ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
မဿဲ 17:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဧလိယသည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကို မသိကြဘဲ သူ့အပေါ် ပြုလိုသမျှပြုခဲ့ကြ၏။ ထိုနည်းတူ လူသားသည်လည်း သူတို့လက်အောက်တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားဧလိယသည်ကြွ လာခဲ့ပြီ။ သို့ရာတွင်လူတို့သည်သူ့ကိုမသိကြ သဖြင့်သူ့အားမိမိတို့ပြုလိုရာပြုခဲ့ကြလေ ပြီ။ ထိုနည်းတူပင်လူသားသည်လည်းထိုသူတို့ ၏လက်တွင်ဒုက္ခဆင်းရဲခံရလိမ့်မည်'' ဟုမိန့် တော်မူ၏။ Garrad Bible သို့ ရာ တွင် ဧ လိ ယ ရောက် လာ ပြီ။ သူ့ ကို မ သိ၍ အ လို ရှိ ရာ ပြု ကြ လေ ပြီ။ ထို နည်း တူ လူ့ သား လည်း သူ တို့ လက် တွင် ခံ ရ မည်၊ ငါ ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible ငါဆိုသည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည်ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြဘဲ သူ့အပေါ်ပြုလိုရာပြုခဲ့ကြပြီ။ ထိုနည်းတူ လူ့သားသည်လည်း သူတို့လက်၌ ဒုက္ခဝေဒနာခံစားရတော့မည်”ဟု ပြန်၍ မိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်၊- |
ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
ထိုအခါ တပည့်တော်တို့သည် ယေရှုမိန့်တော်မူသော ဧလိယဆိုသည်မှာ နှစ်ခြင်းဆရာယောဟန်ကို ရည်ညွှန်းကြောင်း သဘောပေါက်ကြ၏။
ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်တွင် အတူစုဝေးနေကြစဉ် ယေရှုက “လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
သို့သော် ယေရှုက “မြေခွေးတို့၌ နေစရာ တွင်းရှိ၏။ ငှက်တို့၌ နားစရာအသိုက်ရှိ၏။ လူသား၌မူ ခေါင်းချစရာနေရာပင် မရှိ” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် နှစ်ခြင်းဆရာယောဟန်သည် အစာကို မစား၊ စပျစ်ဝိုင်ကို မသောက်ဘဲနေသောအခါ သင်တို့က ‘သူသည်နတ်ဆိုးပူးသူဖြစ်သည်’ ဟု ပြောကြသောကြောင့်ဖြစ်၏။
ထိုအရှင်သည် မိမိလူမျိုးများထံသို့ ကြွလာသော်လည်း မိမိလူမျိုးများက ထိုအရှင်ကို လက်မခံကြပေ။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
နာဇရက်မြို့သား ယေရှုခရစ်တော်၏အမည်နာမအားဖြင့် ထိုသူသည် သင်တို့ရှေ့၌ ကျန်းမာသန်စွမ်းလျက်ရှိသည်ကို သင်တို့မှစ၍ အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြလော့။ ထိုယေရှုမှာ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သော်လည်း သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသောသူဖြစ်၏။
သင်တို့ဘိုးဘေးများ မနှိပ်စက်သော ပရောဖက်ဟူ၍ ရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင် ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကို သတ်ဖြတ်ကြ၏။ ယခု သင်တို့သည် ထိုအရှင်ကို သစ္စာဖောက်၍ သတ်ကြပြီ။