Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 9:2 - မြန်မာ

2 လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​အ​ခါ​လူ​တို့​သည်​လေ​ဖြတ်​သူ​လူ​တစ်​ယောက် ကို​ထမ်း​စင်​ထက်​တင်​၍ အ​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​၏​ယုံ​ကြည် ခြင်း​ရှိ​ပုံ​ကို​မြင်​တော်​မူ​လျှင် လေ​ဖြတ်​သူ​အား ``ငါ့​သား​အား​မ​ငယ်​နှင့်။ သင်​၏​အ​ပြစ်​ကို​ဖြေ လွှတ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ထမ်း စင် ထက် တင် လျက် အ ထံ တော် သို့ ဆောင် ခဲ့ ကြ၏။ ထို သူ တို့၏ ယုံ ကြည် ခြင်း ကို မြင် တော် မူ သော် ယေ ရှု က ငါ့ သား အား ယူ လော့၊ သင့် အ ပြစ် ပြေ လွတ် ပြီ ဟု သူ နာ အား မိန့် တော် မူ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထိုအခါ လူ​တို့​သည် အိပ်ရာ​ပေါ်၌​လဲလျောင်း​နေ​သည့် လေဖြတ်​သော​သူ​တစ်​ဦး​ကို အထံ​တော်​သို့​သယ်ဆောင်​လာ​ကြ​၏။ ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ မစိုးရိမ်​နှင့်။ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထိုအခါ လူ​တချို့​သည် လေဖြတ်သူ​တစ်ဦး​ကို ထမ်းစင်​ပေါ်​တင်​၍ ယေရှု​ထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှု​သည် ထို​သူတို့​၏ ယုံကြည်ခြင်း​ကို မြင်​သောအခါ လေဖြတ်သူ​အား “ငါ့​သား… မစိုးရိမ်နှင့်။ သင်​၏​အပြစ်များ​ကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 9:2
32 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်။ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-


သ​တင်း​တော်​သည်​လည်း ရှု​ရိ​ပြည်၌ အ​နှံ့​အ​ပြား ကျော်​စော​သည်​ဖြစ်၍ နတ်​ဝင်​သော​သူ၊ ဝက်​ရူး​စွဲ​သော​သူ၊ လက်​ခြေ​သေ​သော​သူ​မှ​စ​သော အ​ထူး​ထူး​အ​ပြား​ပြား​သော အ​နာ​ရော​ဂါ​စွဲ၍ မ​ကျန်း​မ​မာ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့​ဆောင်​ခဲ့​ကြ၍၊ သူ​တို့၏​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ၏။


သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-


ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။-


ညဉ့်​ဦး​ယံ၌ နတ်​ဆိုး​စွဲ​သော​သူ​အ​များ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍ နှုတ်​တော်​မြွက်​ကာ​မျှ​နှင့် ထို​နတ်​တို့​ကို နှင်​ထုတ်​တော်​မူ၏။ နာ​သော​သူ​ရှိ​သ​မျှ​တို့​ကို သက်​သာ​စေ​တော်​မူ၏။-


ယေ​ရှု​သည် လှည့်၍ ထို​မိန်း​မ​ကို မြင်​တော်​မူ​လျှင်၊ ငါ့​သ​မီး၊ မ​စိုး​ရိမ်​နှင့်။ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​ခ​ဏ​မှ​စ၍ ထို​မိန်း​မ​သည် အ​နာ​ကင်း​ပျောက်​လေ၏။-


အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။-


လူ​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​ပြစ်​လွှတ်​ပိုင်​သည်​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ ကိုယ်​အိမ်​သို့ သွား​လော့​ဟု လက်​ခြေ​သေ​သော​သူ​အား မိန့်​တော်​မူ၏။-


နေ​ဝင်၍ ည​အ​ချိန်​ရောက်​လျှင်၊ မ​ကျန်း​မ​မာ​သော​သူ​နှင့် နတ်​ဆိုး​စွဲ​သော​သူ ရှိ​သ​မျှ​တို့​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့၍၊-


ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။-


ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။


ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​မြင်၍ ထိတ်​လန့်​ခြင်း​သို့ ရောက်​ကြ၏။ ကိုယ်​တော်​သည် ချက်​ချင်း​နှုတ်​ဆက်၍ တည်​ကြည်​သော​စိတ် ရှိ​ကြ​လော့။ ငါ​ပင်​ဖြစ်​သည်၊ မ​ကြောက်​လန့်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။-


သင်​တို့​သည် ငါ့​ကို​အ​မှီ​ပြု၍ ငြိမ်​သက်​ခြင်း​ရှိ​စေ​ခြင်း​ငှာ ဤ​စ​ကား​ကို​ငါ​ဟော​ပြော​ပြီ။ သင်​တို့​သည် လော​က၌ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငါ​သည် လော​က​ကို​အောင်​ပြီ​ဟု မိန့်​တော်​မူ၏။


လူ၏​အ​ထဲ၌​ရှိ​သ​မျှ​ကို သိ​တော်​မူ​သော​ကြောင့်၊ လူ၏​အ​ကြောင်း​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​ကို​မျှ အ​လို​တော်​မ​ရှိ။


ယေ​ရှု​က​လည်း၊ ချစ်​သား​တို့၊ စား​စ​ရာ​တစ်​စုံ​တစ်​ခု ရှိ​သ​လော​ဟု မေး​တော်​မူ​လျှင်၊ မ​ရှိ​ပါ​ဟု​ပြန်​ပြော​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ