သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
ရောမ 13:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။ Common Language Bible ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။- Garrad Bible ညဉ့် ကုန်၍ နေ့ တော် ရောက် လု ပြီ။ ထို ကြောင့် မှောင် မိုက် ဆိုင် ရာ အ ကျင့် တန် ဆာ များ ကို ပယ် ပြီး လျှင်၊ Judson Bible ညအချိန်ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်လည်းကောင်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။ |
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
သူတို့၌ ဖြစ်ပျက်ခဲ့သည့် ဤအခြင်းအရာများသည် ကျွန်ုပ်တို့အတွက် သင်ခန်းစာများဖြစ်၏။ ထိုအကြောင်းအရာများကို ရေးသားရခြင်းမှာ ကမ္ဘာကုန်ဆုံးရန် နီးချိန်တွင် အသက်ရှင်ကြသော ကျွန်ုပ်တို့ကို သတိပေးရန်အတွက်ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ကျန်ရှိသောအချိန်သည် အလွန်တိုတောင်း၏။ ထို့ကြောင့် ယခုမှစ၍ ဇနီးရှိသောသူတို့သည် ဇနီးမရှိသောသူကဲ့သို့လည်းကောင်း၊
တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။
သမ္မာတရားကို ဟောပြောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို ပြခြင်းတို့ဖြင့်လည်းကောင်း၊ လက်ဝဲ လက်ယာ၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်းလက်နက်များအားဖြင့်လည်းကောင်း၊
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
သင်တို့သည် ယခင်က အမှောင် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ သခင်ဘုရား၏ လူများ ဖြစ်လာကြသောကြောင့် အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏ သားသမီးများကဲ့သို့ ပြုမူနေထိုင်ကြလော့။
စည်းဝေးခြင်းကို လူတချို့လွှဲရှောင်သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်းအားပေးတိုက်တွန်းကြလော့။ ကိုယ်တော်ပြန်လည်ကြွလာမည့်နေ့ရက်သည် နီးကပ်လာသည်ကို ထောက်လျက် ပို၍ တိုက်တွန်းကြလော့။
ထို့ကြောင့် ဤမျှလောက် များသောသက်သေတို့သည် ကျွန်ုပ်တို့ကို တိမ်တိုက်ကဲ့သို့ ဝန်းရံထားသောကြောင့် ကျွန်ုပ်တို့သည် ဝန်ထုပ်ဝန်ပိုးအားလုံးကိုလည်းကောင်း၊ အလွယ်တကူ တွယ်ကပ်သော အပြစ်များကိုလည်းကောင်း ဖယ်ရှားကာ ရှေ့၌ ရှိသော ပန်းတိုင်သို့ ဇွဲလုံ့လဖြင့် ပြေးကြစို့။
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။
မကြာမီ သခင်ဘုရားကြွလာတော်မူမည် ဖြစ်သောကြောင့် သင်တို့သည်လည်း စိတ်ရှည်သည်းခံ၍ တည်ကြည်လျက် နေကြလော့။
ထို့ကြောင့် အမျိုးမျိုးသော မလိုမုန်းထားဖြစ်ခြင်းမှစ၍ ရှိသမျှသောလှည့်စားခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မနာလိုခြင်း၊ အသရေဖျက်ခြင်းအားလုံးတို့ကို ဖယ်ရှားကြလော့။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
အရာအားလုံးသည် ဤနည်းအားဖြင့် ဖျက်ဆီးခံရမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများ ဖြစ်သင့်သနည်း။ သန့်ရှင်းစွာ ပြုမူနေထိုင်လျက် ဘုရားတရားကိုင်းရှိုင်းခြင်းဖြင့်
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။
သားသမီးတို့… ဤကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ရန်သူ ရောက်လာကြောင်းကို သင်တို့ကြားသည့်အတိုင်း ယခုပင် ခရစ်တော်၏ရန်သူများစွာ ရောက်လာကြပြီ။ ထို့ကြောင့် ဤကာလသည် နောက်ဆုံးသောကာလဖြစ်ကြောင်း ကျွန်ုပ်တို့သိကြ၏။
ဤပရောဖက်ပြုဟောပြောချက်သည် ဖြစ်ပျက်ရန် အချိန်နီးလာသောကြောင့် ၎င်းကို ဖတ်သောသူနှင့် ကြားနာ၍ လိုက်နာသောသူတို့သည် မင်္ဂလာရှိကြ၏။
တစ်ဖန် ထိုကောင်းကင်တမန်က “အချိန်နီးကပ်လာသောကြောင့် ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောချက်များကို မျှဝေလော့။ လျှို့ဝှက်မထားနှင့်။