Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 17:21 - Common Language Bible

21 `ကြည့်​လော့၊ နိုင်​ငံ​တော်​သည်​ဤ​အ​ရပ်​တွင်​တည် ပြီ။ ထို​အ​ရပ်​တွင်​တည်​ပြီ​ဟူ​၍​မ​ပြော​နိုင်။ အ​မှန် စင်​စစ်​သော်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​တွင်​တည်​လျက်​ရှိ​သည်'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကြည့် လော့၊ ဤ တွင် ထို တွင် ရှိ သည် ဟု ဆို ရ မည် မ ဟုတ်။ ဘု ရား သ ခင့် နိုင် ငံ တော် သည် သင် တို့ ဘောင် တွင် တည် ပြီ ဟု ပြန်၍ မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု ပြော​စ​ရာ​အ​ခွင့်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​အ​ထဲ၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ကြည့်​လော့။ ဤ​အရပ်​၌​ရှိ​သည်၊ သို့မဟုတ် ထို​အရပ်​၌​ရှိ​သည်​ဟူ၍​လည်း မ​ပြော​နိုင်။ အကြောင်းမူကား ဘုရားသခင်​၏​နိုင်ငံ​တော်​သည် သင်​တို့​၏​အထဲ၌​ရှိ​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကြည့်လော့။ ‘ဤ​နေရာ​၌ တည်သည်။ ထို​နေရာ​၌ တည်သည်’ ဟူ၍​လည်း မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​အထဲ​၌ တည်​လျက်​ရှိသည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

21 ဤ​အ​ရပ်၌ ကြည့်​ပါ။ ထို​အ​ရပ်၌ ကြည့်​ပါ​ဟု ပြော​စ​ရာ​အ​ခွင့်​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် သင်​တို့၏​အ​ထဲ၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 17:21
10 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​၏​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်။ ထို သို့​မှန်​လျှင်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​တွင်​တည်​လျက်​ရှိ​ပေ​ပြီ။


``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။-


လူ​တို့​က `လူ​သား​သည်​ဤ​အ​ရပ်​မှာ​ရှိ​သည်။ ထို​အ​ရပ်​မှာ​ရှိ​သည်' ဟု​ဆို​သော်​လည်း​သင်​တို့ လိုက်​၍​မ​ရှာ​ကြ​နှင့်။-


ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။-


ယော​ဟန်​က ``ငါ​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ပေး​၏။ သင်​တို့​တွင်​သင်​တို့​မ​သိ​သော အ​ရှင်​ရှိ​၏။-


သ​ခင်​ယေ​ရှု​က ``ငါ့​နိုင်​ငံ​သည်​ဤ​လော​က​နှင့် မ​သက်​ဆိုင်။ အ​ကယ်​၍​ငါ့​နိုင်​ငံ​သည်​ဤ​လော​က နှင့်​သက်​ဆိုင်​ပါ​မူ ငါ​သည်​ယု​ဒ​အ​မျိုး​သား​တို့ လက်​သို့​မ​ရောက်​ရ​အောင်​ငါ​၏​တ​ပည့်​တို့​သည် တိုက်​ခိုက်​ကြ​မည်။ အ​မှန်​စင်​စစ်​ငါ​၏​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​သက်​ဆိုင်'' ဟု​မိန့်​တော်​မူ​၏။


ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-


ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည်​တော်​မှာ​လူ​မျိုး တ​ကာ​တို့​အ​တွက်​ကြွယ်​ဝ​၍ ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​သော​နက်​နဲ​သည့်​အ​ရာ​အ​ကြောင်း​ကို မိ​မိ လူ​စု​တော်​အား​သိ​စေ​ရန်​ပင်​ဖြစ်​၏။ ဤ​နက်​နဲ သော​အ​ရာ​ကား​ခ​ရစ်​တော်​သည်​သင်​တို့​စိတ် အ​တွင်း​၌​ကျိန်း​ဝပ်​တော်​မူ​ကြောင်း​ပင်​ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ဆို​သော်​သင်​တို့​သည်​ဘုရား သ​ခင်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ​တော်​ကို ခံ​စား​ရ​မည်​ဖြစ်​ကြောင်း​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ