Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 17:12 - မြန်မာ

12 ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ ရောက်​လာ​ပြီ။ လူ​များ​သည် သူ့​ကို​မ​သိ​သ​ဖြင့် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ။ ထို​နည်း​တူ လူ​သား​သည်​လည်း ထို​လူ​များ​လက်၌ ခံ​ရ​မည်​ဟု မိန့်​တော်​မူ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သင်​တို့​အား​ငါ​ဆို​သည်​ကား​ဧ​လိ​ယ​သည်​ကြွ လာ​ခဲ့​ပြီ။ သို့​ရာ​တွင်​လူ​တို့​သည်​သူ့​ကို​မ​သိ​ကြ သ​ဖြင့်​သူ့​အား​မိ​မိ​တို့​ပြု​လို​ရာ​ပြု​ခဲ့​ကြ​လေ ပြီ။ ထို​နည်း​တူ​ပင်​လူ​သား​သည်​လည်း​ထို​သူ​တို့ ၏​လက်​တွင်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 သို့ ရာ တွင် ဧ လိ ယ ရောက် လာ ပြီ။ သူ့ ကို မ သိ၍ အ လို ရှိ ရာ ပြု ကြ လေ ပြီ။ ထို နည်း တူ လူ့ သား လည်း သူ တို့ လက် တွင် ခံ ရ မည်၊ ငါ ဆို သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ငါ​ဆို​သည်​ကား၊ ဧ​လိ​ယ ရောက်​လာ​ပြီ။ လူ​များ​သည် သူ့​ကို​မ​သိ​သ​ဖြင့် သူ့​အား​ပြု​ချင်​သ​မျှ​ကို ပြု​ကြ​ပြီ။ ထို​နည်း​တူ လူ​သား​သည်​လည်း ထို​လူ​များ​လက်၌ ခံ​ရ​မည်​ဟု မိန့်​တော်​မူ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား ဧလိယ​သည်​ရောက်လာ​ခဲ့​ပြီ။ သို့ရာတွင် လူ​တို့​သည် သူ့​ကို​မ​သိ​ကြ​ဘဲ သူ့​အပေါ်​ပြု​လို​ရာ​ပြု​ခဲ့​ကြ​ပြီ။ ထိုနည်းတူ လူ့သား​သည်​လည်း သူ​တို့​လက်​၌ ဒုက္ခ​ဝေဒနာ​ခံစား​ရ​တော့မည်”​ဟု ပြန်​၍ မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဧလိယ​သည် ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့​သည် သူ့​ကို မသိကြဘဲ သူ့​အပေါ် ပြုလို​သမျှ​ပြုခဲ့ကြ၏။ ထိုနည်းတူ လူသား​သည်လည်း သူတို့​လက်အောက်​တွင် ဒုက္ခခံရမည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:12
25 ပူးပေါင်းရင်းမြစ်များ  

ခ​ရစ်​တော်​ပြု​တော်​မူ​သော အ​မှု​တို့​ကို ယော​ဟန်​သည် ထောင်​ထဲ​မှာ ကြား​သော​အ​ခါ၊ မိ​မိ​တ​ပည့်​နှစ်​ယောက်​ကို စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​သူ မှန်​သ​လော။


ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


ယေ​ရှု​က၊ ဧ​လိ​ယ​သည် အ​ရင်​လာ၍ အ​လုံး​စုံ​တို့​ကို ပြု​ပြင်​ရ​သည် မှန်​ပေ၏။-


ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ကို အ​မှတ်​ပြု၍ မိန့်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် နား​လည်​ကြ၏။


ဂါ​လိ​လဲ​ပြည်၌ နေ​ကြ​စဉ်​တွင် ယေ​ရှု​က၊ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် နီး​ပြီ။


တောင်​ပေါ်​မှ ဆင်း​ကြ​သော​အ​ခါ ယေ​ရှု​က၊ လူ​သား​သည် သေ​ခြင်း​မှ မ​ထ​မြောက်​မီ​တိုင်​အောင်၊ သင်​တို့ ယ​ခု​မြင်​သော ရူ​ပါ​ရုံ​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​ကြ​နှင့်​ဟု တ​ပည့်​တော်​တို့​ကို ပ​ညတ်​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် ဖြောင့်​မတ်​သော​အ​ကျင့်​ကို ကျင့်၍ သင်​တို့​ဆီ​သို့ လာ​သော်​လည်း သင်​တို့​မ​ယုံ​ကြည်​ကြ။ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​မူ​ကား ယုံ​ကြည်​ကြ၏။ ထို​အ​ကြောင်း​ကို သင်​တို့​သည် မြင်​သော်​လည်း​ယုံ​ကြည်​မည်​အ​ကြောင်း နောက်​တစ်​ဖန် နောင်​တ​မ​ရ​ကြ။


ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် မုန့်​ကို​မ​စား၊ စ​ပျစ်​ရည်​ကို​မ​သောက်​ဘဲ လာ​သည်​ရှိ​သော် သင်​တို့​က၊ ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော သူ​ပါ​တ​ကား​ဟု ဆို​ကြ၏။-


သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ