၂ တိ 2:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။ အခန်းကိုကြည့်ပါ။Common Language Bible14 ဤအကြောင်းအရာများကိုသင်၏လူစု အားသတိပေးလော့။ စကားအသုံးအနှုန်း နှင့်ပတ်သက်၍ငြင်းခုံမှုသည်မည်သည့် အကျိုးကိုမျှမပြုစုတတ်။ ကြားရသူတို့ ၏အကျိုးကိုသာယုတ်စေတတ်၏။- အခန်းကိုကြည့်ပါ။Garrad Bible14 အ ကျိုး မဲ့ သော၊ ကြား နာ သူ တို့ ကို မှောက် မှား စေ သော ဆွေး နွေး ခြင်း မ ပြု ကြ စေ ရန် အ ရှင် ဘု ရား ရှေ့ တော် တွင် တိုက် တွန်း လျက် ဆို ခဲ့ သည့် အ တိုင်း သ တိ ပေး လော့။ အခန်းကိုကြည့်ပါ။Judson Bible14 ဤအကြောင်းအရာများကို သူတစ်ပါးတို့အား သတိပေးလော့။ အဘယ်အကျိုးကိုမျှ မပြုစု၊ ကြားနာသောသူတို့၏ စိတ်ကိုမှောက်လှန်လိုသောငှာ၊ စကားကြောင့်သာ ငြင်းခုံခြင်းကို မပြုမည်အကြောင်း၊ သခင်ဘုရားရှေ့၌ သစ္စာပေးလော့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ဤအကြောင်းအရာများကို သူတို့အား သတိပေးလော့။ အကျိုးမရှိဘဲ ကြားရသောသူတို့ကို ပျက်စီးစေတတ်သော စကားလုံးအသုံးအနှုန်းအတွက် မငြင်းခုံကြရန် ဘုရားသခင်ရှေ့တော်၌ အလေးအနက် ညွှန်ကြားလော့။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ကြည့်ရှုလော့။ မဟုတ်မမှန်သောအိပ်မက်ကို ပရောဖက်ပြုဟောပြော၍ လိမ်လည်ကြွားဝါခြင်းဖြင့် ငါ၏လူမျိုးတော်အား လမ်းလွဲစေသော ပရောဖက်တို့ကို ငါစီရင်မည်။ သူတို့ကိုငါမစေလွှတ်၊ ငါမမိန့်မှာ။ သူတို့သည် ငါ့လူမျိုးတော်ကို ဘာမျှအကျိုးမပြုသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။