ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
ဗျာဒိတ် 21:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အောင်မြင်သောသူသည် ဤအရာများကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူတို့သည် ငါ၏သားသမီးများဖြစ်ကြလိမ့်မည်။ Common Language Bible အောင်မြင်သောသူသည်ဤကတိတော်ကိုခံစား ရလိမ့်မည်။ ငါသည်သူ၏ဘုရားဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။- Garrad Bible အောင် မြင် သူ သည် ဤ အ ရာ များ ကို အ ပိုင် ရ သ ဖြင့် ငါ သည် သူ့ ဘု ရား၊ သူ လည်း ငါ့ သား ဖြစ် လိမ့် မည်။ Judson Bible အောင်မြင်သောသူသည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ |
ငါ့အတွက်ကြောင့် မိမိအိမ်များ၊ မြေများ၊ ညီအစ်ကိုမောင်နှမများ၊ မိခင်၊ ဖခင်၊ သားသမီးများ စသဖြင့် တစ်စုံတစ်ရာကို စွန့်လွှတ်သောသူတို့သည် ဤဘဝ၌ အဆတစ်ရာ အကျိုးခံစားရသည်သာမက ထာဝရအသက်ကိုလည်း ရရှိလိမ့်မည်။
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးပြုရန် ထွက်ခွာတော်မူသောအခါ လူတစ်ဦးသည် ကိုယ်တော်ထံသို့ ပြေးလာ၍ ဒူးထောက်ပြီးလျှင် “ကောင်းမြတ်သောဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သို့ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။
ဘုရားသခင်၏ ဝိညာဉ်တော် ဦးဆောင်လမ်းပြမှုကို ခံယူသောသူတို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြ၏။
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည်မှာ ထိုကာလပြီးနောက် ငါသည် အစ္စရေးလူမျိုးတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည် ငါ၏လူများဖြစ်ကြလိမ့်မည်။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ အောင်မြင်သောသူသည် ဒုတိယသေခြင်းဝေဒနာကို ခံစားရမည်မဟုတ်။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကိုပေးမည်။ ဖြူသောကျောက်တစ်လုံးကိုလည်းပေးမည်။ ထိုကျောက်ပေါ်တွင် နာမည်အသစ်ကို ရေးထွင်းထားပြီး ထိုကျောက်ကို လက်ခံသည့်သူမှလွဲ၍ မည်သူမျှ ထိုနာမည်သစ်ကို မသိရ။
ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူသောစကားကို နားရှိသောသူသည် ကြား၍ နားလည်ပါစေ။ ငါသည် အောင်မြင်သောသူတို့ကို ဘုရားသခင်၏ ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို စားခွင့်ပေးမည်။
ထို့နောက် ရာဇပလ္လင်တော်မှ ကျယ်လောင်သောအသံကို ကျွန်ုပ်ကြားရ၏။ ထိုအသံမှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာနေရာသည် လူတို့တွင် ရှိ၍ သူတို့နှင့်အတူ စံမြန်းတော်မူမည်။ သူတို့သည် ကိုယ်တော်၏လူများဖြစ်ကြပြီး ဘုရားသခင်ကိုယ်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ဘုရားသခင် ဖြစ်တော်မူလိမ့်မည်။