အကျွန်ုပ်ပြောမှ စိတ်သက်သာရာရတော့မည်။ နှုတ်ခမ်းကိုဖွင့်၍ ပြန်ပြောတော့မည်။
၂ ကော 6:11 - မြန်မာ့စံမီသမ္မာကျမ်း ကောရိန္သုမြို့သားတို့၊ ငါတို့သည် သင်တို့အား ပွင့်ပွင့်လင်းလင်းပြောဆို၍ ငါတို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားလေပြီ။ Common Language Bible ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။- Garrad Bible အ ချင်း ကော ရိ န္သု အ သင်း တော် သား တို့၊ ငါ တို့ သည် သင် တို့ အား နှုတ် မ ဆိတ် ဘဲ စိတ် စေ တ နာ ကျယ် ဝန်း ၏။ Judson Bible အချင်းကောရိန္သုလူတို့၊ ငါတို့နှုတ်သည် သင်တို့အား ဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောရိန္သုမြို့သားတို့… ကျွန်ုပ်တို့သည် သင်တို့အား ပွင့်လင်းစွာ ပြောဆို၍ သင်တို့အပေါ်ထားသော ကျွန်ုပ်တို့၏မေတ္တာမှာလည်း ကြီးမားလှ၏။ |
အကျွန်ုပ်ပြောမှ စိတ်သက်သာရာရတော့မည်။ နှုတ်ခမ်းကိုဖွင့်၍ ပြန်ပြောတော့မည်။
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။ ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။
သင်သည် မြင်၍ ဝမ်းသာပီတိဖြစ်မည်။ ဝမ်းမြောက်ဝမ်းသာဖြစ်၍ စိတ်လှုပ်ရှားမည်။ အကြောင်းမူကား ပင်လယ်၏စည်းစိမ်ဘဏ္ဍာသည် သင့်ထံသို့လှည့်လာ၍ လူမျိုးတကာတို့၏ဥစ္စာပစ္စည်းသည် သင့်ထံသို့ရောက်လာမည်။
ထိုသူမရောက်လာမီ နေဝင်ချိန်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်တည်လျက် ငါ့နှုတ်ကိုဖွင့်တော်မူ၏။ နံနက်အချိန် ထိုသူရောက်လာသောအခါ ငါသည် ဆွံ့အမနေတော့ဘဲ နှုတ်ကိုဖွင့်၍ဟောပြော၏။
စပျစ်ဝိုင်သည် သစ္စာမဲ့စေတတ်၏။ မာနကြီးသောသူနှင့်တူ၍ ငြိမ်ငြိမ်မနေတတ်။ စိတ်အလိုကို မရဏာနိုင်ငံကဲ့သို့ ကျယ်ပြန့်စေတတ်၏။ သေမင်းကဲ့သို့ပင် အလိုမပြည့်စုံတတ်။ သူ့အဖို့ လူမျိုးအပေါင်းကို စုစည်းပြီး လူအားလုံးကို သိမ်းပိုက်ထားတတ်၏။
ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။
ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။
သင်တို့ကိုဝမ်းနည်းစေရန်မဟုတ်ဘဲ သင်တို့အပေါ် ငါထားရှိသော ကြွယ်ဝသည့်ချစ်ခြင်းမေတ္တာကို သင်တို့သိစေရန် ငါသည် ကြီးစွာသောစိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များစွာဖြင့် သင်တို့ထံသို့ရေးလိုက်ခြင်းဖြစ်၏။
အို မိုက်မဲသောဂလာတိပြည်သားတို့၊ လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ယေရှုခရစ်တော်သည် သင်တို့မျက်စိရှေ့၌ ထင်ရှားစွာဖော်ပြခြင်းခံရလျက်နှင့် မည်သူက သင်တို့ကိုပြုစားလိုက်သနည်း။
ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။
ငါသည် နှုတ်ကိုဖွင့်သောအခါ ပြောရမည့်စကားကို ငါ့အားပေးတော်မူ၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအရာကို ရဲရင့်စွာပြောပြနိုင်ရန် ငါ့အတွက်လည်း ဆုတောင်းပေးကြလော့။
ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကောင်းသောအမှုတစ်စုံတစ်ခုကိုပြုသောသူတိုင်းသည် သခင်ဘုရားထံမှ အကျိုးခံစားရမည်ဖြစ်ကြောင်း သိမှတ်ကြလော့။
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။
“ကြည့်ရှုလော့။ ငါသည်အလျင်အမြန်လာမည်။ ငါပေးမည့်အကျိုးအပြစ်ကိုယူဆောင်လာ၍ လူအသီးသီးတို့အား မိမိတို့ပြုသောအမှုအတိုင်း ငါပေးဆပ်မည်။
ထို့နောက် ဟန္နက “အကျွန်ုပ်၏စိတ်နှလုံးသည် ထာဝရဘုရား၌ ရွှင်လန်း၏။ ထာဝရဘုရားသည် အကျွန်ုပ်၏ဦးချိုကို ချီးမြှောက်တော်မူပါ၏။ ထာဝရဘုရားသည် အကျွန်ုပ်ကို ကယ်တင်တော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ဝမ်းမြောက်လျက် ရန်သူတို့ကို အားရစွာချေပပြောဆိုနိုင်ပါပြီ။