Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 26:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အကျွန်ုပ်​၏​မျက်မှောက်​တွင်​ရှိ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ ကျွန်ုပ် သည် မေ တ္တာ ကျေး ဇူး တော် ကို မျက် မှောက် ပြု လျက်၊ သ စ္စာ တော် အ တိုင်း လျှောက် လိုက် ခဲ့ ပါ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ကျွန်ုပ်​သည် မေ​တ္တာ​ကျေး​ဇူး​တော်​ကို မျက်​မှောက်​ပြု၍၊ သ​စ္စာ​တ​ရား​တော်​နှင့်​အ​ညီ ကျင့်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 26:3
25 ပူးပေါင်းရင်းမြစ်များ  

“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး ခါးသီးစွာ​အော်ဟစ်ငိုကြွေး​လေ​၏​။


စုံလင်​သော​တရားလမ်း​ကို ဂရုပြု​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ မည်သည့်​အချိန်​မှ ကြွလာ​တော်မူ​မည်နည်း​။ အကျွန်ုပ်​သည် မိမိ​အိမ်​ထဲ​၌ တည်ကြည်​သော စိတ်နှလုံး​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ပါ​မည်​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​ဖြောင့်မတ်​ခြင်း​ဖြစ်​ပါ​၏​။ ကိုယ်တော်​၏​တရားတော်​သည်​လည်း မှန်ကန်​ပါ​၏​။


ကိုယ်တော်​၏​သမ္မာတရား​ထဲ၌ အကျွန်ုပ်​ကို ဦးဆောင်​လမ်းပြ​၍ အကျွန်ုပ်​ကို သင်ကြား​ပေး​တော်မူ​ပါ​။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​ကို ကယ်တင်​တော်မူ​သော​ဘုရားသခင်​ဖြစ်​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​စောင့်မျှော်​ပါ​၏​။


အို ခွန်အားကြီး​သော​သူ​၊ သင်​သည် မကောင်းမှု​၌ အဘယ်ကြောင့် ဂုဏ်ယူဝါကြွား​သနည်း​။ ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​သမ္မာတရား​၌ လျှောက်လှမ်း​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ကြောက်ရွံ့​မည့်​အကြောင်း အကျွန်ုပ်​၏​စိတ်​ကို​စုစည်း​တော်မူ​ပါ​။


အို ယာကုပ်​အမျိုးအနွယ်​တို့​၊ လာ​ကြ​လော့​။ ထာဝရဘုရား​၏​အလင်း​တော်​၌ လျှောက်လှမ်း​ကြ​ကုန်​စို့​။


ပညတ်တရား​၊ သက်သေခံ​တော်မူ​ချက်​တို့​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ ဤ​စကား​နှင့်အညီ မ​ပြောဆို​ကြ​လျှင် သူ​တို့​ထဲ၌ အရုဏ်အလင်း​မ​ရောက်​သေး​။


သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


ငါ​တို့​ရှိသမျှ​သည်​လည်း မျက်နှာလွှား​မ​ပါ​သော​မျက်နှာ​ပေါ်တွင် သခင်​ဘုရား​၏​ဘုန်း​တော်​ကို ထင်ဟပ်​စေ​လျက် ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်အညီ ဝိညာဉ်​တော်​ဖြစ်​သော သခင်​ဘုရား​အားဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံသဏ္ဌာန်​ပြောင်းလဲ​စေ​ခြင်း​ကို​ခံရ​ကြ​၏။


အကြောင်းမူကား သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​ကို​သိ​ကြ​၏။ ကိုယ်တော်​သည် ကြွယ်ဝ​သော်လည်း သူ​၏​ဆင်းရဲ​ခြင်း​အားဖြင့် သင်​တို့​ကြွယ်ဝ​ကြ​မည့်​အကြောင်း သင်​တို့​အတွက် ဆင်းရဲ​ခြင်း​ကို​ခံ​တော်မူ​၏။


အချင်းချင်း​ကျေးဇူးပြု​လျက် သနားစုံမက်​ကြ​ကာ ဘုရားသခင်​သည် ခရစ်တော်​၌ သင်​တို့​ကို​ခွင့်လွှတ်​တော်မူ​သကဲ့သို့ အချင်းချင်း​ခွင့်လွှတ်​ကြ​လော့။


သို့သော် ဘုရားသခင်​သည် အလင်း​၌​ရှိ​တော်မူ​သကဲ့သို့ ငါ​တို့​သည်​လည်း အလင်း​၌​အသက်ရှင်​လျှောက်လှမ်း​ကြ​လျှင် ငါ​တို့​အချင်းချင်း​၌ မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၍ ဘုရားသခင်​၏​သား​တော်​ယေရှု​၏​သွေး​တော်​သည် ငါ​တို့​ကို အပြစ်​ရှိသမျှ​တို့​မှ စင်ကြယ်​စေ​တော်မူ​၏။


သင်​၏​သားသမီး​အချို့​တို့​သည် ခမည်းတော်​ဘုရား​ထံမှ ငါ​တို့​ခံယူ​ရရှိ​သော​ပညတ်​တော်​အတိုင်း သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သည်​ကို တွေ့​ရ​သဖြင့် ငါ​အလွန်​ဝမ်းမြောက်​၏။


ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ