ ယခုမှစ၍ သင်သည် လူများကိုဖမ်းသောတံငါ ဖြစ်လိမ့်မည်” ဟု ရှိမုန်အား မိန့်တော်မူ၏။ Common Language Bible ရှိမုန်နှင့်ငါးဖမ်းဘက်ဖြစ်ကြသောဇေဗေဒဲ ၏သားနှစ်ယောက်၊ ယာကုပ်နှင့်ယောဟန်တို့သည် လည်းထိုနည်းတူအံ့သြကြ၏။ သခင်ယေရှု ကရှိမုန်အား ``မကြောက်နှင့်၊ ယခုမှစ၍သင် တို့သည်လူဖမ်းတံငါများဖြစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ Judson Bible ယေရှုကလည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှိမုန်၏အပေါင်းအဖော်များဖြစ်ကြသော ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့သည်လည်း အံ့အားသင့်ကြ၏။ ယေရှုကလည်း“မကြောက်နှင့်။ သင်သည် ယခုမှစ၍ လူကိုဖမ်းလိမ့်မည်”ဟု ရှိမုန်အား မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။- |
တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲသို့ချ၍ ငါးမျိုးစုံကို ဖမ်းမိသောပိုက်ကွန်နှင့် တူ၏။
သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ထို့နောက် ဇေဗေဒဲ၏ဇနီးသည် သားနှစ်ယောက်နှင့်အတူ ယေရှုထံသို့ လာ၍ ရှေ့တော်တွင် ဒူးထောက်လျက် ကျေးဇူးပြုတော်မူရန် လျှောက်လေ၏။
ယေရှုက “ငါ့နောက်သို့ လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။
ထိုနေရာမှ အနည်းငယ်ကြွတော်မူသောအခါ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် ဇေဗေဒဲ၏သားများဖြစ်ကြ၍ လှေထဲ၌ ဖခင်နှင့်အတူ ပိုက်ကွန်များဖာထေးပြုပြင်နေကြ၏။ ယေရှုက သူတို့ကို နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။
ထိုအခါ ယေရှုက “ငါ့နောက်သို့လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့သည် အခြားလှေမှ အဖော်တံငါသည်များကို အချက်ပြ၍ အကူအညီတောင်းကြ၏။ ထိုသူတို့သည်လာ၍ လှေနှစ်စင်းလုံးတွင် ငါးများပြည့်အောင်ထည့်ကြသဖြင့် လှေတို့သည် နစ်မြုပ်လုမတတ် ဖြစ်၏။
ဤသို့လျှောက်ရသည်မှာ ဖမ်းမိသောငါးများသည် အလွန်များပြား၍ ရှိမုန်နှင့် အခြားတံငါသည်များအားလုံးက အံဩကြသောကြောင့် ဖြစ်၏။
ပေတရုဟု ယေရှုမှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု၏ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊
ရှိမုန်ပေတရု၊ အမြွှာပူးဟု အမည်တွင်သော သောမ၊ ဂါလိလဲပြည်၊ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြ၏။
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
တိတုအကြောင်းနှင့် ပတ်သက်၍ ပြောရလျှင် သူသည် သင်တို့ကို ကူညီရန် ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သော ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်ဟု ဆိုရပေမည်။ သူနှင့်အတူပါရှိသော အခြားညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတော်ဖြစ်သော အသင်းတော်တို့၏ ကိုယ်စားလှယ်များဖြစ်ကြ၏။
မာရ်နတ်သည် မိမိအလိုအတိုင်း လိုက်နာစေရန် သူတို့ကို ဖမ်းဆီးထားသော်လည်း သူတို့သည် အသိတရားရ၍ မာရ်နတ်၏ ထောင်ချောက်မှ လွတ်မြောက်နိုင်လိမ့်မည်။