Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 11:9 - မြန်မာ

9 တစ်​ဖန် ငါ​ဆို​သည်​ကား၊ တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့၊ ခေါက်​လျှင်​ဖွင့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သင်​တို့​အား​ငါ​ဆို​သည်​ကား​တောင်း​ကြ​လော့၊ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့၊ ရှာ လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ လော့၊ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 သင် တို့ အား ငါ ဆို သည် ကား တောင်း ကြ လော့၊ ရ လိမ့် မည်။ ရှာ ကြ လော့၊ တွေ့ လိမ့် မည်။ ခေါက် ကြ လော့ ပွင့် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 တစ်​ဖန် ငါ​ဆို​သည်​ကား၊ တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​မည်။ ရှာ​ကြ​လော့။ ရှာ​လျှင်​တွေ့​မည်။ တံ​ခါး​ကို​ခေါက်​ကြ​လော့၊ ခေါက်​လျှင်​ဖွင့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

9 ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ တောင်းကြလော့။ တောင်း​လျှင်​ရ​လိမ့်မည်။ ရှာကြလော့။ ရှာ​လျှင်​တွေ့​လိမ့်မည်။ တံခါး​ကို ခေါက်ကြလော့။ ခေါက်​လျှင် ဖွင့်ပေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 11:9
40 ပူးပေါင်းရင်းမြစ်များ  

ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ထို​သား​နှစ်​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် အ​ဘ၏​အ​လို​ကို ဆောင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သား​အ​ကြီး​ဆောင်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​အ​ရင် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​တတ်​ကြ၏။-


သို့​သော်​လည်း ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး၏ အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏ အ​ဝတ်​ကို​မ​မီ​ဟု ငါ​ဆို၏။


ထို​ကြောင့် ငါ​ဆို​သည်​ကား၊ သင်​တို့​သည် ဆု​ကျေး​ဇူး​ကို​ရ​မည်​ဟု ယုံ​ကြည်​သော​စိတ်​နှင့် ဆု​တောင်း​သ​မျှ​တို့​ကို ရ​ကြ​လိမ့်​မည်။-


စောင့်​နေ​ကြ​လော့​ဟု သင်​တို့​အား ငါ​ဆို​သည်​အ​တိုင်း၊ ခပ်​သိမ်း​သော​သူ​တို့​အား ငါ​ဆို​သည်​ဟု မိန့်​တော်​မူ၏။


တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။-


သင်​တို့​သည် ငါ၏​နာ​မ​ကို​အ​မှီ​ပြု​လျက် ဆု​တောင်း​သ​မျှ​အ​တိုင်း ငါ​ပြု​မည်။ အ​ကြောင်း​မူ​ကာ၊ ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​ထင်​ရှား​တော်​မူ​ခြင်း ရှိ​မည်​အ​ကြောင်း​တည်း။-


သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။


သင်​တို့​သည် ငါ၌​တည်၍ ငါ့​စ​ကား​သည် သင်​တို့၌​တည်​လျှင်၊ သင်​တို့​သည်​တောင်း​ချင်​သ​မျှ​ကို တောင်း၍​ရ​ကြ​လိမ့်​မည်။


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ