အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
၄ ရာ 20:3 - မြန်မာ့စံမီသမ္မာကျမ်း “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး ခါးသီးစွာအော်ဟစ်ငိုကြွေးလေ၏။ Common Language Bible ``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
မသုရှလကိုရပြီးနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာလျက် အခြားသောသားသမီးများကိုရသေး၏။
ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
ဘုရားသခင်သည် နောဧမှစ၍ သူနှင့်အတူသင်္ဘောထဲ၌ရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အောက်မေ့တော်မူ၏။ ဘုရားသခင်သည် မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေသည် လျော့ကျသွားလေ၏။
ရှောလမုန်မင်းကြီးအိုမင်းလာချိန်တွင် သူ့မိဖုရားများသည် သူ့စိတ်နှလုံးကို အခြားဘုရားတို့နောက်သို့ ပါသွားစေကြ၏။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီး၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့မကိုးစားခဲ့ချေ။
အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့သော်လည်း မိမိအသက်ရှင်သမျှကာလပတ်လုံး အာသမင်းကြီး၏စိတ်နှလုံးသည် ထာဝရဘုရားကို အကြွင်းမဲ့ကိုးစား၏။
ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။
ရှောလမုန်မင်းကြီးကလည်း “အရှင့်အစေအပါး အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးသည် ကိုယ်တော်၏ရှေ့တော်တွင် သစ္စာစောင့်လျက်၊ ဖြောင့်မတ်လျက်၊ စိတ်နှလုံးမှန်ကန်စွာ အသက်ရှင်လျှောက်လှမ်းခဲ့သဖြင့် ကိုယ်တော်သည် သူ့အား ကြီးမားသောမေတ္တာကရုဏာကို ပြတော်မူခဲ့ပြီ။ ဤကြီးမားသောမေတ္တာကရုဏာတော်ကို ဆက်လက်ပြသလျက် သူ့သားကို သူ၏ရာဇပလ္လင်ပေါ်တွင် ယနေ့ စံမြန်းစေတော်မူလေပြီ။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၊ အထက်ကောင်းကင်၊ အောက်မြေကြီးပေါ်တွင် ကိုယ်တော်နှင့်တူသောဘုရားမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့လိုက်လျှောက်သော ကိုယ်တော်၏အစေအပါးတို့အား ကရုဏာတော်ကို ပြတော်မူပြီ။ ပဋိညာဉ်ကို တည်စေတော်မူပြီ။
ဤနေ့ကဲ့သို့ပင် ကိုယ်တော်၏ပြဋ္ဌာန်းချက်အတိုင်း လိုက်လျှောက်ရန်နှင့် ကိုယ်တော်၏ပညတ်တော်များကိုစောင့်ထိန်းရန် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားကို သင်တို့စိတ်နှလုံးအကြွင်းမဲ့ဝန်ခံကြပါစေသော”ဟူ၍ ဖြစ်၏။
သင့်ခမည်းတော်ဒါဝိဒ်မင်းကြီး အသက်ရှင်လျှောက်လှမ်းခဲ့သည့်အတိုင်း၊ သင်သည် ငါမိန့်မှာထားသည့်အတိုင်း လုပ်ဆောင်၍ ငါ၏ပညတ်ချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းလျက် ငါ့ရှေ့မှောက်တွင် စိတ်နှလုံးတည်ကြည်ဖြောင့်မတ်စွာ အသက်ရှင်လျှောက်လှမ်းလျှင်
နန်းတော်အလယ်ဝင်းမှ ဟေရှာယမထွက်သွားမီတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ ဘုရားသခင်၏အိမ်တော်နှင့်အမှုတော်အတွက် အကျွန်ုပ်ကောင်းစွာလုပ်ဆောင်ခဲ့သည်ကို လျစ်လျူရှုတော်မမူပါနှင့်။
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။
သတ်မှတ်ထားသောအချိန်တွင် လှူရမည့်ထင်းနှင့် အဦးဆုံးသီးနှံများကို စီမံပေး၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကျေးဇူးပြုတော်မူပါ။
အို အကျွန်ုပ်၏ဘုရားသခင်၊ ဤလူမျိုးအတွက် အကျွန်ုပ်ပြုသောကောင်းမှုအလုံးစုံကို သတိရတော်မူပါ။
ဥဇပြည်တွင် ယောဘအမည်ရှိသောလူတစ်ယောက်ရှိ၏။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူ ဖြစ်၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
သင်၏ကြည်ညိုကိုင်းရှိုင်းခြင်းသည် သင်၏ယုံကြည်အားထားရာ မဟုတ်လော။ တည်ကြည်စွာ ပြုမူကျင့်ကြံခြင်းသည် သင်၏မျှော်လင့်ရာ မဟုတ်လော။
အကယ်စင်စစ် အကျွန်ုပ်သည် ပြာကိုအစာအဖြစ်စားရပါ၏။ အကျွန်ုပ်၏သောက်စရာကိုလည်း မျက်ရည်နှင့်ရောစပ်ရပါ၏။
အကျွန်ုပ်၏ဘဝလမ်းအကြောင်းတို့ကို အကျွန်ုပ်ဖော်ပြသောအခါ ကိုယ်တော်သည် အကျွန်ုပ်ကိုထူးတော်မူ၏။ ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
ကိုယ်တော်၏အစေအပါးအား မိန့်တော်မူသောနှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကို ထိုနှုတ်ကပတ်တော်၌ မျှော်လင့်ကိုးစားစေပါ၏။
ထာဝရဘုရားသည် မိမိကိုခေါ်သောသူအားလုံး၊ သမ္မာတရားနှင့်အညီ မိမိကိုခေါ်သောသူအားလုံး၏ အနီးတွင်ရှိတော်မူ၏။
အကျွန်ုပ်၏ပျိုရွယ်စဉ်ကအပြစ်များနှင့် အကျွန်ုပ်ကျူးလွန်သောအပြစ်များကို အောက်မေ့တော်မမူပါနှင့်။ အို ထာဝရဘုရား၊ ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းကိုထောက်၍ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်၌အပြစ်မရှိကြောင်း စီရင်တော်မူပါ။ အကြောင်းမူကား အကျွန်ုပ်သည် တည်ကြည်စွာလျှောက်လှမ်း၍ ယိမ်းယိုင်ခြင်းမရှိဘဲ ထာဝရဘုရားကို ယုံကြည်ကိုးစားပါ၏။
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အကျွန်ုပ်၏မျက်မှောက်တွင်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါ၏။
ထာဝရဘုရားအပြစ်မယူသောသူ၊ မိမိစိတ်ဝိညာဉ်၌လိမ်လည်ကောက်ကျစ်မှု မရှိသောသူသည် မင်္ဂလာရှိ၏။
အကျွန်ုပ်ထွက်ခွာသွား၍ ပျောက်ကွယ်မသွားမီ အကျွန်ုပ်ရွှင်လန်းခြင်းရှိစေရန် အကျွန်ုပ်ထံမှ အကြည့်လွှဲတော်မူပါ။”
အကျွန်ုပ်သည် ညည်းတွားရသဖြင့်ပင်ပန်းလှပါ၏။ ညစဉ်ညတိုင်း အကျွန်ုပ်၏မျက်ရည်များဖြင့် အကျွန်ုပ်၏ညောင်စောင်းသည် အိုင်ထွန်း၍ အကျွန်ုပ်၏ခုတင်သည် စိုရွှဲလျက်ရှိပါ၏။
အကျွန်ုပ်၏မျက်စိသည် ပူဆွေးခြင်းကြောင့်အားယုတ်၍ အကျွန်ုပ်၏ရန်သူအပေါင်းတို့ကြောင့် မှုန်ဝါးသွားပါ၏။
အကျွန်ုပ်၏အသက်တာသည် မည်မျှတိုတောင်းသည်ကိုလည်းကောင်း၊ လူသားအပေါင်းတို့ကို အချည်းနှီးသောအရာအဖြစ် ဖန်ဆင်းတော်မူခဲ့သည်ကိုလည်းကောင်း သတိရတော်မူပါ။
အို ဘုရားရှင်၊ ကိုယ်တော်၏အစေအပါးတို့ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် လူအပေါင်းတို့၏ထိပါးစော်ကားခြင်းကို အကျွန်ုပ်၏ရင်ခွင်ထဲ၌ ဆောင်ထားရသည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
ထိုအခါ ကိုယ်တော်သည် မောရှေနှင့်လူမျိုးတော်တို့ခေတ်မှအချိန်ကာလကို အောက်မေ့တော်မူ၏။ သိုးစုကို သိုးထိန်းတို့နှင့်အတူ ပင်လယ်ထဲမှခေါ်ဆောင်လာသောသူကား အဘယ်မှာနည်း။ သူတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော်ကို ချပေးသောသူကား အဘယ်မှာနည်း။
‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု သစ္စာရှိစွာ၊ တရားမျှတစွာ၊ ဖြောင့်မတ်စွာ သင်ကျိန်ဆိုလျှင် လူမျိုးတကာတို့သည် ထာဝရဘုရားထံတော်မှ ကောင်းချီးမင်္ဂလာခံစားရမည်။ ကိုယ်တော်ကို ချီးမွမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက အစ္စရေးအမျိုးအနွယ်အား “အသက်ချမ်းသာရာရမည့်အကြောင်း ငါ့ကိုရှာကြလော့။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင်“ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
ငါတို့၏ဝါကြွားစရာအကြောင်းမှာ ဤသို့ဖြစ်၏။ ငါတို့သည် လောက၌၊ အထူးသဖြင့် သင်တို့ရှေ့မှောက်၌ လောကီဉာဏ်ပညာကိုအမှီမပြုဘဲ ဘုရားသခင်၏ကျေးဇူးတော်ကိုသာ အမှီပြုလျက် ဘုရားသခင်ထံမှလာသော ရိုးသားဖြူစင်ခြင်းတို့ဖြင့် အသက်ရှင်နေထိုင်ခဲ့ကြောင်း ငါတို့၏အသိစိတ်သည် သက်သေခံ၏။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။