ဘုရားတရားမဲ့သောလူအပေါင်းတို့သည် ဖြစ်ထွန်းမည်မဟုတ်။ တံစိုးစားသောသူတို့၏တဲများသည်လည်း မီးလောင်ကျွမ်းသွားလိမ့်မည်။
သုတ္တံကျမ်း။ 14:11 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့၏အိမ်သည် ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဖြောင့်မှန်သောသူတို့၏တဲမူကား ပွင့်လန်းဝေဆာလိမ့်မည်။ Common Language Bible မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သော သူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ Garrad Bible လူ ဆိုး တို့၏ အိမ် သည်၊ ပျက် စီး ရ လိမ့် မည်။ ဖြောင့် မှန် သူ၏ နေ ရာ တဲ မူ ကား၊ စည် ပင် လိမ့် မည်။ Judson Bible မတရားသောသူ၏အိမ်သည် ပြိုလဲတတ်၏။ ဖြောင့်မတ်သောသူ၏တဲမူကား၊ ပွင့်လန်းတတ်၏။ |
ဘုရားတရားမဲ့သောလူအပေါင်းတို့သည် ဖြစ်ထွန်းမည်မဟုတ်။ တံစိုးစားသောသူတို့၏တဲများသည်လည်း မီးလောင်ကျွမ်းသွားလိမ့်မည်။
ဤသည်ကား ဒုစရိုက်သမားတို့နေထိုင်ရာ၊ ဘုရားကိုမသိသောသူတို့နေရာဖြစ်၏”ဟု ဆိုလေ၏။
အကြောင်းမူကား သင်တို့က ‘မင်းအရာရှိအိမ်ကား အဘယ်မှာနည်း။ လူဆိုးတို့နေသောတဲကား အဘယ်မှာနည်း’ဟု မေးတတ်ကြ၏။
သူ့အိမ်သည် မှီ၍ရအောင် ခိုင်ခံ့သည်မဟုတ်။ ဖမ်းဆွဲထားနိုင်အောင် ခိုင်မြဲသည်မဟုတ်။
သင့်ကိုမုန်းသောသူတို့သည် အရှက်ကွဲခြင်းကို ဝတ်ဆင်ရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့၏တဲသည်လည်း ပျောက်ကွယ်သွားလိမ့်မည်”ဟု ဆိုလေ၏။
သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။
သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
မိမိ၏ဓနဥစ္စာကို ကိုးစားသောသူသည် ကျဆုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သစ်ရွက်ကဲ့သို့ ပွင့်လန်းဝေဆာလိမ့်မည်။
ဆိုးယုတ်သောသူတို့သည် ဖြိုလှဲခြင်းခံရ၍ ပျောက်ကွယ်သွားကြ၏။ ဖြောင့်မတ်သောသူတို့၏အိမ်မူကား တည်မြဲလိမ့်မည်။
ထာဝရဘုရားသည် မောက်မာသောသူ၏အိမ်ကို ဖြိုဖျက်တော်မူလိမ့်မည်။ မုဆိုးမ၏နယ်နိမိတ်ကိုကား တည်စေတော်မူလိမ့်မည်။
ဖြောင့်မတ်တော်မူသောအရှင်သည် ဆိုးယုတ်သောသူ၏အိမ်ကိုမှတ်၍ ထိုဆိုးယုတ်သောသူတို့ကို ပျက်စီးခြင်းထဲသို့ ပစ်ချတော်မူ၏။
ပညာရှိသောသူ၏အိမ်၌ နှစ်လိုဖွယ်ကောင်းသောဥစ္စာဘဏ္ဍာနှင့် ဆီရှိ၏။ မိုက်မဲသောသူကား ထိုအရာတို့ကို သုံးဖြုန်းတတ်၏။
ထာဝရဘုရား၏ကျိန်ခြင်းသည် ဆိုးယုတ်သောသူ၏အိမ်ပေါ်သို့သက်ရောက်၏။ သို့သော် ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့၏အိမ်ကို ကောင်းချီးပေးတော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဤစာလိပ်ကို ငါစေလွှတ်သဖြင့် သူခိုး၏အိမ်ထဲ၌လည်းကောင်း၊ ငါ့နာမဖြင့် မဟုတ်မမှန်ကျိန်ဆိုသူ၏အိမ်ထဲ၌လည်းကောင်း ဝင်နေ၍ သစ်သား၊ ကျောက်တုံးတို့ပါမကျန် ထိုအိမ်ကို ဖျက်ဆီးပစ်လိမ့်မည်”ဟု ငါ့အား ပြောပြ၏။