Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 6:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ၊ ကောင်း​သော​အမှု​တစ်စုံတစ်ခု​ကို​ပြု​သော​သူ​တိုင်း​သည် သခင်​ဘုရား​ထံမှ အကျိုး​ခံစားရ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ကျွန်​ဖြစ်​စေ၊ လွတ်​လပ်​သူ​ဖြစ်​စေ၊ မည်​သူ​မ​ဆို မိ​မိ​ပြု​သည့်​ကောင်း​မှု​အ​တွက် သ​ခင်​ဘု​ရား ထံ​မှ​ဆု​လာဘ်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​သိ​မှတ် ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား၏ လက်​တော်​မှ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကျွန်​ဖြစ်စေ၊ လွတ်လပ်သူ​ဖြစ်စေ ကောင်းမှု ပြုသောသူ​တိုင်း​သည် သခင်ဘုရား​ထံမှ အကျိုး​ခံစားရမည် ဖြစ်ကြောင်း သိမှတ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 6:8
20 ပူးပေါင်းရင်းမြစ်များ  

ဆိုးယုတ်​သော​သူ​သည် လှည့်ဖြား​သော​အဖိုးအခ​ကို​ရ​တတ်​၏​။ ဖြောင့်မတ်​ခြင်း​မျိုးစေ့​ကို​ကြဲ​သော​သူ​မူကား မှန်ကန်​သော​အကျိုး​ကို​ရ​တတ်​၏​။


သို့ပြုလျှင် သင့်​အတွက် အနာဂတ် မုချ​ရှိ​လိမ့်မည်​။ သင်​၏​မျှော်လင့်​ခြင်း​သည်​လည်း ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​မ​ဟုတ်​။


ဆိုးယုတ်​သော​သူ​သည် အမင်္ဂလာ​ရှိ​၏​။ သူ​၌ ဆိုးညစ်​သော​အမှု သက်ရောက်​မည်​။ သူ​၏​လုပ်ဆောင်မှု​အတိုင်း သူ​၌​ဖြစ်​လိမ့်မည်​။


အကြောင်းမူကား လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​နှင့်အတူ မိမိ​ခမည်းတော်​၏​ဘုန်း​အသရေ​ကို​ဆောင်​လျက် ကြွလာ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​အား သူ​တို့​၏​လုပ်ဆောင်မှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။


ထို​သူ​တို့​က​လည်း ‘မည်သူမျှ အကျွန်ုပ်​တို့​ကို မ​ငှား​သောကြောင့်​ဖြစ်​ပါ​သည်’​ဟု ဖြေ​ကြ​လျှင် ခြံ​ပိုင်ရှင်​က ‘သင်​တို့​သည်​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့’​ဟု ဆို​လေ​၏။


ဝမ်းမြောက်​ရွှင်မြူး​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌ သင်​တို့​၏​ဆုလာဘ်​သည် ကြီးမား​လှ​ပေ​၏။ သူ​တို့​သည် သင်​တို့​ရှေ့​က ပရောဖက်​များ​ကို​လည်း ထိုနည်းတူ​ညှဉ်းဆဲ​ခဲ့​ကြ​၏။


သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။


ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။


သို့ပြုလျှင် သူ​တို့​သည် သင့်​အား​ကျေးဇူး​မ​တုံ့ပြန်​နိုင်​ကြ​သောကြောင့် သင်​သည် မင်္ဂလာရှိ​လိမ့်မည်။ ဖြောင့်မတ်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ရာ​ကာလ​၌ သင်​သည် ကျေးဇူး​တုံ့ပြန်​ခြင်း​ကို အမှန်ပင်​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။


အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ ငါ​တို့​ရှိသမျှ​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ ဗတ္တိဇံ​ခံ​ကြ​ပြီး အားလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​ကို သောက်​ရ​ကြ​၏။


အကြောင်းမူကား ငါ​တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌​ရှိစဉ် ပြုကျင့်​သည့်​အတိုင်း ကောင်း​သော​အမှု​အတွက်​ဖြစ်စေ၊ ဆိုးညစ်​သော​အမှု​အတွက်​ဖြစ်စေ အကျိုး​အပြစ်​ကို အသီးသီး​ခံစားရ​ရန် ခရစ်တော်​၏​တရားပလ္လင်​ရှေ့၌ ပေါ်လာ​ကြ​ရ​မည်။


သင်​တို့​အားလုံး​သည် ခရစ်တော်​ယေရှု​၌ တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​သောကြောင့် ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​ဟူ၍​မ​ရှိ။ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ယောက်ျား​နှင့်​မိန်းမ​ဟူ၍​လည်း​မ​ရှိ။


ထိုသို့​ဖန်ဆင်း​ပြုပြင်​ရာ​၌ ဂရိ​လူမျိုး​နှင့်​ဂျူး​လူမျိုး၊ အရေဖျား​လှီး​ထား​သော​သူ​နှင့်​မ​လှီး​ထား​သော​သူ၊ သကုသိ​လူ​နှင့်​လူရိုင်း၊ ကျွန်​နှင့်​လွတ်လပ်​သူ​ဟူ၍​မ​ရှိ။ ခရစ်တော်​သည် အလုံးစုံ​ဖြစ်​ပြီး အလုံးစုံ​တို့​၌​ရှိ​တော်မူ​၏။


သင်​တို့​သည် သခင်​ခရစ်တော်​ကို အစေခံ​ကြ​သည်​ဖြစ်၍ ဆုလာဘ်​အဖြစ်​အမွေ​တော်​ကို သခင်​ဘုရား​ထံမှ ရရှိ​မည်​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။


မတရားမှု​ပြု​သော​သူ​မူကား မိမိ​ပြု​သော​မတရားမှု​၏​အကျိုး​ကို ခံစားရ​လိမ့်မည်။ ဤတွင် မျက်နှာလိုက်​ခြင်း​မ​ရှိ။


ထို့ကြောင့် ကြီးမြတ်​သော​အကျိုးကျေးဇူး​ရှိ​သည့် သင်​တို့​၏​ယုံကြည်​စိတ်ချ​မှု​ကို မ​စွန့်လွှတ်​ကြ​နှင့်။


သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ