ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ယေရမိ 1:10 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။ Common Language Bible လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ဆွဲ နုတ် ဖြို လှဲ ပယ် ဖျက် မှောက် လှန် ရန် လည်း ကောင်း၊ တည် ထောင် စိုက် ပျိုး ရန် လည်း ကောင်း၊ လူ မျိုး ခြား၊ တိုင်း နိုင် ငံ များ အ ပေါ် တွင်၊ ကြီး ကြပ် သူ အ ဖြစ် ဖြင့်၊ ယ နေ့ သင့် ကို ငါ ခန့် ထား လေ ပြီ ဟု မိန့် တော် မူ ၏။ Judson Bible ကြည့်ရှုလော့။ သင်သည် နုတ်ပယ်ဖြိုချ ဖျက်ဆီးမှောက်လှဲရသောအခွင့်၊ တည်ဆောက်စိုက်ပျိုးရသောအခွင့်နှင့် သင့်ကို လူအမျိုးမျိုးတို့၏ တိုင်းနိုင်ငံများအပေါ်မှာ ယနေ့ငါခန့်ထားပြီဟု မိန့်တော်မူ၏။ |
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
သတ်ရသောအချိန်နှင့် ကျန်းမာစေရသောအချိန်ရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။
“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော်
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။
ထာဝရဘုရားက ‘ဤလူမျိုးတို့နှင့်ပတ်သက်၍ ယေရမိပရောဖက်ပြုဟောပြောခဲ့သော၊ ကျမ်းစာ၌ရေးထားသမျှသောစကားများတည်းဟူသော ဤပြည်ကိုရည်ဆောင်၍ ငါပြောခဲ့သောစကားကို ဤပြည်အပေါ် ကျရောက်စေမည်။
ထာဝရဘုရားက “ငါသည် သူတို့ကို နုတ်ပယ်ဖြိုချမှောက်လှန်ဖျက်ဆီးပြီး ဒုက္ခရောက်စေဖို့ စောင့်ကြည့်သကဲ့သို့ တည်ထောင်ပြုစုဖို့ စောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
အလောင်းကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့်ဝှမ်းတစ်ခုလုံး၊ ကေဒြုန်ချောင်းမှ အရှေ့ဘက်မြင်းတံခါးထောင့်အထိ ကွင်းပြင်တစ်ခုလုံးသည် ထာဝရဘုရားအတွက် သန့်ရှင်းသောနေရာဖြစ်လာမည်။ ဘယ်သောအခါမျှ ဖြိုဖျက်မှောက်လှန်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
“သင်သည် စာလိပ်တစ်လိပ်ကို ယူပြီးလျှင် ယောရှိမင်းကြီးလက်ထက်မှစ၍ ယနေ့တိုင်အောင် အစ္စရေးလူမျိုး၊ ယုဒလူမျိုးအပါအဝင်လူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ သင့်အား ငါမိန့်မှာခဲ့သောစကားအလုံးစုံတို့ကို ရေးမှတ်လော့။
ကြည့်ရှုလော့။ သူတို့ကို အကောင်း မဟုတ်၊ အဆိုးပြုရန် ငါကြည့်နေ၏။ အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့ တစ်ယောက်မကျန် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဖျက်ဆီးခြင်းခံရမည်။
ထို့ကြောင့် ဗာရုတ်အား ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါတည်ထောင်ခဲ့သော၊ ငါစိုက်ပျိုးခဲ့သော ဤပြည်တစ်ပြည်လုံးကို ငါဖြိုဖျက်မည်၊ နုတ်ပစ်မည်’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ ဘေဘီလုံဘုရင်၏ဓားသွားမည့်လမ်းနှစ်လမ်းကို မှတ်သားလော့။ ထိုလမ်းနှစ်လမ်းတို့သည် ပြည်တစ်ပြည်ထဲမှ အစပြု၍ထွက်လာသောလမ်းဖြစ်၏။ မြို့ထဲသို့သွားသောလမ်းခွ၌ အမှတ်အသားလုပ်ထားလော့။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အချင်းလူသား၊ အဟောလနှင့် အဟောလိဗကို စီရင်လော့။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်တို့ကို ပြောကြားလော့။
“အချင်းလူသား၊ အီဂျစ်လူအုပ်ကြီးအတွက် ငိုကြွေးမြည်တမ်းလော့။ အီဂျစ်ပြည်နှင့် အင်အားကြီးသောလူမျိုးတို့၏သမီးပျိုတို့ကို တွင်းထဲကျသွားသောသူတို့နှင့်အတူ မြေကြီးအောက်တွင်းနက်ထဲသို့ ပစ်ချလျက်
ငါထာဝရဘုရားသည် ဖျက်ဆီးခံရသောမြို့တို့ကို ပြန်လည်တည်ဆောက်သောဘုရား၊ လူသူကင်းမဲ့သောအရပ်တို့ကို ပြန်လည်သက်ဝင်စေသောဘုရားဖြစ်ကြောင်း သင့်ဝန်းကျင်ရှိအခြားတိုင်းပြည်တို့ သိကြလိမ့်မည်။ ငါထာဝရဘုရား မိန့်ဆိုသည့်အတိုင်း ပြုမည်’ဟု မိန့်တော်မူ၏။
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထိုနေ့ရက်၌ ပြိုလဲခဲ့သည့်ဒါဝိဒ်၏တဲကို ပြန်လည်ထူထောင်မည်။ ပေါက်ပြဲရာများကို ပြန်လည်ဖာထေးမည်။ ပျက်စီးရာများကို ပြန်လည်ပြုပြင်မည်။ ရှေးကာလကဲ့သို့ ပြန်လည်တည်ဆောက်မည်။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။