သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
မဿဲ 9:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊ Judson Bible လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။ မြန်မာ လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။- |
သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
အကျွန်ုပ်တို့အပေါ် ပြစ်မှားသောသူတို့ကို အကျွန်ုပ်တို့သည် ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
ထိုညနေတွင် လူတို့သည် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုနတ်ဆိုးတို့ကို အမိန့်ပေး၍ နှင်ထုတ်တော်မူ၏။ ဖျားနာသောသူအားလုံးကိုလည်း ကျန်းမာစေတော်မူ၏။
ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍ လွယ်ကူသလော။
လူသားသည် ဤလောကတွင် အပြစ်လွှတ်ပိုင်သောအခွင့်အာဏာရှိကြောင်း သင်တို့ကို ငါသက်သေပြမည်” ဟု ဆိုကာ လေဖြတ်သူအား “ထလော့။ သင့်ထမ်းစင်ကို ယူ၍ အိမ်သို့ ပြန်လော့” ဟု မိန့်တော်မူ၏။
နေဝင်၍ ညချမ်းအချိန်ရောက်သော် လူတို့သည် မကျန်းမာသူများနှင့် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။
ယေရှုသည် အော်သံကို ကြားတော်မူသောအခါ ရပ်တော်မူ၍ “သူ့ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။
ယေရှုက “သမီး… သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့။ သင်၏ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
ထိုသူအပေါင်းတို့သည် ယေရှုကို မြင်သောအခါ ကြောက်လန့်ကြ၏။ ထိုအခါ ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
ထိုသို့ လူ့အတွင်းသဘောကို သိတော်မူသောကြောင့် ကိုယ်တော်အား လူ့အကြောင်းကို မည်သူကမျှ ပြောပြရန် မလိုပေ။
ထိုအခါ ယေရှုက “မိတ်ဆွေတို့… ငါးရကြသလော” ဟု မေးတော်မူလျှင် တပည့်တော်တို့က “မရကြပါ” ဟု ပြန်လျှောက်ကြ၏။
ထိုသူသည် ထိုင်လျက် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို သေချာစွာ ကြည့်လျှင် သူ့ထံ၌ အကောင်းပကတိအတိုင်းဖြစ်ရန် ယုံကြည်ခြင်းရှိသည်ကို တွေ့မြင်သဖြင့်
ပေါလုသုံးသော လက်ကိုင်ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်ကို ဖျားနာသူများအပေါ် တင်သောအခါ သူတို့၏အနာရောဂါများ ပျောက်ကင်းကြ၏။ နတ်ဆိုးများလည်း ထွက်သွားကြကုန်၏။
ထိုညတွင် ဘုရားသခင်သည် ပေါလုအနား၌ရပ်လျက် “စိတ်မပူနှင့်။ သင်သည် ငါ့အကြောင်းကို ဂျေရုဆလင်မြို့၌ သက်သေခံသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုမျှမက ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကို ပြန်လည်သင့်မြတ်စေတော်မူ၏။ ထို့ကြောင့် ယခု ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးအသစ်တွင် ကျွန်ုပ်တို့ဂုဏ်ယူဝမ်းမြောက်နိုင်ကြပြီ။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။