ဧဇရ 10:44 - မြန်မာ့စံမီသမ္မာကျမ်း44 ထိုသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမတို့နှင့်စုံဖက်ကြသူများဖြစ်ပြီး ထိုမိန်းမများနှင့် သားသမီးများပင် ရရှိကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible44 ဤသူအပေါင်းတို့သည် လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ကျသူများဖြစ် ကြ၏။ သူတို့သည်မိမိတို့ဇနီးများကို လည်းကောင်း၊ သူတို့နှင့်ရသောသားသမီး များကိုလည်းကောင်းစွန့်လိုက်ကြ၏။ ဧဇရမှတ်စာပြီး၏။ အခန်းကိုကြည့်ပါ။Garrad Bible44 နေ ဗော့ အ ဆက်၊ ယေ လ၊ မ တ္တိ သိ၊ ဇာ ဗဒ်၊ ဇေ ဗိ နာ၊ ဣ ဒ္ဒေါ၊ ယော လ၊ ဗေ နာ ယ တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible44 ဤသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်၍ သားသမီးကို မြင်ရကြပြီ။ ဧဇရမှတ်စာပြီး၏။ အခန်းကိုကြည့်ပါ။ |
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။