မိမိတို့ဘုရားများကို နံ့သာပေါင်းမီးရှို့ပူဇော်တတ်ကြသော တစ်ပါးအမျိုးသားမိဖုရားအားလုံးအတွက် ထိုသို့ပြုပေး၏။
၃ ရာ 11:1 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ရှောလမုန်မင်းကြီးသည် ဖာရောမင်းကြီး၏သမီးတော်အပြင် မောဘသမီးပျို၊ အမ္မုန်သမီးပျို၊ ဧဒုံသမီးပျို၊ ဆီဒုန်သမီးပျို၊ ဟိတ္တိသမီးပျို စသောတစ်ပါးအမျိုးသားတို့၏သမီးပျိုများကိုလည်း ချစ်ကြိုက်၏။ Common Language Bible ရှောလမုန်ချစ်ခင်မြတ်နိုးသည့် လူမျိုးခြား အမျိုးသမီးအမြောက်အမြားရှိ၏။ သူသည် အီဂျစ်ဘုရင်၏သမီးတော်ကိုသာမကဘဲ ဟိတ္တိအမျိုးသမီးများ၊ မောဘအမျိုးသမီး များ၊ အမ္မုန်အမျိုးသမီးများ၊ ဧဒုံအမျိုး သမီးများနှင့်ဇိဒုန်အမျိုးသမီးများကို လည်းမိဖုရားမြှောက်တော်မူလေသည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ သင် တို့ သည် သူ တို့ နှင့် မ ပေါင်း မ သင်း ရ။ ပေါင်း သင်း လျှင် ကိုယ့် ဘု ရား များ ဘက် သို့ သင် တို့ စိတ် နှ လုံး ကို မု ချ ငဲ့ ပါ စေ ကြ လိမ့် မည် ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ကန့် ကွက် တော် မူ ခဲ့ သည့် မော ဘ၊ အ မ္မုန်၊ ဧ ဒုံ၊ ဇိ ဒုန်၊ ဟိ တ္တိ အ မျိုး သမီး တည်း ဟူ သော မျိုး ခြား မိန်း မ များ ကို ဖာ ရော မင်း သ မီး တော် မှ တစ် ပါး ရှော လ မုန် မင်း နှစ် သက် မှီ ဝဲ သ ဖြင့်၊ Judson Bible ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတစ်ပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကိုချစ်တတ်၏။ |
မိမိတို့ဘုရားများကို နံ့သာပေါင်းမီးရှို့ပူဇော်တတ်ကြသော တစ်ပါးအမျိုးသားမိဖုရားအားလုံးအတွက် ထိုသို့ပြုပေး၏။
ယုဒပြည်တွင် ရှောလမုန်မင်းကြီး၏သားတော်ရောဗောင် နန်းတက်၏။ ရောဗောင်မင်းကြီးနန်းတက်သောအခါ သက်တော်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားက မိမိ၏နာမကို တည်စေရန် အစ္စရေးမျိုးနွယ်အားလုံးထဲမှ ရွေးချယ်တော်မူသောဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခုနစ်နှစ် စိုးစံခဲ့၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။
ရောဗောင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဘိုးဘေးတို့နှင့်အတူ သူ့ကိုဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ မယ်တော်ကား အမ္မုန်အမျိုးသမီး နေမအမည်ရှိ၏။ ရောဗောင်မင်းကြီး၏သားတော်အဘိယံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
နေဗတ်၏သားယေရောဗောင်မင်းကြီး၏အပြစ်လမ်းအတိုင်း လိုက်လျှောက်သည်ကို သာမညဟုမှတ်ယူ၍ ဆီဒုန်ဘုရင်ဧသဗာလမင်းကြီး၏သမီးတော်ယေဇဗေလကို မိဖုရားမြှောက်ပြီး ဗာလဘုရားအား ဝတ်ပြုကိုးကွယ်လေ၏။
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။
ထိုသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသူများဖြစ်ပြီး ထိုမိန်းမများနှင့် သားသမီးများပင် ရရှိကြပြီ။
ထို့နောက်တွင် အကြီးအကဲတို့သည် ငါ့ထံလာ၍ “အစ္စရေးပြည်သားများ၊ ယဇ်ပုရောဟိတ်များအပါအဝင် လေဝိသားတို့သည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုသောပြည်သားရင်းများဖြစ်သည့် ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ယေဗုသိလူမျိုး၊ အမ္မုန်လူမျိုး၊ မောဘလူမျိုး၊ အီဂျစ်လူမျိုး၊ အာမောရိလူမျိုးတို့နှင့် ကင်းရှင်းစွာမနေကြ။
ထိုသူတို့၏သမီးများကို လက်ထပ်ယူပြီး မိမိသားတို့နှင့်လည်း ပေးစားကြ၏။ ဤသို့ဖြင့် သန့်ရှင်းသောအမျိုးအနွယ်သည် ထိုပြည်သားတို့နှင့်ရောနှောလေပြီ။ ဤသစ္စာမဲ့မှုကို အကြီးအကဲများ၊ မင်းအရာရှိများက ထိပ်ဆုံးမှပြုကြ၏”ဟု ဆိုကြ၏။
သင်သည် သူတို့၏သမီးများကို သင့်သားတို့နှင့်စုံဖက်စေသဖြင့် သူတို့၏သမီးများသည် မိမိတို့၏ဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောအခါ သင့်သားတို့ကိုလည်း ထိုဘုရားများနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းစေကြလိမ့်မည်။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
အကျင့်ဖောက်ပြားသောမိန်းမတို့၏နှုတ်သည် နက်သောတွင်းဖြစ်၏။ ထာဝရဘုရား၏အမျက်တော်သင့်သောသူသည် ထိုတွင်းထဲသို့ကျရောက်လိမ့်မည်။
သင်၏မျက်စိသည် ထူးဆန်းသောအရာတို့ကိုမြင်၍ သင်၏စိတ်နှလုံးသည် ဖောက်ပြန်လွဲမှားသောစကားတို့ကိုပြောဆိုလိမ့်မည်။
သင်၏ခွန်အားကို မိန်းမတို့အားလည်းကောင်း၊ သင်၏အားမာန်တို့ကို ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောသူတို့အားလည်းကောင်း မပေးနှင့်။
မကောင်းသောမိန်းမ၏ဘေးရန်မှလည်းကောင်း၊ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ချော့မြှူသောစကားမှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
သို့ပြုလျှင် ၎င်းတို့သည် အကျင့်ဖောက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း၊ စကားများဖြင့်မြှူဆွယ်တတ်သည့် ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမ၏ ဘေးရန်မှလည်းကောင်း သင့်ကိုစောင့်ရှောက်လိမ့်မည်။
မယားအသက်ရှင်စဉ် သူ၏အစ်မ၊ သို့မဟုတ် နှမကို မယားပြိုင်အဖြစ်ယူ၍ ဆက်ဆံခြင်းကိုမပြုရ။
ထိုဘုရင်သည် စိတ်နှလုံးလမ်းမလွဲရအောင် မိဖုရားများစွာမထားရှိရ။ ရွှေ၊ ငွေကိုလည်း အလွန်အမင်းမစုဆောင်းရ။