ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
ဗျာဒိတ် 17:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်မြင်ရသော အမျိုးသမီးသည် လောကီဘုရင်တို့ကို အုပ်စိုးသည့်မြို့ကြီးကို ကိုယ်စားပြု၏” ဟု ပြောလေ၏။ Common Language Bible သင်မြင်ရသည့်အမျိုးသမီးကားကမ္ဘာပေါ် ရှိရှင်ဘုရင်တို့ကိုအုပ်စိုးသည့်မြို့ကြီးဖြစ် သတည်း'' ဟုဆို၏။ Garrad Bible သင် မြင် သော မိန်း မ ကား မြေ ကြီး ဘု ရင် မင်း တို့ ကို အ စိုး ရ သော မြို့ တော် ကြီး ဖြစ် သ တည်း ဟူ ၍ လည်း ကောင်း မြွက် ဆို လေ ၏။ Judson Bible ယခုမြင်သော မိန်းမသည်လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို၏။ မြန်မာ့စံမီသမ္မာကျမ်း သင်မြင်ရသောမိန်းမသည် ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကို အုပ်စိုးသောမြို့ကြီးဖြစ်၏”ဟု ငါ့အားဆို၏။ |
ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
လက်ဝါးကပ်တိုင်ပေါ်၌ သူတို့၏သခင်ဘုရား အသေခံတော်မူရာအရပ်ဖြစ်သည့် သောဒုံနှင့် အီဂျစ်ဟု ပုံဆောင်ခေါ်ဝေါ်သောမြို့ကြီး၏ လမ်းပေါ်၌ သူတို့၏ အလောင်းများ ရှိကြလိမ့်မည်။
သူ၏ အမြီးသည် ကောင်းကင်မှ ကြယ်သုံးပုံတစ်ပုံကို ကမ္ဘာမြေပေါ်သို့ ဆွဲချလိုက်၏။ ထိုနဂါးသည် မီးဖွားတော့မည့်အမျိုးသမီး၏ ရှေ့တွင် ရပ်လျက် မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် မွေးကင်းစသားငယ်ကို ဝါးမျိုရန် စောင့်နေ၏။
မြို့ကြီးသည် သုံးပိုင်းကွဲ၍ တိုင်းနိုင်ငံများ၏ မြို့များသည်လည်း ပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဘေဘီလုံမြို့ကြီး၏ အပြစ်များကို သတိရတော်မူလျက် အမျက်တော်နှင့် ပြည့်နေသော စပျစ်ဝိုင်ကို ထိုမြို့အား တိုက်တော်မူ၏။
ထိုကောင်းကင်တမန်က “ဘေဘီလုံမြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။ ဤမြို့သည် နတ်ဆိုးတို့ နေထိုင်ရာအရပ်၊ ညစ်ညမ်းသောနတ်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းသောငှက်တို့ ခိုအောင်းရာအရပ်၊ ညစ်ညမ်းမုန်းတီးဖွယ်တိရစ္ဆာန်တို့ ခိုအောင်းရာအရပ် ဖြစ်လေပြီ။