သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
လုကာ 17:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကြည့်လော့။ ‘ဤနေရာ၌ တည်သည်။ ထိုနေရာ၌ တည်သည်’ ဟူ၍လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အထဲ၌ တည်လျက်ရှိသည်” ဟု မိန့်တော်မူ၏။ Common Language Bible `ကြည့်လော့၊ နိုင်ငံတော်သည်ဤအရပ်တွင်တည် ပြီ။ ထိုအရပ်တွင်တည်ပြီဟူ၍မပြောနိုင်။ အမှန် စင်စစ်သော်ကားဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲတွင်တည်လျက်ရှိသည်'' ဟုမိန့် တော်မူ၏။ Garrad Bible ကြည့် လော့၊ ဤ တွင် ထို တွင် ရှိ သည် ဟု ဆို ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ ဘောင် တွင် တည် ပြီ ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်လော့။ ဤအရပ်၌ရှိသည်၊ သို့မဟုတ် ထိုအရပ်၌ရှိသည်ဟူ၍လည်း မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ |
သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
ထိုအခါ တစ်စုံတစ်ဦးက သင်တို့အား ‘ကြည့်လော့။ ဤနေရာတွင် ခရစ်တော် ရှိသည်၊’ သို့မဟုတ် ‘ထိုနေရာတွင် ခရစ်တော် ရှိသည်’ ဟု ဆိုသော်လည်း မယုံကြနှင့်။
လူတို့က ‘ထိုနေရာကို ကြည့်လော့။ ဤနေရာကို ကြည့်လော့’ ဟု ပြောသော်လည်း သူတို့နောက်သို့ လိုက်၍ မသွားကြနှင့်။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
ယောဟန်က “ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ဤလူအုပ်ထဲ၌ သင်တို့မသိသော အရှင်တစ်ပါးရှိ၏။
ယေရှုက “ငါ့နိုင်ငံသည် လောကီနိုင်ငံမဟုတ်။ ဟုတ်လျှင် ဂျူးခေါင်းဆောင်များ၏ဖမ်းဆီးခြင်းကို ငါမခံရစေရန် ငါ့တပည့်တို့က တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ့နိုင်ငံသည် ဤကမ္ဘာလောကမှ မဟုတ်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နိုင်ငံတော်တွင် စားသောက်ခြင်းသည် အရေးမကြီးပေ။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့သာ အရေးကြီး၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။