ဇာခရိကလည်း ကောင်းကင်တမန်အား “ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း။ အကျွန်ုပ်သည် အိုမင်းသောသူဖြစ်၍ အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်လှပြီ” ဟု ပြန်ပြောလေ၏။
ရောမ 4:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်က “သင်၏ မျိုးဆက်သည် အလွန်များပြားလိမ့်မည်” ဟု မိန့်တော်မူခဲ့သဖြင့် အာဗြဟံသည် မျှော်လင့်စရာ မရှိသည့် အခြေအနေ၌ပင် လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်မည်ဟု ယုံကြည်လျက် မျှော်လင့်ခဲ့၏။ Common Language Bible အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။- Garrad Bible အာ ဗြ ဟံ သည် ထို နှင့် အ မျှ သင့် အ မျိုး အ နွယ် ဖြစ် လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ လူ မျိုး အ များ တို့၏ အ ဘ ဦး ဖြစ် ခြင်း ငှါ စောင့် မျှော် ရန် မဲ့ လျက် စောင့် မျှော်၍ ယုံ ကြည် နေ ရာ၊ Judson Bible သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် မျှော်လင့်စရာမရှိသောအခြေအနေ၌ မျှော်လင့်၍ယုံကြည်သဖြင့် “သင်၏အမျိုးအနွယ်သည် ဤသို့ဖြစ်လိမ့်မည်”ဟု မိန့်မှာခြင်းခံခဲ့ရသည့်အတိုင်း များစွာသောလူမျိုးတို့၏ဖခင်ဖြစ်လာ၏။ |
ဇာခရိကလည်း ကောင်းကင်တမန်အား “ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း။ အကျွန်ုပ်သည် အိုမင်းသောသူဖြစ်၍ အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်လှပြီ” ဟု ပြန်ပြောလေ၏။
ထို့ကြောင့် မိတ်ဆွေတို့… အားတင်းကြလော့။ ကျွန်ုပ်အား ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း မလွဲမသွေဖြစ်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ကျွန်ုပ်ယုံကြည်ပါ၏။
ဖခင်ကြီးဖြစ်သည့်အရာမှာ ကျမ်းစာ၌ ဘုရားသခင်သည် အာဗြဟံအား “ငါသည် သင့်ကို လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်စေပြီ” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ ထိုသို့ ဖခင်ကြီးဖြစ်ရခြင်းမှာ အာဗြဟံသည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသောအရှင်၊ မဖြစ်ဖူးသေးသည့်အရာများကို ဖြစ်ပေါ်စေတော်မူသောအရှင် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
အာဗြဟံသည် အသက်တစ်ရာခန့်ရှိ၍ မိမိခန္ဓာသည် အသေကဲ့သို့ရှိကြောင်းနှင့် မိမိဇနီးစာရာ၏ ဝမ်းသည် မြုံကြောင်းကို ဆင်ခြင်မိသောအခါ၌ပင်လျှင် ယုံကြည်ခြင်းမလျော့နည်းခဲ့ပေ။
ဤမျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို စိတ်ပျက်စေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို မိမိ၏မေတ္တာတော်နှင့် ပြည့်စေတော်မူသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းကို ခံရကြ၏။ သို့သော်လည်း မြင်တွေ့နေရသော မျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ မြင်တွေ့နေရသောအရာကို မည်သူမျှော်လင့်မည်နည်း။
ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်ဝိညာဉ်အတွက် လုံခြုံခိုင်ခံ့သောကျောက်ဆူးတစ်ခုကဲ့သို့ ဖြစ်၏။ ၎င်းသည် ကန့်လန့်ကာနောက်ကွယ်၌ရှိသော အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ကျွန်ုပ်တို့ကို ခေါ်ဆောင်လေ၏။