ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယေဇကျေလ 18:24 - မြန်မာ့စံမီသမ္မာကျမ်း ‘ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာလမ်းမှလွဲ၍ ဆိုးယုတ်သောသူတို့ကဲ့သို့ မတရားမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုလျှင် သူသည် အသက်ချမ်းသာရာရမည်လော။ သူပြုခဲ့သောဖြောင့်မတ်ခြင်းအမှုတို့ကို အမှတ်ရမည်မဟုတ်။ သူသည် ဖောက်ပြန်၍ အပြစ်ပြုသောကြောင့် သေရမည်။ Common Language Bible ``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။ Garrad Bible တစ် နည်း၊ ဖြောင့် မတ် သူ သည်၊ ကိုယ့် ဖြောင့် မတ် ခြင်း မှ ဖောက် ပြန်၍၊ လူ ဆိုး ပြု သ မျှ သော ရွံ ရှာ ဖွယ် မှု များ အ လိုက်၊ မ တ ရား မှု ကို ပြု ကျင့် လျှင်၊ အ သက် ချမ်း သာ ရ မည် လော၊ ပြု ဖူး သော ဖြောင့် မတ် မှု များ ကို၊ အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ သ စ္စာ တော် ကို ဖောက် ကျော် ၍ ပြစ် မှား သော ပြစ် မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။ Judson Bible သို့ရာတွင် တရားသောသူသည် ဖောက်ပြန်၍၊ အဓမ္မအမှုကိုလည်းကောင်း၊ မတရားသောသူပြုသမျှသော စက်ဆုပ်ရွံရှာဖွယ် အမှုတို့ကိုလည်းကောင်းပြုလျှင်၊ အသက်ရှင်ရမည်လော။ အရင်ပြုသမျှသော ဖြောင့်မတ်ခြင်းအမှုတို့ကို မမှတ်၊ သူသည် လွန်ကျူးသောအမှု၊ ပြစ်မှားသောအပြစ်ကြောင့် အသေသတ်ခြင်းကို ခံရလိမ့်မည်။ |
ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
ထို့နောက်မှ သင်တို့စိတ်ပြောင်း၍ ငါ့နာမကို ရှုတ်ချကြ၏။ သင်တို့အားလုံးသည် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သူတို့သဘောအတိုင်း လွတ်မြောက်ခွင့်ပေးပြီးမှ သူတို့ကိုပြန်ခေါ်၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ကျွန်ပြန်ပြုစေကြ၏’ဟု မိန့်တော်မူ၏။
ငါသည် သူ့ကိုပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ဘေဘီလုံပြည်သို့ခေါ်ဆောင်သွားမည်။ သူသည် ဖောက်ပြန်၍ ငါ့ကိုပြစ်မှားသောကြောင့် ထိုအရပ်၌ပင် သူ့ကို ငါစစ်ကြောစီရင်မည်။
သူ၏ဖခင်သည် ညီအစ်ကိုတို့ကို ရက်ရက်စက်စက်နှိပ်စက်၍ သူတို့၏ဥစ္စာကို မတရားလုယူပြီး မိမိလူမျိုးတို့တွင် မကောင်းသောအမှုကိုပြုကျင့်သောကြောင့် ကြည့်ရှုလော့။ သူသည် မိမိအပြစ်အတွက်သေရလိမ့်မည်။
သူကျူးလွန်ခဲ့သောအပြစ်များကို မှတ်ထားမည်မဟုတ်။ ဖြောင့်မတ်စွာပြုကျင့်သောကြောင့် သူသည် အသက်ချမ်းသာရာရမည်။
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုသို့ပြုသောကြောင့် သေရမည်။ စင်စစ် သူပြုခဲ့သောမကောင်းမှုကြောင့် သူသေရမည်။
ထို့ကြောင့် အချင်းလူသား၊ သင်သည် အစ္စရေးအမျိုးအနွယ်အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့၏ဘိုးဘေးတို့သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း၍ ငါ့အားစော်ကားပြောဆိုကြပြီ။
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။
သို့သော် ကင်းစောင့်သည် ဓားဘေးကျရောက်မည်ကို သိမြင်သော်လည်း တံပိုးကိုမမှုတ်ဘဲနေ၍ ပြည်သားတို့သည် သတိပေးခြင်းမခံရသဖြင့် ဓားဘေးကျရောက်၍ သူတို့အသက်ဆုံးသွားလျှင် သူသည် အပြစ်ကြောင့် သေသွားရသော်လည်း သူ့အသက်ကို ကင်းစောင့်ထံ ငါပြန်တောင်းမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
လူအပေါင်းတို့သည်လည်း ငါ့နာမကြောင့် သင်တို့ကိုမုန်းတီးကြလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။
တစ်ဖန် ကိုယ်တော်က“ငါသည်သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာလျက် ကိုယ့်အပြစ်၌သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိတို့အပြစ်များ၌သေကြလိမ့်မည်ဟု ငါဆိုခဲ့၏။ အကြောင်းမူကား ငါသည် ထိုအရှင်ဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့အပြစ်များ၌ သေကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ဤမျှလောက် မိုက်မဲကြသလော။ ဝိညာဉ်တော်အားဖြင့်အစပြုခဲ့ပြီးမှ ယခု သွေးသားဇာတိအားဖြင့် အဆုံးသတ်လိုကြသလော။
သင်တို့သည် ဤမျှလောက် များစွာသောဒုက္ခဝေဒနာကို အချည်းနှီးခံစားခဲ့ကြပြီလော။ ၎င်းသည် အမှန်ပင် အချည်းနှီးဖြစ်သလော။
သင်တို့သည် ကောင်းစွာပြေးခဲ့ကြ၏။ သမ္မာတရားကိုမလိုက်နာစေရန် မည်သူက သင်တို့ကို အနှောင့်အယှက်ပေးသနည်း။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
သင်တို့သည် ငါတို့လုပ်ဆောင်ခဲ့သောအရာကိုမဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကိုအပြည့်အဝခံစားရစေရန် မိမိတို့ကိုယ်ကိုသတိပြုကြလော့။
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။
ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။
“ရှောလုကို ဘုရင်တင်မြှောက်မိ၍ ငါဝမ်းနည်း၏။ သူသည် ငါ့စကားကို မနာခံ၊ ငါ့ထံမှလမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။ ထိုအခါ ရှမွေလသည် စိတ်မချမ်းမသာဖြစ်၍ ထာဝရဘုရားထံ တစ်ညလုံးအော်ဟစ်ဆုတောင်းလေ၏။