Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 12:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဆိုးယုတ်​သော​သူ​တို့​သည် ဖြိုလှဲ​ခြင်း​ခံရ​၍ ပျောက်ကွယ်​သွား​ကြ​၏​။ ဖြောင့်မတ်​သော​သူ​တို့​၏​အိမ်​မူကား တည်မြဲ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 မတရားသော သူ၏အိမ်သည် ပြိုလဲပျောက် ပျက်ခြင်း၊ ဖြောင့်မတ်သောသူ၏ အိမ်မူကား၊ အမြဲတည် ခြင်းရှိတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 လူ ဆိုး တို့ သည်၊ လဲ ပြို လျင် ပျောက် ပျက် ကြ လေ ပြီ။ သူ တော် ကောင်း တို့၏ အိမ် မူ ကား၊ တည် မြဲ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 မ​တ​ရား​သော​သူ၏​အိမ်​သည် ပြို​လဲ​ပျောက်​ပျက်​ခြင်း၊ ဖြောင့်​မတ်​သော​သူ၏​အိမ်​မူ​ကား၊ အ​မြဲ​တည်​ခြင်း ရှိ​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 12:7
20 ပူးပေါင်းရင်းမြစ်များ  

သင့်​အမျိုးအနွယ်​နှင့် သင့်​နိုင်ငံ​သည် သင့်​ရှေ့​မှာ အစဉ်အမြဲ​တည်မြဲ​လိမ့်မည်​။ သင်​၏​ရာဇပလ္လင်​သည်​လည်း အစဉ်အမြဲ​တည်​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။


‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အုပ်စိုး​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​’​ဟု ဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်​ချီးမြှောက်​ကြ​ပါစေသော​။ ကိုယ်တော့်​အစေအပါး ဒါဝိဒ်​၏​မင်းမျိုးမင်းနွယ်​သည်​လည်း ရှေ့​တော်​၌ တည်မြဲ​ပါစေသော​။


ရှင်ဘုရင်​သည်​လည်း ထိုသို့​ပြု​ရန်​အမိန့်ပေး​လိုက်​၏​။ ထို​အမိန့်​ကို ရှုရှန်​မြို့​၌​ထုတ်ပြန်​ကြေညာ​ပြီး ဟာမန်​၏​သား​ဆယ်​ယောက်​တို့​ကို သစ်တိုင်​၌ ဆွဲထား​ကြ​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​မျက်စိ​သည် မှုန်ဝါး​သွား​၍ လွတ်မြောက်​ရာ​လမ်း​လည်း​ရှိ​လိမ့်မည်​မ​ဟုတ်​။ သူ​တို့​၏​မျှော်လင့်ချက်​မှာ သေ​ခြင်း​သာ​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။


သူ​တို့​ပြု​သော​အမှု​ကို သိ​တော်မူ​သည်​ဖြစ်၍ ညအချိန်​တွင် သူ​တို့​ကို ဖျက်ဆီး​လိုက်​သောအခါ သူ​တို့​ပျက်စီး​သွား​ရ​လေ​၏​။


ခဏမျှကြာ​လျှင် ဆိုးယုတ်​သော​သူ​သည် ရှိ​တော့​မည်​မ​ဟုတ်​။ သင်​သည် သူ​၏​နေရာ​ကို​စေ့စေ့ရှာ​လျှင်လည်း သူ​သည်​ရှိ​တော့​မည်​မ​ဟုတ်​။


လေပွေ​တိုက်ခတ်​သွား​သောအခါ ဆိုးယုတ်​သော​သူ​သည် ပျောက်ကွယ်​သွား​၏​။ ဖြောင့်မတ်​သော​သူ​၌​ကား အစဉ်အမြဲ​တည်​သော​အုတ်မြစ်​ရှိ​၏​။


မကောင်းမှု​ပြု​သော​သူ​သည် အပြစ်ဒဏ်​နှင့်​မည်သို့မျှ​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ ဖြောင့်မတ်​သော​သူ​တို့​၏​သားမြေး​တို့​မူကား မုချ​ကင်းလွတ်​လိမ့်မည်​။


လူ​သည် မိမိ​၏​ဉာဏ်စွမ်း​နှင့်အညီ ချီးမွမ်း​ခြင်း​ခံရ​လိမ့်မည်​။ ကောက်​သော​စိတ်သဘော​ရှိ​သူ​မူကား မထီမဲ့မြင်ပြု​ခြင်း​ခံရ​လိမ့်မည်​။


ပညာရှိ​သော​မိန်းမ​သည် မိမိ​အိမ်​ကို​တည်ဆောက်​တတ်​၏​။ မိုက်မဲ​သော​မိန်းမ​မူကား ၎င်း​ကို မိမိ​လက်​ဖြင့် ဖြိုဖျက်​တတ်​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​အိမ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​တို့​၏​တဲ​မူကား ပွင့်လန်းဝေဆာ​လိမ့်မည်​။


ထာဝရဘုရား​သည် မောက်မာ​သော​သူ​၏​အိမ်​ကို ဖြိုဖျက်​တော်မူ​လိမ့်မည်​။ မုဆိုးမ​၏​နယ်နိမိတ်​ကို​ကား တည်​စေ​တော်မူ​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ