ဗျာဒိတ် 12:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သူ၏ အမြီးသည် ကောင်းကင်မှ ကြယ်သုံးပုံတစ်ပုံကို ကမ္ဘာမြေပေါ်သို့ ဆွဲချလိုက်၏။ ထိုနဂါးသည် မီးဖွားတော့မည့်အမျိုးသမီး၏ ရှေ့တွင် ရပ်လျက် မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် မွေးကင်းစသားငယ်ကို ဝါးမျိုရန် စောင့်နေ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ကောင်း ကင် ကြယ် သုံး စု တစ် စု ကို အ မြီး ဖြင့် ဆွဲ ငင်၍ မြေ ကြီး ပေါ် သို့ ချ လိုက် ရာ သား ဖွား ဆဲ မိန်း မ ရှေ့ တွင် ဖွား မြင် သည့် ကာ လ သူ ငယ် ကို စား ခြင်း ငှါ ရပ် တန့် လျက် နေ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။