ရောမ 4:18 - Common Language Bible
18 အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
18 အာ ဗြ ဟံ သည် ထို နှင့် အ မျှ သင့် အ မျိုး အ နွယ် ဖြစ် လိမ့် မည် ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ လူ မျိုး အ များ တို့၏ အ ဘ ဦး ဖြစ် ခြင်း ငှါ စောင့် မျှော် ရန် မဲ့ လျက် စောင့် မျှော်၍ ယုံ ကြည် နေ ရာ၊
အခန်းကိုကြည့်ပါ။ ကော်ပီ
18 သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ မိမိသည် လူမျိုးအများတို့၏ အဘဖြစ်မည်ဟု မျှော်လင့်စရာအကြောင်းမရှိဘဲလျက် ယုံကြည်၍ မျှော်လင့်လေ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
18 သူသည် မျှော်လင့်စရာမရှိသောအခြေအနေ၌ မျှော်လင့်၍ယုံကြည်သဖြင့် “သင်၏အမျိုးအနွယ်သည် ဤသို့ဖြစ်လိမ့်မည်”ဟု မိန့်မှာခြင်းခံခဲ့ရသည့်အတိုင်း များစွာသောလူမျိုးတို့၏ဖခင်ဖြစ်လာ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
18 ဘုရားသခင်က “သင်၏ မျိုးဆက်သည် အလွန်များပြားလိမ့်မည်” ဟု မိန့်တော်မူခဲ့သဖြင့် အာဗြဟံသည် မျှော်လင့်စရာ မရှိသည့် အခြေအနေ၌ပင် လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်မည်ဟု ယုံကြည်လျက် မျှော်လင့်ခဲ့၏။
အခန်းကိုကြည့်ပါ။ ကော်ပီ