Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 8:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သင်​သာ သန့်ရှင်း​ဖြောင့်မတ်​မည်​ဆို​လျှင် ယခုပင် ကိုယ်တော်​သည် ထ​၍ သင်​၏​ဖြောင့်မတ်​ခြင်း​တည်​ရာ​ကို ပြန်ပေး​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 စင်​စစ် သင့်​အ​တွက် ကိုယ်​တော်​သည်​ထ​ပြီး​လျှင် သင်၏​ဖြောင့်​မတ်​သော​နေ​ရာ​ကို ကောင်း​စား​စေ​တော်​မူ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 8:6
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထာဝရဘုရား​က စာတန်​အား “​ငါ့​အစေအပါး​ယောဘ​ကို သင်​သတိထား​မိ​သလော​။ မြေကြီး​ပေါ်တွင် သူ​နှင့်​တူ​သူ​တစ်ယောက်​မျှ​မ​ရှိ​။ သူ​သည် အပြစ်တင်စရာ​မ​ရှိ​၊ ဖြောင့်မှန်​သော​သူ​၊ ဘုရားသခင်​ကို​ကြောက်ရွံ့ရိုသေ​သော​သူ​၊ မကောင်းမှု​ကို ရှောင်ကြဉ်​သော​သူ​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သင်​ပြု​သော​အပြစ်​ကို စွန့်ပစ်​ပြီး သင့်​တဲ​များ​၌ မကောင်းမှု​ကို လက်​မ​ခံ​လျှင်


သို့သော်လည်း ငါ​သည် မတရားမှု​ကို​မ​ပြု​။ ငါ​၏​ဆုတောင်း​ခြင်း​သည်​လည်း သန့်ရှင်း​ပါ​၏​။


ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။


သင်​၏​တဲ​သည် ငြိမ်းချမ်း​လျက်​ရှိ​ကြောင်း သင်​သိ​ရ​လိမ့်မည်​။ သင်​နေထိုင်​ရာ​အရပ်​ကို စစ်ဆေးကြည့်​လျှင်​လည်း တစ်စုံတစ်ရာ​မျှ ပျောက်ဆုံး​လိမ့်မည်​မ​ဟုတ်​။


ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။


အို ဘုရားရှင်​၊ နိုး​တော်မူ​ပါ​။ အဘယ်ကြောင့် ကျိန်းစက်​နေ​တော်မူ​သနည်း​။ ထ​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ကို အစဉ်​ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။


အို ထာဝရဘုရား​၊ အမျက်​တော်​နှင့်​ထ​တော်မူ​ပါ​။ အကျွန်ုပ်​ရန်သူ​တို့​၏​ဒေါသ​ကို​ဆန့်ကျင်​လျက် ရပ်​တော်မူ​ပါ​။ အကျွန်ုပ်​အတွက် နိုးကြွ​တော်မူ​ပါ​။ ကိုယ်တော်​သည် တရားစီရင်​ခြင်း​ကို​စီမံ​တော်မူ​ပြီ​။


ဆိုးယုတ်​သော​သူ​တို့​၏​ယဇ်ကောင်​ကို ထာဝရဘုရား​စက်ဆုပ်ရွံရှာ​တော်မူ​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​ဆုတောင်းချက်​ကို​ကား ကိုယ်တော်​နှစ်သက်​တော်မူ​၏​။


ထာဝရဘုရား​၏​ကျိန်​ခြင်း​သည် ဆိုးယုတ်​သော​သူ​၏​အိမ်​ပေါ်သို့​သက်ရောက်​၏​။ သို့သော် ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​ကို ကောင်းချီးပေး​တော်မူ​၏​။


သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။


ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လုပ်ဆောင်မှု​၏​အသီးအပွင့်​ကို​စား​ရ​မည်​ဖြစ်​သောကြောင့် ကောင်း​ပေ​သည်​ဟု သူ​တို့​အား ပြောကြား​လော့​။


အို ထာဝရဘုရား​၏​လက်ရုံး​တော်​၊ နိုးထ​တော်မူ​ပါ​။ နိုးထ​တော်မူ​ပါ​။ ခွန်အား​ကို​ဆင်ယင်​တော်မူ​ပါ​။ ရှေးကာလ​နေ့ရက်​များ​က​ကဲ့သို့​၊ ရှေးလွန်လေ​ပြီး​သော​မျိုးဆက်​တို့​ခေတ်​က​ကဲ့သို့ နိုးထ​တော်မူ​ပါ​။ ရာဟပ်​ကို​ခုတ်ဖြတ်​သော​သူ​၊ မြွေနဂါး​ကို​ထိုးဖောက်​သော​သူ​သည် ကိုယ်တော်​ပင်​မ​ဟုတ်​လော​။


သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ