သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 11:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ တောင်းကြလော့။ တောင်းလျှင်ရလိမ့်မည်။ ရှာကြလော့။ ရှာလျှင်တွေ့လိမ့်မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်ပေးလိမ့်မည်။ Common Language Bible သင်တို့အားငါဆိုသည်ကားတောင်းကြလော့၊ တောင်းလျှင်ရကြလိမ့်မည်။ ရှာကြလော့၊ ရှာ လျှင်တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြ လော့၊ ခေါက်လျှင်တံခါးကိုဖွင့်လိမ့်မည်။- Garrad Bible သင် တို့ အား ငါ ဆို သည် ကား တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့ ပွင့် လိမ့် မည်။ Judson Bible တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့အား ငါဆိုမည်။ တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။ မြန်မာ တစ်ဖန် ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။- |
သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်ခြင်းဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
သို့သော် ဘုန်းကြီးသောရှောလမုန်မင်းကြီးပင်လျှင် ထိုနှင်းပန်းပင်တစ်ပင်ကဲ့သို့ မဝတ်ဆင်ခဲ့ရဟု သင်တို့အား ငါပြောဆို၏။
ထို့ကြောင့် သင်တို့ကို ငါဆိုသည်မှာ သင်တို့သည် မိမိတို့တောင်းလျှောက်သမျှကို ရရှိပြီဟု ယုံကြည်သောစိတ်ဖြင့် ဆုတောင်းလျှင် တောင်းသမျှကို ရကြလိမ့်မည်။
သတိနှင့် စောင့်နေကြလော့ဟူ၍ သင်တို့ကို သတိပေးသည့်အတိုင်း လူအပေါင်းတို့ကို ငါသတိပေးတော်မူ၏” ဟု မိန့်တော်မူ၏။
တောင်းသောသူတို့သည် ရကြ၏။ ရှာသောသူတို့သည် တွေ့ကြ၏။ ခေါက်သောသူတို့အတွက်လည်း တံခါးကိုဖွင့်ပေး၏။
ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းကြီးတော်မူစေရန် ငါ၏အမည်နာမကို အမှီပြု၍ သင်တို့တောင်းလျှောက်လျှင် တောင်းလျှောက်သမျှကို ငါပေးမည်။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။
ယေရှုက “သင့်အတွက် ဘုရားသခင်ပေးတော်မူမည့် လက်ဆောင်ကိုလည်းကောင်း၊ သင့်ထံမှ သောက်ရေကို တောင်းသောသူသည် မည်သူဖြစ်ကြောင်းကိုလည်းကောင်း သင်သိပါက သင်သည် ငါ့ထံမှ ရေကို တောင်းလိမ့်မည်။ ငါသည်လည်း အသက်ရေကို သင့်အား ပေးလိမ့်မည်” ဟု ဖြေတော်မူ၏။
ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က “ငါသည် ကျေးဇူးပြုရန် သင့်လျော်သောအချိန်၌ သင့်စကားကို နားထောင်ခဲ့ပြီ။ ကယ်တင်သောနေ့ရက်၌ သင့်ကို ကူညီမစခဲ့ပြီ” ဟု မိန့်တော်မူခဲ့၏။ ယခုအချိန်သည် ကိုယ်တော်၏ကျေးဇူးပြုတော်မူခြင်းကို ခံစားရမည့်အချိန်ပင် ဖြစ်၏။ ယခုအချိန်သည် ကယ်တင်တော်မူရာနေ့ရက်ပင် ဖြစ်၏။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
သင်တို့တွင် တစ်စုံတစ်ယောက်သည် ဉာဏ်ပညာကို လိုအပ်လျှင် ဘုရားသခင်ထံ တောင်းစေ။ ကဲ့ရဲ့ပြစ်တင်တော်မမူဘဲ ရက်ရောစွာ ပေးတော်မူသော ဘုရားသခင်သည် ထိုသူအား ဉာဏ်ပညာကို ပေးတော်မူလိမ့်မည်။
ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်းသည် လူနာကို ကျန်းမာစေ၍ သခင်ဘုရားသည် သူ့ကို နာလန်ထစေတော်မူလိမ့်မည်။ ထိုသူသည် အပြစ်ကျူးလွန်ခဲ့မိလျှင်လည်း ခွင့်လွှတ်တော်မူခြင်းကို ခံရလိမ့်မည်။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ကိုယ်တော်နှစ်သက်တော်မူသောအရာကို လုပ်ဆောင်ကြသောကြောင့် ကိုယ်တော်ထံ တောင်းလျှောက်သမျှကိုလည်း ရရှိကြလိမ့်မည်။
ယခု ကျွန်ုပ်သည် ကျန်ရှိသော သွာတိရအသင်းသား သင်တို့အား ပြောလို၏။ သူ၏မှားယွင်းသည့် သွန်သင်ချက်ကို နားမထောင်၊ စာတန်၏လျှို့ဝှက်ချက်များကို မခံယူသည့် သင်တို့အပေါ်သို့ အခြားဝန်ထုပ်ဝန်ပိုးကို ငါတင်မည်မဟုတ်။