၁ ကော 14:6 - မြန်မာ့စံမီသမ္မာကျမ်း
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံလာ၍ အခြားသောဘာသာစကားများပြောဆိုသော်လည်း ဗျာဒိတ်တော်အားဖြင့်ဖြစ်စေ၊ အသိပညာအားဖြင့်ဖြစ်စေ၊ ပရောဖက်ပြုဟောပြောခြင်းအားဖြင့်ဖြစ်စေ၊ သွန်သင်သည့်စကားအားဖြင့်ဖြစ်စေ မဟောပြောလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
အခန်းကိုကြည့်ပါ။
သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါသည်သင်တို့ထံ သို့လာ၍ထူးဆန်းသောဘာသာစကား အမျိုးမျိုးဖြင့်ပြောဆိုပါလျှင် အဘယ် အကျိုးရှိမည်နည်း။ ငါဟောပြောသောစကား များသည် ဘုရားသခင်၏ဗျာဒိတ်တော် စကား၊ အသိပညာနှင့်ယှဉ်သောစကား၊ ဝိညာဉ်တော်တန်ခိုးအားဖြင့်နှိုးဆော်သော စကား၊ ဆုံးမသွန်သင်သည့်စကားများမဖြစ် ပါမူသင်တို့၌အဘယ်အကျိုးရှိမည်နည်း။
အခန်းကိုကြည့်ပါ။
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ သင် တို့ ထံ ငါ ရောက် လာ သော် လည်း ဗျာ ဒိတ် တော် ချက်၊ အ သိ ပ ညာ ချက်၊ ဟော ပြော ချက်၊ သင် ကြား ချက် ကို မ ဆင့် ဆို ဘဲ၊ ဘာ သာ စ ကား ထူး ကို သာ ပြော ဆို လို လျှင် မည် သည့် အ ကျိုး ရှိ ကြ အံ့ နည်း။
အခန်းကိုကြည့်ပါ။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ရှိရာသို့လာ၍ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဗျာဒိတ်တော်ကိုပြန်ခြင်း၊ ပညာအတတ်ကိုသင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်းတစ်ခုခုကို မပြုဘဲလျက်၊ သင်တို့အားပြောလျှင် အဘယ်အကျိုးရှိအံ့နည်း။-
အခန်းကိုကြည့်ပါ။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံသို့ လာ၍ သင်တို့နားမလည်သော အခြားဘာသာစကားဖြင့် ပြောဆိုသော်လည်း ဗျာဒိတ်တော်ဖွင့်ပြခြင်း၊ အသိပညာမျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့ဖြင့် မပြောဆိုလျှင် သင်တို့အတွက် မည်သည့်အကျိုးရှိမည်နည်း။
အခန်းကိုကြည့်ပါ။