Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် သင်တို့​ထံသို့ လာ​၍ သင်တို့​နားမလည်သော အခြား​ဘာသာစကား​ဖြင့် ပြောဆို​သော်လည်း ဗျာဒိတ်တော်​ဖွင့်ပြခြင်း၊ အသိပညာ​မျှဝေခြင်း၊ ပရောဖက်ပြုခြင်း၊ သင်ကြားခြင်းတို့​ဖြင့် မပြောဆို​လျှင် သင်တို့​အတွက် မည်သည့်​အကျိုး​ရှိမည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ ငါ​သည်​သင်​တို့​ထံ သို့​လာ​၍​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ပြော​ဆို​ပါ​လျှင် အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ငါ​ဟော​ပြော​သော​စကား များ​သည် ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော် စ​ကား၊ အ​သိ​ပ​ညာ​နှင့်​ယှဉ်​သော​စ​ကား၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​နှိုး​ဆော်​သော စ​ကား၊ ဆုံး​မ​သွန်​သင်​သည့်​စ​ကား​များ​မ​ဖြစ် ပါ​မူ​သင်​တို့​၌​အ​ဘယ်​အ​ကျိုး​ရှိ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သို့ ဖြစ်၍ ညီ အစ် ကို တို့၊ သင် တို့ ထံ ငါ ရောက် လာ သော် လည်း ဗျာ ဒိတ် တော် ချက်၊ အ သိ ပ ညာ ချက်၊ ဟော ပြော ချက်၊ သင် ကြား ချက် ကို မ ဆင့် ဆို ဘဲ၊ ဘာ သာ စ ကား ထူး ကို သာ ပြော ဆို လို လျှင် မည် သည့် အ ကျိုး ရှိ ကြ အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ရှိ​ရာ​သို့​လာ၍ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော်​လည်း၊ ဗျာ​ဒိတ်​တော်​ကို​ပြန်​ခြင်း၊ ပ​ညာ​အ​တတ်​ကို​သင်​ခြင်း၊ ပ​ရော​ဖက်​ပြု​ခြင်း၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ခြင်း​တစ်​ခု​ခု​ကို မ​ပြု​ဘဲ​လျက်၊ သင်​တို့​အား​ပြော​လျှင် အ​ဘယ်​အ​ကျိုး​ရှိ​အံ့​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သို့ဖြစ်၍ ညီအစ်ကို​တို့၊ ငါ​သည် သင်​တို့​ထံ​လာ​၍ အခြား​သော​ဘာသာ​စကား​များ​ပြောဆို​သော်လည်း ဗျာဒိတ်​တော်​အားဖြင့်​ဖြစ်စေ၊ အသိပညာ​အားဖြင့်​ဖြစ်စေ၊ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့်​ဖြစ်စေ၊ သွန်သင်​သည့်​စကား​အားဖြင့်​ဖြစ်စေ မ​ဟောပြော​လျှင် သင်​တို့​အတွက် မည်သည့်​အကျိုး​ရှိ​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:6
32 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​၌ ယေရှု​က “ကောင်းကင်​နှင့် မြေကြီး​၏​အရှင်​သခင် ဖြစ်တော်မူသော​အဖ… လောကီ​ပညာရှင်များ​နှင့် ဉာဏ်ပညာ​ထက်မြက်သူများ​အား ဤ​အရာများ​ကို ဝှက်ထားတော်မူ​၍ ကလေးငယ်တို့​အား ဖော်ပြတော်မူ​သောကြောင့် ကျေးဇူးတင်ပါ၏။


ယေရှု​က “ယောန​၏​သား​ရှိမုန်… သင်​သည်​မင်္ဂလာရှိ၏။ သင်သည် ဤ​အရာ​ကို လူ့​အနေဖြင့်​သိသည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏ ခမည်းတော်​က ဖော်ပြတော်မူ​၍ သိခြင်း​ဖြစ်၏။


လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။ မိမိ​အသက်ဝိညာဉ်​ကို မည်သည့်​အရာ​နှင့် လဲလှယ်​နိုင်မည်နည်း။


ထို​ယုံကြည်သူများ​သည် တမန်တော်တို့​၏ သွန်သင်မှု​ကို​ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်​ကို​ဖဲ့ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ကို အမြဲ​ဆောင်ရွက်ကြ၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သည် ကောင်းခြင်း​နှင့် ပြည့်စုံ​၍ အသိပညာ​ကြွယ်​သဖြင့် အချင်းချင်း ပဲ့ပြင်​သွန်သင်​နိုင်စွမ်း​ရှိသည်​ကို ကျွန်ုပ် အပြည့်အဝ​ယုံကြည်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​သင်ယူထားသော သွန်သင်ချက်​ကို ဆန့်ကျင်​၍ စိတ်ဝမ်းကွဲစရာ​နှင့် မှားယွင်းစရာတို့​ကို ဖြစ်စေသော​သူတို့​အား သတိပြု​လျက် ရှောင်ရှား​ရန် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။


သင်တို့​သည် တစ်ချိန်က အပြစ်တရား​၏​ကျွန် ဖြစ်ခဲ့ဖူး​သော်လည်း ယခု​တွင် သင်တို့​သင်ယူခဲ့သော တရားတော်​ကို စိတ်နှလုံး​အပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်​ကို ကျေးဇူးတင်ပါ၏။


ချစ်ခြင်း​မေတ္တာ​တရား​ကို ကြိုးစား​၍ ကျင့်သုံးကြလော့။ ဝိညာဉ်​ဆုကျေးဇူးများ​ကိုလည်း အလွန်​လိုချင်သော​စိတ် ရှိကြလော့။ အထူး​သဖြင့် ပရောဖက်ပြု​ဟောပြော​နိုင်သော​ဆုကျေးဇူး​ကို လိုချင်သော​စိတ် ရှိကြလော့။


ပလွေ၊ စောင်း​ကဲ့သို့သော သက်မဲ့​တူရိယာများ​ပင်လျှင် ရှင်းလင်း​ပြတ်သားသော သံစဉ်​မထွက်​ပါက မည်သည့်​တီးလုံး တီးမှုတ်နေသည်​ကို မည်သို့​သိနိုင်မည်နည်း။


ကျွန်ုပ်​သည် အဟောအပြော​ပိုင်း​၌ မကျွမ်းကျင်​သော်လည်း ခရစ်တော်​အကြောင်း​နှင့်ဆိုင်သော​အသိပညာ​ပိုင်း​၌ မချို့တဲ့။ ဤ​အချက်​နှင့်​ပတ်သက်၍ ကျွန်ုပ်တို့​သည် နည်းအမျိုးမျိုး​ဖြင့် သင်တို့​အား ရှင်းလင်း​စွာ ပြောပြထားပြီ​ဖြစ်၏။


ကြွားဝါခြင်း​သည် အကျိုး​မရှိသော်လည်း ကျွန်ုပ်​ဆက်​၍ ကြွားဝါ​ရမည်။ ယခု​တွင်မူ သခင်ဘုရား​ထံမှ ရူပါရုံ​နှင့် ဗျာဒိတ်တော်​အကြောင်း​ကို ပြောဦးမည်။


ကျွန်ုပ်​ရရှိသည့် ဗျာဒိတ်တော်​မှာ အလွန်​ထူးမြတ်​သောကြောင့် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​ထဲ၌ ဆူးတစ်ခု​ကို ပေးတော်မူ၏။ ထို​ဆူး​မှာ ကျွန်ုပ်​သည် မိမိ​ကိုယ်ကိုယ် အထင်မကြီးမိ​စေရန် ကျွန်ုပ်​ကို ဒုက္ခပေးသည့် စာတန်​၏ တမန်​ဖြစ်၏။


ကျွန်ုပ်​ဆုတောင်းသည်​က ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖ​ခမည်းတော်​သည် ဝိညာဉ်ရေးရာ​ဉာဏ်ပညာ​နှင့် ဗျာဒိတ်တော်​ကို သင်တို့​အား ပေးသနားတော်မူ​ရန် ဖြစ်၏။ သို့မှသာ သင်တို့​သည် ခမည်းတော်​အကြောင်း​ကို ပို​၍ သိကြမည် ဖြစ်၏။


ထို​အကြောင်းအရာ​ကို ဖတ်ရှုခြင်း​အားဖြင့် ခရစ်တော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို ကျွန်ုပ် သိကျွမ်း​နားလည်ကြောင်း သင်တို့ သဘောပေါက်နိုင်ကြ၏။


ထို့ကြောင့် ဝိညာဉ်ရေးရာ​၌ ရင့်ကျက်သော ကျွန်ုပ်တို့​အားလုံး​သည် ဤ​စိတ်သဘောထား​မျိုး ရှိ​သင့်၏။ အကယ်၍ အချို့သော​အကြောင်းအရာများ​၌ မတူညီသော​စိတ်သဘောထား​ရှိလျှင် ဘုရားသခင်​သည် ရှင်းလင်း​ဖော်ပြတော်မူ​လိမ့်မည်။


ဤ​အကြောင်းအရာများ​ကို သူတို့​အား သတိပေးလော့။ အကျိုး​မရှိဘဲ ကြားရသော​သူတို့​ကို ပျက်စီး​စေတတ်သော စကားလုံး​အသုံးအနှုန်း​အတွက် မငြင်းခုံကြ​ရန် ဘုရားသခင်​ရှေ့တော်​၌ အလေးအနက် ညွှန်ကြားလော့။


သို့သော် သင်​သည် ကျွန်ုပ်​၏​သွန်သင်ခြင်း၊ ကျင့်ကြံ​နေထိုင်ခြင်း၊ ကြံစည်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း​တို့ကို သိ၏။


ထို​ကျမ်းစာ​အားလုံး​သည် ဘုရားသခင်​မှုတ်သွင်းတော်မူပြီး သွန်သင်ခြင်း၊ ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ဖြောင့်မတ်လာ​စေရန် ဆုံးမပဲ့ပြင်ခြင်း​တို့​အတွက် အသုံးဝင်၏။


အခွင့်အခါ​သင့်သည်​ဖြစ်စေ၊ မသင့်သည်​ဖြစ်စေ အဆင်သင့်​ဖြစ်​၍ နှုတ်ကပတ်​တရားတော်​ကို ဟောပြောလော့။ အလွန်​စိတ်ရှည်​စွာ သွန်သင်​၍ အပြစ်​ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေး​တိုက်တွန်းခြင်း​တို့ကို ပြုလော့။


ဤ​စကား​သည် စိတ်ချ​ယုံကြည်ရသော စကား​ဖြစ်၏။ သင်တို့​သည် ထို​အရာများ​ကို အထူး​ဂရုစိုက်​၍ တိုက်တွန်းကြ​ရန် ကျွန်ုပ်​အလို​ရှိ၏။ ဤ​နည်း​ဖြင့် ဘုရားသခင်​ကို ယုံကြည်သောသူတို့​သည် ကောင်းမှုပြု​ရန် ကြိုးစား​နိုင်မည်။ အထက်ပါ​အရာတို့​သည် ကောင်းမွန်​၍ လူတိုင်း​အတွက် အကျိုးပြုသော​အရာများ​ဖြစ်၏။


ထူးဆန်းသည့် အယူဝါဒ​အမျိုးမျိုး ဆွဲဆောင်ရာ နောက်​သို့ မလိုက်ကြနှင့်။ စိတ်နှလုံး​ကို ခိုင်ခံ့မြဲမြံ​စေရာ​တွင် အစားအစာ​အားဖြင့် မဟုတ်ဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​အားဖြင့် ခိုင်ခံ့မြဲမြံစေ​လျှင် အကျိုး​ရှိ၏။ အစားအစာ​နှင့် ပတ်သက်သော​ပညတ်များ​ကို လိုက်နာသော​သူတို့​မှာမူ မည်သည့်​အကျိုး​ကို​မျှ မရရှိ။


ဤ​အကြောင်းအရာများ​ကြောင့် သင်တို့​၏ ယုံကြည်ခြင်း​၌ ကောင်းမှု​ပြုခြင်း​ကို​လည်းကောင်း၊ ကောင်းမှု​ပြုခြင်း​၌ အသိပညာ​ကို​လည်းကောင်း၊


ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ယေရှု​ခရစ်တော်​ကို သိကျွမ်းခြင်း​၌​လည်းကောင်း၊ ကျေးဇူးတော်​၌​လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်​သည် ယခု​မှစ၍ ထာဝရ​ကာလ​ပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရု​ဩဝါဒစာ​ဒုတိယစောင် ပြီးပါပြီ။


ခရစ်တော်​၏ သွန်သင်ချက်​အတိုင်း မရပ်တည်ဘဲ ၎င်း​ကို ကျော်လွန်သော​သူတိုင်း​သည် ဘုရားသခင်​နှင့် တပေါင်းတစည်းတည်း​မဟုတ်ပေ။ သွန်သင်ချက်​အတိုင်း ရပ်တည်သောသူ​သည် ခမည်းတော်​နှင့် သားတော်​နှစ်ပါးလုံး​နှင့် တပေါင်းတစည်းတည်း​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ